“
၂၈ ရက်နေ့အထိ စာရင်းတွေအရဆိုရင် အိုဟောင်းတင်သွင်းမှုက ဒေါ်လာ
၂၉၃သန်းကျော်ရှိနေပါပြီ။ အိုဟောင်းအပ်နှံမှု တွေအတွက်ကိုလည်း
ပါမစ်တွေထုတ်ပေးနေတုန်းပါပဲ”ဟု
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွန်ကြား ရေးမှူး
ဦးမင်းမင်းကပြောသည်။
အစားထိုးမော်တော်ယာဉ်တင်းသွင်းမှုကို (၁၉၉၆)မော်ဒယ်မှ အမြင့်ဆုံး (၂၀၀၆)မော်ဒယ်ရှိကားများအား တင်သွင်းခွင့်ပြု ထားကြောင်း သိရသည်။
“လက်ရှိအချိန်မှာတော့
အိုဟောင်းအပ်နှံမှုတွေလျော့လာတယ်လို့ သိရတယ်။ ကားနဲ့ပတ်သတ်တဲ့
ဖြေလျော့မှုတွေကို လည်း တစ်ဆင့်ပြီး တစ်ဆင့်လုပ်ပေးနေပါတယ်”
ဦးမင်းမင်းကပြောသည်။
လက်ရှိ
မေလ ၂၈ ရက်နေ့ထိ မော်တော်ယာဉ်တင်သွင်းမှုစာရင်းများအရ အိမ်စီးကား ၄၀၀၆၉
စီး၊ ခရီးသည်တင်ယာဉ် ၈၀၆ စီး၊ ကုန်တင်မော်တော်ယာဉ် ၂၆၀၉ စီးရှိပြီး
စုစုပေါင်း မော်တော်ယာဉ် တင်သွင်းမှုအရေအတွက် ၄၃၄၈၄ (လေးသောင်းသုံးထောင့်
လေးရရှစ်ဆယ့် လေး)စီးရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ
အစားထိုးယာဉ်တင်သွင်းမှုကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍
ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံကာ
အစားထိုးယာဉ်တင်သွင်းခွင့်ပါမစ်များထုတ်ပေးလျက်ရှိပြီး၊ လက်ရှိအချိန်တွင်
ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုမှာ အက္ခရာ (န)သို့ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင်
ပါမစ်မလိုပဲ ကားတင်သွင်းခွင့်ပြုခြင်းကြောင့်
ကားဟောင်းနှံမှုလျော့ကျသွားပြီး တင်သွင်းမှုလည်း သိသိသာ
သာလျော့နည်းသွားကြောင်း သိရှိရသည်။
“အခု
အရင်ကထက် ရာနှုန်းနဲ့ပြောလို့မရလောက်အောင်ကို
ယာဉ်အိုယာဉ်အပ်နှံကားတင်သွင်းသူ လျော့ကျသွားတယ်၊ ပါမစ်မလိုပဲ
ကားတင်သွင်းခွင့် ပြုနဲ့လည်း ဆိုင်မယ်ထင်တယ်”ဟု Grand Menber Centre
Serviceကုမ္ပဏီမှ ဦးစိုးလင်းထွန်းက ပြောသည်။
ကျော်ဇင်မန်း(မြစ်မခ)
No comments:
Post a Comment