“ကျွန်တော်တို့က UEFAကို တရားဝင်ဝယ်ထားတဲ့အတွက် ကျွန်တော်တို့ဒီဇိုင်းတွေကို တခြားလူတွေသုံးရင် တားမြစ်မယ်၊ မရရင် အရေးယူမယ်”ဟု Sky Net မှ ထုတ်လုပ်ရေးနှင့်ပြသရေးတာဝန်ခံ ကိုဝင်းနိုင်က ပြောသည်။
လာမည့် ဇူလိုင်လ(၁)နေ့တွင် ကျင်းပမည့် ဥရောပဖလား(UEFA EURO-2012) နောက်ဆုံးဗိုလ်လုပွဲအား ပိုလန်နိုင် ငံတွင် အခမဲ့ကြည့်ခွင့်ရမည့် အခွင့်အရေးအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးများမှ ကံထူးရှင်(၈)ဦး အား ဇွန်လ(၁) နေ့တွင် Sky Net ရုပ်သံလိုင်းမှ ရွေးချယ်ပေးခဲ့သည်။
မဲနှိုက်ရွေးချယ်ရာတွင် ကံထူးသူများမှာ မျိုးမင်းထက် (မန္တလေးတိုင်းဒေသကြီး) ၊ ကိုဝင်းဇော် (ဧရာဝတီ တိုင်းဒေသကြီး) ၊ ကိုကျော်မင်းမင်း (စစ်ကိုင်းတိုင်းဒေသကြီး) ၊ ကိုကျော်ထူးလှိုင် (ရန်ကင်းမြို့နယ်) ၊ ဦးတင်အေး ( ပဲခူးမြို့နယ်) ၊ ကိုငြိမ်းချမ်းဦး (ရခိုင်ပြည်နယ်) ၊ ညီညီအောင် (တောင်ကြီး) ၊ ကိုသီဟဇင်(တောင်ဥက္ကလာမြို့နယ်)တို့ဖြစ်သည်။
Sky
Net မှ ဥရောပဖလား(UEFA EURO-2012) ဘောလုံးပြိင်ပွဲအား ဂြိုလ်တုမှတဆင့်
မြန်မာနိုင်ငံတစ်ဝှမ်း တောင်တန်း ၊မြေပြန့်၊ကမ်းရိုးတန်းဒေသများပါမကျန်
ဇွန်လ(၈)ရက်နေ့ အုပ်စုပွဲများမှ စတင်ထုတ်လွှင့်မည်ကာ ဇူလိုင်လ(၁)ရက်နေ့
ဗိုလ်လုပွဲစဉ်အထိ ပွဲပေင်း(၃၁)ပွဲအား တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။
အဆိုပါယူပွဲနှင့်ပတ်သက်၍
ကုန်အမှတ်တံဆိပ်များ LOGO ၊ Mascot (လာဘ်ကောင်)များ၊ ဒီဇိုင်းများကို
skynet မှ အပမြန်မာနိုင်ငံ တစ် ၀ှမ်းလုံးတွင်
အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ သုံးစွဲခွင့်၊ ရုပ်သံလွှင့်ခွင့်၊ ဈေးကွက်
အရောင်းမြှင့် တင်ခြင်းလုပ်ငန်းများတွင် သုံးစွဲခြင်း၊
လက်ကမ်းစာစောင်များတွင် ထည့်သွင်းခြင်း ပြုလုပ်ခွင့်မရှိကြောင်းနှင့်
ပြုလုပ်ခဲ့ပါက ဥပဒေအရအရေးယူသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
No comments:
Post a Comment