Friday, June 1, 2012

KIO နှင့် အစိုးရ ငြိမ်းအဖွဲ့ တရုတ်နယ်စပ်တွင် ထပ်မံ တွေ့ဆုံ

Ever November | 6/01/2012 09:39:00 PM | Best Blogger Tips
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့ သောကြာနေ့ကတရုတ်-မြန်မာနယ်စပ်မိုင်ဂျာနယ်မြို့တွင် လေးနာရီကျော်ကြာ
 တွေ့ဆုံခဲ့ကြ သည်။
မီးရထားဝန်ကြီး ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် ခြောက်ဦးနှင့် ဆရာကြီး ဆွမ်းလွတ်ဂမ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော KIO ကိုယ်စားလှယ် ခြောက်ဦးတို့ နံနက် ၈ နာရီမှ မွန်လွဲ ၁၂ နာရီကျော်ထိ
တွေ့ဆုံခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သော ဦးဂွမ်ဂျာက ပြောသည်။

“နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့အတွက် နှစ်ဖက် ချက်ချင်းတွေ့လိုက်ရင် မဖြစ်မှာစိုးလို့။ ခုတော့ အတွင်းကျကျ အလွတ်သဘော ဘာတွေ ဖြစ်ချင်တယ်ဆိုတာကို ဆွေးနွေးတယ်။ ပြီးမှ နိုင်ငံတော်အဆင့် သမ္မတပါဝင်တဲ့
ဆွေးနွေးမယ်” ဟု မဇ္စျိမကို ပြောသည်။

စားပွဲပေါ် နိုင်ငံရေးဆွေးနွေးရန်အတွက် နှစ်ဦးနှစ်ဖက် ယုံကြည်မှုရှိရန်အတွက် အစိုးရဘက်မှ ရှေ့တန်း ထိုးစစ်ဆင်နေမှုများ ရုပ်သိမ်းရန် KIO ဘက်မှ တင်ပြခဲ့သည်ဟု သူက ဆက်ပြောသည်။

“တဦးနဲ့တဦး ယုံကြည်မှု ရှိရမယ်။ ခုလို စစ်ကြောင်းတွေ ထိုးနေရင် မရဘူး။ ဒါကြောင့် စစ်တပ်ကို ရုပ်သိမ်းဖို့။ ပစ်ခတ်မှုတွေကို နှစ်ဖက် လျှော့သွားမယ်ဆိုရင် တဦးနဲ့ တဦး ယုံကြည်မှု ရသွားမှ စားပွဲပေါ် နိုင်ငံရေး ဆွေးနွေးရင်
ဖြစ်မယ်။ ရွှေလီမှာ ဆွေးနွေးတဲ့ စစ်မက် ဖြစ်ပွားနေတဲ့ နေရာဒေသကိစ္စတွေလည်း တဖြည်းဖြည်း ဆွေးနွေးသွားဖို့ တင်ပြတယ်” ဟု ပြောသည်။

အားလုံး ဆွေးနွေးမှုတွင် အစိုးရဘက်မှ တပ်စခန်း တပ်ရုပ်သိမ်းရေးကိစ္စ သဘောတူညီသည် အထိ ဆွေးနွေးသွားရေး တို့ကို KIO ဘက်မှ တင်ပြခဲ့ရာ အဆိုပါ တင်ပြချက်ကို အစိုးရဘက်မှ လုပ်ဆောင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက်
ဖြစ်ပွားခဲ့သည်။

KIO ဘက်မှ တင်ပြချက်များကို ဝန်ကြီး ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားပြီး မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို သုံး၊ လေးကြိမ် တွေ့ဆုံ ဆွေးနွေးပြီးနောက် နိုင်ငံတော်အဆင့် ဆွေးနွေးရန် ဆုံးဖြတ်မည်
ဖြစ်ကြောင်း ဦးဂွမ်ဂျာ က ဆိုသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်များအဖြစ် ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ လိုက်ပါခဲ့သလို၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးယွပ်ဇော်ခေါင်နှင့် ဦးဂွမ်ဂျာတို့လည်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ်များသည် မိုင်ဂျာယန်မှ ဗန်းမော်မြို့တွင် ရောက်ရှိနေပြီ
ဖြစ်ကြောင်း သိရသည်။

လာမည့် ဇွန် ၁ဝ ရက်မှ ၂ဝ ရက်အတွင်း နောက်တကြိမ် ပြန်လည် တွေ့ဆုံဖွယ် ရှိကြောင်း သိရသည်။

ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အလွှတ်သဘော တွေ့ဆုံခဲ့သေးသည်။

ထို့ပြင် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်မှ အနားယူသွားသည့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြိုကတွင် သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ယခုချိန်ထိ မရရှိသေးရှိပေ။
မဇ္စျိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1