Friday, June 8, 2012

မောင်တောအခြေအနေ ထိန်းသိမ်းနိုင်မည်ဟု သမ္မတရုံးပြော

Ever November | 6/08/2012 07:56:00 PM | Best Blogger Tips
ရခိုင်ပြည်နယ်မြောက်ဖျား ဘင်္ဂါးဒေ့ရှ်နိုင်ငံအနီးရှိ မောင်တောမြို့တွင် သောကြာနေ့ မနက်က စတင်ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးသို့ မဇ္ဈိမက 
ဆက်သွယ်မေးမြန်းရာ ထိန်းသိမ်းနိုင်မည့် အခြေအနေတွင်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ကျနော်တို့ တောက်လျှောက် အဆက်အသွယ်ရနေပါတယ်။ အခြေအနေက ထိန်းသိမ်းနိုင်တဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ အခြေအနေကို သတင်း ထုတ်ပြန်ပေးဖို့လည်း အစီအစဉ် လုပ်နေပါတယ်” ဟု သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အချက်အလက်များ ရရှိခြင်း ရှိမရှိ မဇ္ဈိမက ဆက်လက်မေးမြန်းခဲ့ရာ လက်ရှိ အခြေအနေတွင် စီစဉ်ဆောင်ရွက်ဆဲ အနေအထားသာ ဖြစ်ပြီး မကြာမီ သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး က ပြန်လည်ဖြေဆိုသည်။

မဇ္ဈိမက စုံစမ်းရရှိထားသမျှမှာ သောကြာနေ့ နံနက်ပိုင်းမှ စတင်ကာ မောင်တောမြို့တွင် အစ္စလာမ်ဘာသာဝင် ၇၀၀ ခန့်၏ ဆူပူမှု စတင်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု သိရသည်။

“ကျနော်တို့က ကြောက်နေရတယ်ဗျ။ ညဘက်ကို ဘယ်လိုလုပ်မလဲ မသိဘူး။ ညဘက်ကို ကျနော်တို့ တော်တော်လေး စိုးရိမ်တယ်။ အိမ်တွေ၊ ဆိုင်တွေတော့ အကုန် တံခါး ပိတ်ထားတယ်။ သတင်းတွေ နားစွင့်နေကြတယ်” ဟု မောင်တောမြို့ တည်းခိုခန်းတခုတွင် တည်းခိုနေသည့် ရခိုင်လူမျိုးတဦးက မဇ္ဈိမကို ပြောသည်။

မောင်းတောမြို့ရှိ သဇင် တည်းခိုခန်းအပါအဝင် ကျေးရွာများလည်း မီးရှို့ဖျက်ဆီးခံရသည်ဟု မဇ္ဈိမက သီးခြား စုံစမ်းသိရှိရသည်။

မောင်းတောမြို့နယ်တွင် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များမှာ လူနည်းစုဖြစ်ပြီး လက်ရှိအချိန်တွင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်နေသဖြင့် လူနည်းစု ရခိုင်များ၏ အခြေအနေကို စိုးရိမ်နေရ၍ အာဏာပိုင်များ အနေဖြင့် အခြေအနေကို အမြန်ဆုံး ထိန်းကွပ်ပေးစေလိုကြောင်း မောင်းတော အခြေအနေကို စောင့်ကြည့်နေသည့် စစ်တွေမြို့မှ ရခိုင်လူမျိုးတဦးက ပြောသည်။

ယခု မောတောမြို့ ဆူပူမှုမှာ ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ်က သတ်ဖြတ်ခဲ့မှုကြောင့် မွတ်ဆလင်များ မကျေမချမ်း တင်းမာလာရာမှ နောက်ဆက်တွဲ
ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် သပြေချောင်းရွာသူ မသီတာထွေး (အသက် ၂၆ နှစ်)မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ သံသယရှိသူ အစ္စလာမ်ဘာသာဝင် လူငယ်သုံးဦးအား သက်ဆိုင်ရာမှ ဖမ်းဆီးထားသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်တွင်း မတရားမှုများကို စုံစမ်းဖော်ထုတ် အရေးယူရန်အတွက် “စုံစမ်းရေးကော်မရှင်” တရပ်ကို ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်၍ ဇွန်လ ၇ ရက်နေ့က ဖွဲ့စည်းထားသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1