ပလာတီနီက ပြိုင်ပွဲတွေမှာ လူမျိုးရေး ခွဲခြားမှု ဖြစ်ပွားပါက
ဒိုင်လူကြီးက ပြိုင်ပွဲကို ရပ်ပြီး ပြဿနာကို ဖြေရှင်းနိုင်ကြောင်း ၊
ပိုလန် နဲ့ ယူကရိန်း နိုင်ငံတွေမှာ လူမျိုးရေး ခွဲခြားမှုတွေ
ပေါ်ပေါက်နေတယ်လို့ သတင်း ထွက်နေကြောင်း ၊ မိမိတို့ဟာ လူမျိုးရေး
ခွဲခြားမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ အများအပြား ပြုလုပ်နေပေမယ့် ဒီကိစ္စဟာ
လူအဖွဲ့အစည်း အပေါ်မှာ တာဝန်ရှိကြောင်း ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို
ထိန်းသိမ်းနိုင်ဖို့ဆို တာ မလွယ်ကြောင်း ၊ နိုင်ငံတွေဟာ အတိတ်က
ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြား ပြဿနာ အနည်းငယ်
ရှိကြောင်း ၊ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်အဖြစ် လက်ခံ
ကျင်းပမယ့် ပိုလန်နဲ့ယူကရိန်း နိုင်ငံတို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ
ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပလာတီနီက လူမျိုးရေး ခွဲခြားမှုများဟာ ပိုလန်နဲ့ယူကရိန်း
နိုင်ငံတို့မှာသာ ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ၊ အမေရိကန် ၊ အင်္ဂလန်နဲ့
ပြင်သစ် နိုင်ငံတွေမှာလည်း လူမျိုးရေး ခွဲခြားမှုတွေ ရှိကြောင်း ထပ်မံ
ပြောဆိုခဲ့ပါတယ်။ ယူကရိန်း နိုင်ငံ သမ္မတ ယာနူကိုဗက်ခ်ျက ယူရို ပြိုင်ပွဲမှာ
ဆိုးသွမ်းတဲ့ ပရိသတ်တွေကြောင့် လူမျိုးရေး ခွဲခြားမှု ပေါ်ပေါက်မှာကို
စိုးရိမ်မိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
MRTV4
No comments:
Post a Comment