Friday, June 1, 2012

ဖိလစ်ပိုင်နိုင်ငံမှ ကလေးလုပ်အား အမြတ်ထုတ်မှုကို လျှော့ချမည်

Ever November | 6/01/2012 10:11:00 PM | Best Blogger Tips
ဖိလစ်ပိုင်အစိုးရဟာ နိုင်ငံအတွင်း ကလေးသူငယ်တွေရဲ့ လုပ်အားအမြတ်ထုတ်မှုကို ၂၀၁၅ခုနှစ်မှာ ၇၅ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖိလစ်ပိုင် လုပ်သားဦးစီးဌာနမှ အတွင်းရေးမှူး  Rosalinda Baldoz က အမေရိကန်ပြည်ထောင်စုမှ ရန်ပုံငွေပံ့ပိုးပေးထားတဲ့ ABK3 LEAP  စီမံချက်ကို သဘောတူ လက်မှတ်ရေးထိုးရာမှာ အခုလို ကတိပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စီမံချက်ဟာ ၄နှစ်ကြာမြင့်မှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ကြံစိုက်ခင်းတွေထဲမှာ ကလေးသူငယ်တွေရဲ့ လုပ်အားအမြတ်ထုတ်မှုကို လျှော့ချနိုင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်မှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ကလေးသူငယ်များရဲ့ လုပ်အား အမြတ်ထုတ်မှု ကင်းစင်တဲ့ နယ်မြေဖြစ်စေဖို့ အဓိကဦးတည်ထားကြောင်း Baldoz က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO  ကို ၂၀၁၅ခုနှစ်မှာ ကလေးလုပ်အား အမြတ်ထုတ်မှုကို ၇၅ရာခိုင်နှုန်း လျှော့ချဖို့ ဖိလစ်ပိုင်အစိုးရမှ ကတိပြုခဲ့တာကိုလည်း Baldoz က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင် လုပ်သားဦးစီးဌာနမှာ ကလေးလုပ်သား အသုံးပြုတဲ့ ကျေးရွာ ၇၆ရွာရဲ့ အမည်စာရင်းကို ပြုစုထားပြီးဖြစ်ကြောင်း သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1