ကျေနပ်လျက် ရှိကြောင်း သတင်း ရရှိပါတယ်။
ဂျပန် အသင်းမှ ကာဂါရဲ့ ကစားဖော်တွေဟာ ကာဂါဝါ အတွက် ကျေနပ်နေကြတာ
ဖြစ်ပြီး ဂျပန် နိုင်ငံသား တစ်ယောက် အနေနဲ့ မန်ယူ အသင်းမှာ ကစားခွင့်
ရရှိခြင်းကို ဂုဏ်ယူနေကြတာလည်း ဖြစ်ပါတယ်။ ဂျပန် အသင်းရဲ့ အသင်းခေါင်းဆောင်
စီဘီကလည်း ကာဂါဝါဟာ ဂျပန် နိုင်ငံအတွက်တော့ ဂုဏ်ယူစရာပင် ဖြစ်ကြောင်း ၊
သူ့ရဲ့ အိပ်မက်တွေဟာလည်း အမှန်တစ်ကယ် ဖြစ်လာခဲ့ကြောင်း ၊ ပြောကြားခဲ့တာ
ဖြစ်ပါတယ်။
ဆက်လက်ပြီး ဟွန်ဒါကလည်း ကာဂါဝါ အတွက် အလွန်ကို ၀မ်းသာမိကြောင်း ၊
မိမိကိုယ်တိုင် ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ၊ သူ့အတွက်ကို
ဂုဏ်ယူမိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာဂါဝါဟာ
ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိခဲ့တဲ့ ၅ ယောက်မြောက် ဂျပန် ကစားသမား
ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ကာဂါဝါ မတိုင်ခင် ဂျပန် ကစားသမားတွေ အဖြစ်
အီနမိုတိုဟာ အာဆင်နယ် အသင်းမှာ ကစားခဲ့သလို ကာဇူယူကီတော့ စပါး အသင်း ၊
ဂျပန် အသင်းရဲ့ ဂန္တ၀င် ကစားသမား နာကာတာကလည်း ဘော်လ်တန် အသင်း ၊ မိယာအီချီက
အာဆင်နယ် အသင်းတို့မှာ ကစားနေကြတာ ဖြစ်ပါတယ်။ မန်ယူ အသင်းကလည်း အသင်းရဲ့
သမိုင်းတစ်လျှောက်မှာတော့ အသင်းရဲ့ ပထမဦးဆုံး ဂျပန် ကစားသမား အဖြစ်
ကာဂါဝါကို ခေါ်ယူခဲ့ တာ ဖြစ်ကြောင်းလည်း သတင်း ရရှိပါတယ်။
MRTV4


No comments:
Post a Comment