Friday, June 8, 2012

၂၄ နာရီအတွင်း လက်နက် မချလျင် စစ်ရေးအရ တိုက်ခိုက်မည်ဟု ဆီးရီးယားဆို

Ever November | 6/08/2012 01:07:00 PM | Best Blogger Tips
နိုင်ငံရပ်ခြားမှ ကျောထောက် နောက်ခံ ပေးနေသော အစိုးရ ဆန့်ကျင်ရေး သမားများ အနေဖြင့် ၂၄ နာရီအတွင်းလက်နက်မချပါကဆီးရီးယား နိုင်ငံအနေဖြင့်စစ်ရေးအရတိုက်ခိုက်မှု ပြုလုပ်သွားမည်
 ဖြစ်ကြောင်း ဆီးရီးယား အစိုးရမှ ထုတ်ပြန် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမည်မဖော်လိုသည့် အချက်အလက်များ အရ  သတင်းပေး တစ်ဦး၏ အပြောကို ကိုးကားပြီး presstv သတင်းတွင် ဖော်ပြရာ၌ သမ္မတ ဘာရှာအယ်လ်အာဆက်မှာ ယခုလို ကိစ္စကို ကုလသမ္မဂ္ဂ ကိုယ်စားလှယ် ဖြစ်သော ကိုဖီအာနန်ထံသို့ သတိပေးချက် ပါဝင်သည့် စာတစ်စောင်ကို ပေးပို့လိုက်ကြောင်းလည်း သိရသည်။ သတင်းများ အရ လက်ရှိတွင် ကုလသမ္မဂ္ဂမှ စောင့်ကြည့် လေ့လာသူ ၂၈၀ မှာ ဆီးရီးယားသို့ ရောက်ရှိနေပြီး အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နေကြကာ လွန်ခဲ့သည့် မတ်လက ကိုဖီအာနန်မှ ချမှတ်ခဲ့သော အချက် ခြောက်ချက်ပါ သဘောတူညီချက်ကို အကောင်အထည် ဖော်နေခြင်းလည်း ဖြစ်သည်။

အဆိုပါ စာတွင် ရေးသား ဖော်ပြရာ၌ ဆီးရီးယားရှိ အစိုးရ ဆန့်ကျင်ရေး အဖွဲ့များမှာ ၂၄နာရီ အတွင်း အပစ်အခတ် မရပ်စဲပါက အစိုးရ အနေဖြင့် စတင် ထိုးစစ် ဆင်တော့မည် ဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ ယခုလို ဖြစ်ရပ်အတွက် ကုလသမ္မဂ္ဂမှ တုံ့ပြန် ပြောကြားမှု မရှိသေးကြောင်းလည်း သိရသည်။ ဆီးရီးယား နိုင်ငံ တွင် အကြမ်းဖက်မှုများမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကာ လူများစွာမှာ ယခင် နှစ်အတွင်းက သေဆုံးခဲ့ရပြီးလည်း ဖြစ်သည်။
presstv.ir

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1