Friday, June 1, 2012

နာမည်ပျက်စာရင်း ကြေညာရန် အသိပေးကြော်ငြာခံရသည့် ရွှေလုပ်ငန်းရှင်များနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမည်

Ever November | 6/01/2012 09:35:00 PM | Best Blogger Tips
သတ်မှတ်ရက်အတွင်း ရွှေ ကြွေးကျန် ပေးသွင်းခြင်းမရှိပါက နာမည်ပျက်စာရင်း ကြေညာရန် အစိုးရ သတင်းစာမှတစ်ဆင့်အသိပေး ကြော်ငြာခံရသည့် ရွှေလုပ်ငန်းရှင်များနှင့်သတ္တုတွင်းဝန်ကြီးဌာနတို့
 နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်အချို့ထံမှ သတင်းရရှိပါသည်။
သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂)သတ္တုတွင်းလုပ်ငန်းမှ အသိပေး ကြော်ငြာချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွှေသတ္တု အသေးစား တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ ၃၀၀ ၀န်းကျင် ပါဝင်ခဲ့ပြီး မေလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ရွှေ ကြွေးကျန် ပေးသွင်းခြင်းမရှိပါက နာမည်ပျက်စာရင်း(black list) ကြေညာမည်ဖြစ်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

''ဇွန်လ ၄ ရက်နေ့ နေပြည်တော်မှာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ကျွန်တော်တို့ ရွှေလုပ်ငန်းရှင်တွေ တွေ့မယ်။ အားလုံးတစ်ပြိုင်နက် တွေ့မယ်ထင်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်က black list ကြေညာမယ့်စာရင်းမှာ ပါတဲ့သူအား လုံးလည်း ပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာကတော့ လောလောဆယ် မသိရသေးဘူး။ ဒါပေမယ့် ဒီရွှေကြွေးကျန်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမယ်ထင်ပါတယ်''ဟု ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်လုပ်ကွက်မှ ရွှေတူးဖော်ရေးလုပ်ငန်းရှင်က ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက် နေ့က ပြောပြသည်။
ရွှေသတ္တုအသေးစား တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် လုပ်ငန်းစာချုပ်ပါ သဘောတူညီချက်များအတိုင်း နိုင်ငံတော်သို့ ပေးသွင်းရမည့် ၁၄ ပဲရည်နှင့်အထက် ရွှေစင်သတ္တုများအား သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်းပေးသွင်းခြင်း၊ လုံးဝပေးသွင်းမှု မရှိခြင်းတို့ကြောင့်  နိုင်ငံတော်သို့ ရွှေစင်သတ္တုများ ပေးသွင်းရန် ကျန်ရှိနေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အကြောင်းကြားခဲ့ကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွက် ၁၆ ပဲရည် ရွှေစင်သတ္တုများကို ပေးသွင်းရန် အချို့သော ကုမ္ပဏီများမှ ကျန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ယင်းသို့ ကြော်ငြာခြင်းဖြစ်သည်ဟု ထုတ်ပြန်အသိပေးချက်အရ သိရှိရသည်။
ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများသည် 'ရွှေထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများအတွက် သတိပေးကြေညာချက်အား ရွှေသတ္တု ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူ စာချုပ်ပါ အကြောင်းအရာများနှင့်အညီ ဖြေလျော့ ပေးပါရန် အသနားခံတင်ပြခြင်း'ဟူသော အကြောင်းအရာဖြင့် နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့က အသနားခံစာတင်ခဲ့ကြောင်း သိရှိရသည်။

အသိပေးကြော်ငြာမှုတွင် ပါရှိသည့် ရွှေထုတ်လုပ်မှုလုပ်ငန်း၊ ကုမ္ပဏီများတွင် ကချင်ပြည်နယ်ရှိ ကုမ္ပဏီ ၁၀၄ ခု၊ ကရင်ပြည်နယ်ရှိ ကုမ္ပဏီ ကိုးခု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုမ္ပဏီ ၁၁၅ ခု၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကုမ္ပဏီနှစ်ခု၊ ပဲခူးတိုင်းဒေသကြီးရှိ ကုမ္ပဏီခုနစ်ခု၊ မန္တ လေးတိုင်းဒေသကြီး(စဥ့်ကူးမြို့နယ်)တွင် ကုမ္ပဏီ ၁၅ ခု၊ မန္တလေး တိုင်းဒေသကြီး(ရမည်းသင်းမြို့နယ်) တွင် ၂၁ ခု၊ မန္တလေးတိုင်းဒေသ ကြီး(သပိတ်ကျင်းမြို့နယ်)တွင် ကုမ္ပဏီ ၁၄ ခု၊ မန္တလေးတိုင်းဒေသကြီး(သာစည်မြို့နယ်)တွင် ကုမ္ပဏီတစ်ခု၊ မွန်ပြည်နယ်တွင် ကုမ္ပဏီလေးခု၊ ရှမ်းပြည်နယ်တွင် ကုမ္ပဏီကိုးခု ပါဝင်ခဲ့သည်ဟု သိရှိ ရသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းမှု စာချုပ်များဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ပြီး ဧက ၂၀ လုပ်ကွက်တစ်ကွက်လျှင် တစ်လ ရွှေနှစ်ကျပ်သားနှုန်းဖြင့် တစ်နှစ်လျှင် ရွှေ ၂၄ ကျပ်သား ပေးသွင်းရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1