Friday, June 1, 2012

ရော်ဂျာကို နည်းပြ ခန့်အပ်ခြင်းဟာ စွန့်စားမှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည့် လောရန်ဆင်

Ever November | 6/01/2012 09:11:00 PM | Best Blogger Tips
လီဗာပူးလ် အသင်းရဲ့နောက်ခံ ကစားသမားဟောင်း မာ့ခ်လောရန်ဆင်ဟာ လီဗာပူးလ် အသင်းမှ ဆွမ်ဆီးနည်းပြဘရန်ဒန်ရောဂျာကိုနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းဟာစွန့်စားမှုတစ်ခု ဖြစ်ကြောင်း ပြောကြား သွားပါတယ်။ လီဗာပူးလ် အသင်းဟာ နည်းပြဟောင်း ကင်နီဒဲလ်ဂလစ်ရှိကို ထုတ်ပယ်ခဲ့ကာ ဆွမ်ဆီး နည်းပြ ရော်ဂျာကို ၃ နှစ် စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

အစက လီဗာပူးလ် အသင်းနည်းပြ နေရာအတွက် ယခင် နည်းပြဟောင်း ဘင်နီတက်စ် ၊ ၀ီဂန်နည်းပြ မာတီနက်စ်တို့ဟာ ရေပန်းစားနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ် အသင်းဟာ ဆွမ်ဆီး အသင်းရဲ့ နည်းပြ ဘရန်ဒန်ရော့်ဂျာကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပြီး ရော်ဂျာဟာ ဆွမ်ဆီး အသင်းကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ အပြီးမှာ အဆင့် ၁၁ နေရာနဲ့ အဆုံးသတ်အောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို လီဗာပူးလ် အသင်းက ဆွမ်ဆီးနည်းပြ ရော်ဂျာကို နည်းပြသစ် ခန့်အပ်လိုက်ခြင်း အပေါ် ယခင် လီဗာပူးလ် နောက်ခံ ကစားသမားဟောင်း မာ့ခ်လောရန်ဆင်က ဒါဟာ ရော်ဂျာ အတွက်တော့ ကြီးမားတဲ့ ခန့်အပ်မှုကြီး တစ်ခုဖြစ်ကြောင်း ဒါပေမယ့် လီဗာပူးလ် အသင်း အတွက်ကတော့ ကြီးမားတဲ့ စွန့်စားမှုကြီး တစ်ခု ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

ဘရန်ဒန်ရော်ဂျာဟာ ရီးဒင်း အသင်းနဲ့ ချဲလ်ဆီး အသင်း တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာတော့ ၀က်ဖို့ဒ် အသင်းကို ပြောင်းရွှေ့ ကိုင်တွယ် ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်မှာ ရီးဒင်း အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ဆွမ်ဆီး အသင်းကို ကိုင်တွယ်ကာ ပရီးမီးယားလိဂ် တန်းတက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆွမ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိတဲ့  ပထမဆုံး ဝေးလ်အခြေစိုက် အသင်း တစ်သင်း ဖြစ်ခဲ့ရပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ အဆင့် ၁၁ နေရာနဲ့ ပြီးဆုံးအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွမ်ဆီး အသင်း နည်းပြဟောင်း ဖြစ်တဲ့ ရော်ဂျာနဲ့ပက်သတ်ပြီး လောရန်ဆင်က လီဗာပူးလ် ပရိသတ်များဟာ ရော်ဂျာကို အခွင့်အရေးများ ပေးသွားမှာ ဖြစ်ကြောင်း ဒါပေမယ့် ရော်ဂျာဟာလည်း နောက်နှစ် ရာသီ ပြီးဆုံးချိန်မှာ ပရိသတ်များ ကျေနပ်စေလောက်မယ့် ရလဒ်မျိုးကို ရှာဖွေပေးရမှာ ဖြစ်ကြောင်း ၊ ဒါမှသာ အသင်းမှာ ရေရှည် ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့တယ်လို့ သိရှိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1