Friday, June 1, 2012

DNA တွင် အချက်အလက်များ သိမ်းဆည်းနိုင်မည့်နည်းလမ်းကို သုတေသီများရှာဖွေတွေ့ရှိ

Ever November | 6/01/2012 10:14:00 PM | Best Blogger Tips
လူ့သက်တမ်းတစ်လျှောက် အသက်ရှိနေစဉ်အတွင်း ကိုယ်တွင်းမှ DNA ဆဲလ်များပေါ်တွင် အချက်အလက်များကို ထပ်ပြန်တလဲလဲ သိမ်းဆည်းမှတ်သားထားနိုင်မည့် နည်းလမ်းတစ်ခုကို
 Stanford တက္ကသိုလ်မှ ဇီဝသုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

ယင်းနည်းလမ်းသည် အချိန်အတိုင်းအတာတစ်ခုအတွက် အချက်အလက်ပမာဏအနည်းငယ်ကိုသာ လုပ်ဆောင်နိုင်သော်လည်း ၎င်းသည် ကွန်ပျူတာစနစ်အတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အပြင် ဇီဝကွန်ပျူတာဖန်တီးရန်အတွက်လည်း အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း သုတေသီများကဆိုသည်။ အခြေခံတွက်ချက်မှုများကို ခန္ဓာကိုယ်တွင်းမှဆဲလ်များက ပြုလုပ်နိုင်ကြတော့မည်ဖြစ်ကြောင်း အဆိုပါသုတေသနလုပ်ငန်းတွင်ပါဝင်ခဲ့သည့် သုတေသီတစ်ဦးဖြစ်သူ Jerome Bonnet က သိပ္ပံစာစောင်တစ်ခုသို့ ပြောကြားခဲ့သည်။ DNA တွင် အချက်အလက်များကို သိမ်းဆည်းရန်အတွက် လုံလောက်မှုရှိသည့်နေရာပမာဏရှိပြီး မျိုးစိတ် ၂၀-၂၅,၀၀၀ အစုအဝေးမှ တစ်စုံစီတွင် အခြေခံဆဲလ် ၃.၂ သန်းစီရှိကြောင်း သိရသည်။ DNA ပေါ်တွင် အချက်အလက်ပမာဏ 800 gigabytes သိမ်းဆည်းမှုပြုလုပ်နိုင်မည်ဖြစ်ပြီး အချက်အလက်များကို ရေးသားခြင်း၊ ဖတ်ရှုခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ သိပ္ပံပညာရှင်များသည် Re-combinant Addressable Data (RAD) ဟုခေါ်ဆိုသည့် စနစ်တစ်ခုကိုအသုံးပြုကြပြီး အဆိုပါစနစ်သည် ဆဲလ်မျိုးပွားနေစဉ်အတွင်း အချက်အလက်များကို မှတ်သားသိမ်းဆည်းပေးထားမည်ဖြစ်သည် ထို့ပြင် အချက်အလက်များစွာကို ကြိမ်ဖန်များစွာ ရေးသားသိမ်းဆည်းခြင်း ပြုလုပ်နိုင်မည်ဟု သိရသည်။ 
ရေးသားသူ -ဟေမာ
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1