Friday, June 1, 2012

EURO 2012 ဘောလုံးပြိုင်ပွဲအား Sky Net မှ ဇွန်လ(၈)ရက်နေ့မှ စတင်ထုတ်လွင့်ပြသမည်

Ever November | 6/01/2012 10:34:00 PM | Best Blogger Tips
UEFA EURO 2012 ဘောလုံးပြိုင်ပွဲကြီးအား Sky Net ရုပ်သံမှ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့်၊ ဗီဒီယိုကူးယူဖြန့်ချိန်ခွင့်၊ ထပ်ဆင့်ထုတ်လွှင့်ခွင့်နှင့် ပြိုင်ပွဲတွင်းအသုံးပြုလျှက်ရှိသောကုန်အမှတ်    တံဆိပ်များ အမှတ်အသားများ Mascot များ ၊ Logo များ ဒီဇိုင်းများ အားလုံးအား Sky Net ရုပ်သံ မှ တစ်ဦးတည်းမူပိုင်အဖြစ် တရာဝင်အသုံးပြုခွင့်ကို UEFA အဖွဲ့အစည်းထံမှ တိုင်ရိုက်စာချုပ်ချုပ်ဆိုထား ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က UEFAကို တရားဝင်ဝယ်ထားတဲ့အတွက် ကျွန်တော်တို့ဒီဇိုင်းတွေကို တခြားလူတွေသုံးရင် တားမြစ်မယ်၊ မရရင် အရေးယူမယ်”ဟု Sky Net မှ ထုတ်လုပ်ရေးနှင့်ပြသရေးတာဝန်ခံ ကိုဝင်းနိုင်က ပြောသည်။

လာမည့် ဇူလိုင်လ(၁)နေ့တွင် ကျင်းပမည့် ဥရောပဖလား(UEFA EURO-2012) နောက်ဆုံးဗိုလ်လုပွဲအား ပိုလန်နိုင်  ငံတွင်      အခမဲ့ကြည့်ခွင့်ရမည့် အခွင့်အရေးအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးများမှ ကံထူးရှင်(၈)ဦး အား ဇွန်လ(၁) နေ့တွင် Sky Net ရုပ်သံလိုင်းမှ  ရွေးချယ်ပေးခဲ့သည်။  
 

မဲနှိုက်ရွေးချယ်ရာတွင် ကံထူးသူများမှာ မျိုးမင်းထက် (မန္တလေးတိုင်းဒေသကြီး) ၊  ကိုဝင်းဇော် (ဧရာဝတီ တိုင်းဒေသကြီး) ၊ ကိုကျော်မင်းမင်း (စစ်ကိုင်းတိုင်းဒေသကြီး) ၊ ကိုကျော်ထူးလှိုင် (ရန်ကင်းမြို့နယ်) ၊ ဦးတင်အေး ( ပဲခူးမြို့နယ်) ၊ ကိုငြိမ်းချမ်းဦး (ရခိုင်ပြည်နယ်) ၊ ညီညီအောင် (တောင်ကြီး) ၊ ကိုသီဟဇင်(တောင်ဥက္ကလာမြို့နယ်)တို့ဖြစ်သည်။
 
Sky Net မှ ဥရောပဖလား(UEFA EURO-2012) ဘောလုံးပြိင်ပွဲအား ဂြိုလ်တုမှတဆင့် မြန်မာနိုင်ငံတစ်ဝှမ်း   တောင်တန်း ၊မြေပြန့်၊ကမ်းရိုးတန်းဒေသများပါမကျန် ဇွန်လ(၈)ရက်နေ့ အုပ်စုပွဲများမှ စတင်ထုတ်လွှင့်မည်ကာ ဇူလိုင်လ(၁)ရက်နေ့ ဗိုလ်လုပွဲစဉ်အထိ ပွဲပေင်း(၃၁)ပွဲအား တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။
 
အဆိုပါယူပွဲနှင့်ပတ်သက်၍ ကုန်အမှတ်တံဆိပ်များ LOGO ၊ Mascot (လာဘ်ကောင်)များ၊ ဒီဇိုင်းများကို skynet မှ  အပမြန်မာနိုင်ငံ တစ်  ၀ှမ်းလုံးတွင် အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ သုံးစွဲခွင့်၊ ရုပ်သံလွှင့်ခွင့်၊   ဈေးကွက် အရောင်းမြှင့် တင်ခြင်းလုပ်ငန်းများတွင် သုံးစွဲခြင်း၊ လက်ကမ်းစာစောင်များတွင် ထည့်သွင်းခြင်း ပြုလုပ်ခွင့်မရှိကြောင်းနှင့် ပြုလုပ်ခဲ့ပါက ဥပဒေအရအရေးယူသွား မည်ဖြစ်ကြောင်း   သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1