Tuesday, July 3, 2012

ယခင်က မအောင်မြင်ခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီးအား စင်္ကာပူကုမ္ပဏီအကူအညီဖြင့် ပြန်ဆယ်မည်

Ever November | 7/03/2012 08:39:00 AM | Best Blogger Tips
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းဆုံရာအလယ်တွင် နှစ်ပေါင်း (၄၀၀)ကျော် နစ်မြုပ်ခဲ့သော ဓမ္မစေတီ ခေါင်းလောင်းကြီးအား စင်္ကာပူမှ SD Mark International LLP ကုမ္ပဏီ၏ ဒေါ်လာ(၁၀)သန်း အကူအညီဖြင့် ခေါင်းလောင်းကြီးအား   ပြန်လည်ဆယ်ယူ မည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲက သိရှိရသည်။
 
နံနက်(၉း၀၀)နာရီ ဇွန်လ(၃၀)ရက်နေ့ Chatrium Hotel တွင် “သမိုင်းအမွေ အနှစ်ဖြစ်သော ဓမ္မစေတီခေါင်း လောင်းဆယ်ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
 
“အလုပ်ရုံဆွေးနွေးပွဲမှ ခေါင်းလောင်းကြီးပြန်လည်ရှာဖွေရေး၊ဆယ်ယူရေး၊ သယ်ယူပြောင်းရွှေ့ရေးတို့အတွက်   ကောင်းမွန်သော အကြံဥာဏ်များ၊ နည်းလမ်းများရရှိမည်ဟု ယုံကြည်ပါကြောင်း အထူးသဖြင့် ဤအလုပ်ရုံ ဆွေးနွေးပွဲတွ င်   ခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိရေးကို အဓိကဦးတည်မည်ဖြစ်ကြောင်း ရရှိလာသည့် အကြံ ဥာဏ်၊ နည်းလမ်းများကို အခြေခံပြီး လက်တွေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အသုံပြုမည့် နည်းလမ်း များကိုချမှတ်သွားမည်ဖြစ်ပြီး ဆောင်ရွက်မည့်နည်းလမ်းအလိုက် ခေတ်မှီစက်ပစ္စည်း ကိရိယာများ အသုံး ပြုနိုင်ရန် စီစဉ်သွားမည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုလည်း   မျှော်မှန်းထားပါကြောင်း ” ပြန်ကြားရေးဝန်ကြီးဋ္ဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ အလုပ်ရုံ ဆွေးနွေးပွဲတွင်  အမှာစကားပြောကြားခဲ့သည်။
 
အဆိုပါ အလုပ်ရုံဆွေနွေးပွဲတွင် SD Mark International LLP ကုမ္ပဏီမှ Mr.Dean Lim မှ ရေအောက်ပစ္စည်း ဆယ်ယူမှု အတွေ့အကြုံများရှင်းလင်းပြောကြားခဲ့ပြီး ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုနှင့်ပတ်သတ်၍အောက်ပါ အတိုင်းပြောကြားခဲ့သည်။
 
“အချိန်မည်မျှကြာမည်ကို မသိရှိကြောင်း၊ အစိုးရနှင့် ညှိုနှိုင်းမှုများပြုလုပ်ပြီးလျှင် စတင်ဆယ်ယူမည်ဖြစ်ကြောင်း ဆယ်ယူပြီးလျှင်   ရွှေတိဂုံဘုရားပေါ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဆယ်ယူရာနှင့် ပို့ဆောင်ရာတွင်လည်း အခက် အခဲများရှိနိုင်မည်”ဟု ၎င်းက ဆိုသည်။
 
အဆိုပါ ခေါင်းလောင်းကြီးအား ယခင်က ဆယ်ယူရန်ကြိုးပမ်းမှုများရှိခဲ့ပြီး အောင်မြင်ရှိခဲ့ခြင်းမရှိကြောင်း ကိုလည်း   လေ့လာသူ တို့ကဆိုသည်။
 
ယခုအကြိမ်တွင် ဆယ်ယူရေးနှင့်သယ်ယူရေးကိစ္စများကို နည်းပညာအကူညီများရယူကာ   ဆောင်ရွက်သွားမည်   ဖြစ်ပြီး   မြစ်ကြောင်း၏ ရေစီးရေလာကို ထိခိုက်ပျက်စီးမှုမရှိအောင် ရေကြောင်းသွားလာမှုနှင့် သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်အောင် လေ့လာသုံးသပ်စီမံသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
ဓမ္မစေတီမင်းကြီးမှ သက္ကရာဇ် (၈၃၇)ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး ခေါင်းလောင်း၏ ဘွဲ့တော်မှာ အ၀ိန္ဒခေါင်းလောင်း တော်ဖြစ်ပြီး အလေးချိန်မှာ ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀) ရှိပြီး ဒေါ်ပုံမြစ်လည် သက္ကရာဇ် (၉၇၄)ခုနှစ်တွင် စတင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း (၄၀၀)ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။ 
ထွန်းနေအောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1