Tuesday, July 3, 2012

SMS, Email တို့ဖြင့် မဲပေးနိုင်မည့် ရင်ထဲကအကယ်ဒမီအစီအစဉ်သစ် မြ၀တီဒီဂျစ်တယ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ရန်စီစဉ်

Ever November | 7/03/2012 07:26:00 PM | Best Blogger Tips

ပရိသတ်ကမိမိနှစ်သက်ရာအနုပညာရှင်များအားမဲပေးနိုင်မည့်ရင်ထဲကအကယ်ဒမီအစီအစဉ်သစ်အား မြဝ
တီဒီဂျစ်တယ်ရုပ်သံလိုင်းတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း Myanmar Media United ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။ SMS, Email, တယ်လီဖုန်း၊ စာတိုက်သေတ္တာ၊ စာတို့ဖြင့် အကြောင်းကြားမဲပေးနိုင်မည်ဖြစ်ပြီး

၎င်းအစီအစဉ်ကို မြ၀တီ Setup Top Box များ ၀ယ်ယူအသုံးပြုရသော မြ၀တီဒီဂျစ်တယ်ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ “တစ်နေ့ကို ဗီဒီယိုနှစ်ကားသုံးကားလောက် ထွက်တယ်။ တစ်ပတ်ကို ဗီဒီယိုကားပေါင်း နှစ်ဆယ်လောက်ထွက်တယ်။ အဲဒီထဲက လေးကားစီ ရွေးချယ်သွားမှာဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးကုန်သွားရင် ဇကာတင်ကားတွေကို အနုပညာရှင်၊ ၀ါရင့်ပညာရှင်တွေက ဒိုင်အဖြစ် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပရိသတ်အနေနဲ့လည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်”ဟု၎င်းကပြောကြားသည်။ နှစ်ကုန်ခါနီးတွင် နောက်ဆုံး
ဇကာတင်ကားများအား နမူနာထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ၎င်းနမူနာ ထုတ်လွှင့်ရာ၌လည်း မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို ထုတ်လွှင့်နိုင်ရန် စီစဉ်နေဆဲကာလဖြစ်ကြောင်း သိရသည်။ “ဗီဒီယိုအကယ်ဒမီပေးပွဲအဖြစ် ရန်ကုန်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒါပေမဲ့ အကယ်ဒမီက ပရိသတ်ကပေးတဲ့ အကယ်ဒမီဖြစ်ပါတယ်။ ဇူလိုင်လကုန် သြဂုတ်လလောက်မှာ လွှင့်နိုင်မယ်လို့ထင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါအစီအစဉ်ကို တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြ၀တီဒီဂျစ်တယ်ရုပ်သံလိုင်းတွင် မြ၀တီ Series ၊ မြ၀တီ Movies ၊ မြ၀တီ Music ၊ မြ၀တီ Documentary ၊ မြ၀တီ Shopping အစရှိသည့် အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသည်။ 
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1