Tuesday, July 3, 2012

ရန်ကုန်မြို့တွင်းပြေးဆွဲရန် စီးတီးဘတ်စ်အစီးရေ(၃၀၀၀)ကျော် ဂျပန်မှ တင်သွင်းမည်

Ever November | 7/03/2012 01:20:00 PM | Best Blogger Tips

ရန်ကုန်မြို့အတွင်းပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ စီးတီးဘတ်စ်အစီးရေ သုံးထောင်ကျော်ကို တင်သွင်း တော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဆိုသည်။

လတ်တလောရန်ကုန်မြို့တွင် နေထိုင်သော ပြည်သူလူထုအနေနှင့်ဘတ်(စ်)ကား စောင့်ဆိုင်းချိန်ကြာမြင့်ခြင်း ပြဿနာနှင့် လူထုအား သက်သက်သာသာနှင့်ကားစီးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“ခရီးသည်တွေအနေနဲ့ ယဉ်စောင့်ဆိုင်းချိန် ကြာမြင့်မှုလျော့ချဖို့ဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိရှိနဲ့ သက်တောင့် သက်သာနဲ့ ယာဉ်စီးသင့်ဖို့နဲ့   နောက်ပြီးလုံခြုံရေးကောင်းမွန်ဖို့ဖြစ်ပါတယ်။ ကုန်ကျစရိတ်လဲ သက်သာစေဖို့ဖြစ် ပါတယ်။” ဟု စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ရှင်းက နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ဇူလိုင်လ(၁) ရက်နေ့တွင် ကျင်းပသည့် သတင်းမီဒီယာများနှင့်  တွေ့ဆုံပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တင်သွင်းမှုအား ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (ကညန) နှင့် ဂျပန်ကား ကုမ္ပဏီတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး သမ္မတကြီးမှလည်း အမြန်ဆုံးအကောင်အထည်ဖော်ရန် ပြောကြားထားပြီးဖြစ်သည် ဟု ဒုတိယ စက်မှုဝန်ကြီးဝန်ကြီးက   ပြောကြားခဲ့သည်။ 

ဇူလိုင်လဆန်းအတွင်းရန်ကုန်မြို့တော်တွင်အဆင့်မြင့်ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 “ကျွန်တော်တို့ပြည်သူတွေက နေ့စဉ်လိုင်းကားစီးပြီးသွားနေရတော့ အခက်အခဲလဲ အရမ်းရှိပါတယ်၊ ဒီလိုလူတွေ ကို သက်တောင့် သက်သာရှိစေမယ့်ကားတွေ တင်သွင်းဖို့အစီစဉ်ရှိတယ်ဆိုတော့ ပြည်သူတွေ အများကြီးသက်တောင့်သက်သာရှိလာမှာပါ”ဟုမြောက်ဒဂုံမြို့နယ်မှ နေ့စဉ်အလုပ်သွားနေသူကိုအောင်ဘို
က ပြောသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ကားကြပ်ခြင်း၊ယာဉ်ကြောပိတ်ဆို့မှုများကြောင့်အချိန်နှောင့်နှေးကြန့်ကြာခြင်း၊ ပြည်သူ များအနေနဲ့ယခုကဲ့သို့ဘတ်စ်ကားများမကြာမီပြေးဆွဲနိုင်ရန် မျှော်လင့်ကြောင်းကိုလည်းရန်ကုန်မြို့နေ ပြည်သူ
များထံက သိရှိရသည်။
ရှုမ၀အောင်(မြစ်မခ)


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1