Tuesday, July 3, 2012

နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသား (၈၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ်ပေး

Ever November | 7/03/2012 12:46:00 PM | Best Blogger Tips

နိုင်ငံတော်မှ နိုင်ငံသားအကျဉ်းသား (၄၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦး အား ဇူလိုင်လ(၃)ရက်နေ့မှစ၍ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ်ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။

 
နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက် အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင်အားလုံးပါဝင်ခွင့်ရရှိနိုင်ရေး၊လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံ၏ 
စေတနာကိုနားလည်၍ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင်ပါဝင်စေရန်အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားအကျဉ်းသား(၃၇)ဦး၊ နိုင်ငံသား အကျဉ်းသူ(၉)ဦးစုစုပေါင်း(၄၆)ဦးအားဇူလိုင်လ(၃)ရက်နေ့မှစ၍ ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်း
ဖြစ်သည်။
 
'နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လောက်လွတ်လဲ၊ဘယ်ကနေ လွတ်လဲဆိုတာ အရေအတွက် အတိ အကျမသိရသေးဘူး"ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုထွန်းကြည်ကဆိုသည်။
 
လွှတ်မြောက်ရန်ပါဝင်သူများတွင် ပြည်ထောင်မှ ၁၇/(၁) ပုဒ်မအမှုဖြင့် ကျခံနေရသော ကိုပြည့်ဖြိုးအောင်၊မြင်းခြံထောင်မှ   ဒေါက်တာကျော်ကျော်၊ သရက်မှ ကိုသန့်ဇော် တို့လွတ်မြောက် ရာတွင် ပါဝင်ကြောင်းကိုလည်း သိရသည်။
 
အဆိုပါလွတ်မြောက်မှုတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ မိတ်မပျက်ဆက်ဆံနိုင်ရေး လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦးတို့ကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။
 
လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြည်နှင်ဒဏ်ပေးမှုများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄/က နှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(က)အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
မြစ်မခမီဒီယာ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1