နေပြည်တော် ဇမ္ဗူသီရိမြို့နယ် V-4 လမ်းမကြီးဘေး ရွှေနံ့သာရပ်ကွက်မှာ ရှိတဲ့
ဘုန်းတော်ကြီးကျောင်းများကို ယနေ့ ဇူလိုင်လ(၃)ရက်နေ့ ညနေ(၄)နာရီခန့် မှာ
မီးရှို့ခံရကြောင်း သိရပါတယ်။
မကြာခင်ရက်ပိုင်းက ကျူးကျော်နေရာဖြစ်လို့ ပြောင်းရွေးပေးဘို့ လျော်ကြေးငွေပေး
မည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့သော်လည်း ဆရာတော်များက ငွေသားထက် မြေနေရာအစားရလျင်
အဆင်ပြေနိုင်ကြောင်း မေတ္တာရပ်ခံခဲ့ကြပါတယ်။
ဆရာတော်များက ညှိနှိုင်းမေတ္တာရပ်ခံခဲ့ကြသော်လည်း ယနေ့ညနေ၄နာရီခန့်တွင်
စည်ပင်မှ ဟုပြောကာ မီးရှို့ခဲ့ကြသဖြင့် ၊ ဘုန်းတော်ကြီးကျောင်း(၁၅)ကျောင်းခန့် မီးလောင်ခဲ့ပြီး
မီးလောင်ပြီးစတွင် မိုးရွာလာသဖြင့် သံဃာတော်များ ဒုက္ခတော်တော်ရောက်ကြရပါတယ်။
အေးဆေးစွာ ညှိနှိုင်းနိုင်လျက်နဲ့ လက်လွတ်စပယ် ဘုန်းတော်ကြီးကျောင်းများမီးရှို့ခဲ့ကြတာကတော့
မင်းမဲ့စရိုက်ဆန်လွန်းကြောင်း ဒေသခံတဦးက Myanmar News Now ကို ပြောပါတယ်။
MNN
No comments:
Post a Comment