Wednesday, July 4, 2012

 လုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧက ကိုးသန်းတွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် ဧရိယာမှာ ၂၉ ရာခိုင်နှုန်းသာရှိ

Ever November | 7/04/2012 02:28:00 PM | Best Blogger Tips

စက်မှုဇုန်နှင့် စက်မှုလယ်ယာ များ အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေဧက ကိုးသန်းအား ပုဂ္ဂလိကနှင့် ကုမ္ပဏီကြီးများထံ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုထားသော်လည်း စက်မှုဇုန်နှင့် စက်မှုလယ်ယာအဖြစ် အကောင်အထည်ဖော်နိုင်မှုမှာ ခွဲဝေရယူထားသော မြေဧကကိုးသန်း၏ ၂၉ ရာခိုင်နှုန်းသာ ရှိကြောင်း၊ စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ARDC (Agribusiness and Rural Development Consultants) ၊ မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group, LCG) ၏ လုပ်ငန်းစီမံချက်ကို တင်ပြခြင်း နှင့်ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်း အခမ်းအနားတွင် ARDC (Agribusiness and Rural Development Consultants)မှ အမှုဆောင် အရာရှိချုပ် ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။
စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG) သည် ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့် အစိုးရမဟုတ်သော အဖွဲ့အစည်းပေါင်း ၄၇ ဖွဲ့၏ ကွန်ရက်အဖွဲ့တစ်ခုဖြစ်ကြောင်း သိရှိရသည်။ မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေသော မြေလုပ်ငန်းအဖွဲ့ခွဲ(Land Core Group, LCG)သည် ပြည်တွင်း ပြည်ပ NGO၊ စီဘီအိုနှင့် တစ်သီးပုဂ္ဂလတစ်ရာ ကျော်ပါဝင်သည့် (FSWG)၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။
''ပုဂ္ဂလိကကို မြေဧက ကိုးသန်း လုပ်ကိုင်ခွင့်ပေးထားပေမယ့် အမှန်တကယ် လုပ်နိုင်တာက ၂၉ရာခိုင်နှုန်းပဲ ရှိတယ်။ ၁၉၆၃ခုနှစ် မြေယာဥပဒေမှာ အဖွဲ့အစည်းတွေကို လုပ်ကိုင်ခွင့်ပြုထားတဲ့ မြေကိုလေးနှစ်အတွင်း စိုက်ပျိုးပြီးမြေ ဖြစ်ရမယ်လို့ ပါတယ်။ တကယ်လို့ လေးနှစ်အတွင်း အကောင်အထည်မဖော်နိုင်ရင် နိုင်ငံပိုင် ပြန်သိမ်းရမယ်။ အခု ဥပဒေသစ်ကျတော့ လေးနှစ်အတွင်း မစိုက်ပျိုးနိုင်ရင် အလိုအလျောက် နိုင်ငံပိုင် ဖြစ်သွားတယ်။ ပြဿနာက မြေယာဥပဒေ၊ ဓာတ်မြေသြဇာဥပဒေ၊ ပိုးသတ်ဆေး ဥပဒေတွေ ရှိတယ်။ ဘယ်လိုအကောင်အထည် ဖော်ရမယ်ဆိုတာ ရှိတယ်။ ဥပဒေကို အကောင်အထည်မဖော်နိုင်ရင် စာရွက်ထဲမှာပဲရှိမယ်။ မြေယူထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ ၇၁ ရာခိုင်နှုန်းက မစိုက်ပျိုးကြဘူး။ ဒါတွေက လေးနှစ်ကျော်နေပါပြီ''ဟုလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အကြီးတန်းအကြံပေး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။
Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ''သစ်တောဦးစီးရဲ့ ထိန်းချုပ်မှုလွတ်နေတာက သစ်တောဧက ၁၇သန်း၊ သစ်တောဦးစီး ပိုင်တာက ၁၃သန်း၊ ပြည်သူပိုင်သစ်တော ဧက ၂၈သန်း၊ မြေလွတ်မြေ ရိုင်းက ၁၄သန်း ရှိတယ်။ တကယ်တမ်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုထား တဲ့မြေထဲက ၂၉ ရာခိုင်နှုန်းပဲ လုပ်နိုင်သေးတယ်။ ကျန်တာတွေကိုတော့ လုပ်ကိုင်ခြင်းမရှိသေးပါဘူး''ဟုလည်း ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ လယ်ယာမြေ သိမ်းယူခံရခြင်းများကို အကြောင်းပြု၍ ကုမ္ပဏီကြီးများနှင့် လယ်သမားကိုယ်စားပြု အဖွဲ့အစည်းများအကြားတွင် အပြန်အလှန် တရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုလယ်ယာစံပြ အထူးစိုက်ပျိုးရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ကုမ္ပဏီကြီးများမှ လယ်ဧက ၅၅၀၀ သိမ်းယူခဲ့ကာ အဆိုပါမြေပေါ်၌ ကုမ္ပဏီကြီးများ အမှန်တကယ် စိုက်ပျိုးနိုင်မှုမရှိသည့် မြေလွတ်များနှင့် အသိမ်းခံလယ်သမားများမှ ယခင်ပိုင်ဆိုင်ခဲ့သော လယ်မြေနေရာတွင် ၀င်ရောက်ထွန်ယက်ရာမှ လယ်သမား များအား ကုမ္ပဏီကြီးများမှ တရားစွဲဆိုမှုများလည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသော အမှုများတွင်လည်း တောင်သူလယ်သမားများ၏ လယ်ယာမြေအား သိမ်းဆည်းသဖြင့် တိုင်ကြားသော အမှုများမှာ အများဆုံးဖြစ်ကြောင်း လူ့အခွင့် အရေးကော်မရှင်၏ သတင်းမီဒီယာများသို့ ဖြေကြားချက်များအရ သိရှိရ ပါသည်။

လယ်သမားတွေနဲ့ ပူးပေါင်းပြီး စပါးအထွက်ကောင်းအောင် စိုက်မယ်ဆိုပြီး လယ်တွေကို ကုမ္ပဏီကြီးတွေက သိမ်းတယ်။ ပြီးတော့ ဧကအနည်းငယ်မှာပဲ စပါးစိုက်ပြီး ကျန်တဲ့မြေကို ခြံခတ်ပြီး တစ်ကွက်ကို ကျပ်သိန်း ၁၈၀ နဲ့ ရောင်းစားတယ်။ မြေကွက် မူရင်း ပိုင်ရှင်လယ်သမားကိုကျတော့ နစ်နာကြေးတစ်ဧက ကျပ်သုံးသောင်းကျော်ပဲ ပေးတယ်။ အခုဆို လယ်ပိုင်ရှင်အဖြစ်ကနေ လယ်လုပ်သား၊ ဆိုက်ကားသမား၊ ဖားရှာ၊ ငါးရှာ၊ ကြုံရာလုပ်နေတဲ့ လယ်သမားတွေဘ၀ဟာ . . .
''လယ်သမားတွေနဲ့ ပူးပေါင်းပြီး စပါးအထွက်ကောင်းအောင် စိုက်မယ်ဆိုပြီး လယ်တွေကို ကုမ္ပဏီကြီးတွေက သိမ်းတယ်။ ပြီးတော့ ဧကအနည်းငယ်မှာပဲ စပါးစိုက်ပြီး ကျန်တဲ့မြေကို ခြံခတ်ပြီး တစ်ကွက်ကို ကျပ်သိန်း၁၈၀ နဲ့ ရောင်းစားတယ်။ မြေကွက်မူရင်း ပိုင်ရှင်လယ်သမားကို ကျတော့နစ်နာ ကြေးတစ်ဧကကျပ်သုံးသောင်းကျော်ပဲ ပေးတယ်။ အခုဆို လယ်ပိုင်ရှင်အဖြစ်ကနေ လယ်လုပ်သား၊ ဆိုက်ကားသမား၊ ဖားရှာ၊ ငါးရှာ၊ ကြုံရာလုပ်နေတဲ့ လယ်သမားတွေဘ၀ဟာ ဆင်းရဲသား တိုက်ဖျက်ရေးအရ ကြည့်ရင် ချမ်းသာတဲ့ ကုမ္ပဏီကြီးတွေက ဆင်းရဲ သားလယ်သမားတွေဆီကနေ စားခွက်လုတာပါ။ သူတို့ကို ဥပဒေကြောင်းအရ ပြန်လည် ရင်ဆိုင်သွားပါမယ်''ဟု ဒဂုံ(အရှေ့ပိုင်း)မြို့သစ်မြို့နယ်ရှိ စက်မှုလယ်ယာ အကောင်အထည်ဖော်ရေးအတွက် လယ်ဧက  ၅၅၀၀ အသိမ်းခံခဲ့ရသည့် လယ်သိမ်း ခံလယ်သမားများအတွက် ကူညီဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းနိုင်ထွန်းက သရက်ပင်ချောင်ရွာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
''မြန်မာနိုင်ငံမှာ စက်မှုဇုန်နဲ့ စက်မှုလယ်ယာ အကောင်အထည်ဖော်ဖို့ မြေလွတ်မြေရိုင်းနဲ့ လယ်ယာမြေဧက ကိုးသန်းကို ပုဂ္ဂလိကပေးထားတယ်ဆိုပေမယ့် အမှန်တကယ် မြေလွတ်မြေရိုင်းက ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းလောက်က တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကို သိမ်းထားတာပါ''ဟု လယ်သိမ်းခံလယ်သမားများအရေး ကူညီဆောင်ရွက်သူ ပါတီဥက္ကဋ္ဌတစ်ဦးက  ၂၀၁၂ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် လယ်ယာမြေသိမ်းယူမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် မြေယာဖော်ထုတ်လုပ်ကိုင်ရန် မြန်မာတစ်နိုင်ငံလုံးတွင် မြေဧက ၁၉၄၃၉၈၃ကို ကုမ္ပဏီနှင့် အဖွဲ့အစည်း ၂၁၄ ခုသို့ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရှိရသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ ပလပ်မြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက စုစုပေါင်း ၁၄သန်းခန့်ရှိကြောင်း သိရှိရသည်။
ပလပ်မြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကဲ့သို့ စိုက်ပျိုးနိုင်သောမြေများကို ပုဂ္ဂလိကလုပ်ငန်းရှင် ၆၃၈၇ ဦးကို ၃ ဒသမ ၈၉ သန်း လုပ်ကိုင်ခွင့်ပေးထားခဲ့ရာ စိုက်ပျိုးထားသည့် ဧကမှာ ၀ ဒသမ ၉၇ သန်း စိုက်ပျိုးပြီးဖြစ်သည့်အတွက် ၂၆ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည့် အခမ်းအနားတွင် လယ်/ဆည် ဒုတိယ၀န်ကြီး ဦးအုန်းသန်းမှ ပြောကြားခဲ့ကြောင်း ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်တွင် ဖော်ပြထားပါသည်။
၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုထားသည့် စိုက်ပျိုးမြေဧကများ
စဉ် ပြည်နယ်/တိုင်းဒေသကြီး ကုမ္ပဏီနှင့်အဖွဲ့အစည်း မြေဧက
ကချင် ၁၅ ၅၉၆၁၈၀
ကရင် ၂၁၆၁
စစ်ကိုင်း ၂၈ ၁၀၀၀၅၇
တနင်္သာရီ ၃၆ ၆၇၁၅၉၄
ပဲခူး(အရှေ့) ၅၈၅၉
ပဲခူး(အနောက်) ၁၃၉၁၃
မကွေး ၃၈ ၂၀၂၄၉၂
မန္တလေး ၁၆ ၁၀၃၀၀
ရန်ကုန် ၃၀၉၇၈
၁၀ ရှမ်း(တောင်) ၁၂ ၆၅၉၈၅
၁၁ ရှမ်း(မြောက်) ၁၇ ၅၁၁၁၁
၁၂ ဧရာဝတီ ၂၈ ၁၉၃၃၅၃
Ref; လယ်/ဆည်ဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ထုတ်ပြန်ချက်။
EMG 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1