Wednesday, July 4, 2012

FDI မျှော်၍ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ အိမ်မြေဈေးနှုန်း ၃၀ ရာခိုင်နှုန်းမြင့်တက်

Ever November | 7/04/2012 08:32:00 PM | Best Blogger Tips
ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ယခင်ဈေးနှုန်းများထက်(၃၀) ရာခိုင်နှုန်းမြင့်တက်လျှက် ရှိပြီး လက်ရှိအချိန်တွင်အရောင်းအဝယ်သွက်နေကြောင်းအိမ်ခြံမြေအကျိုးဆောင် များထံက သိရှိရသည်။
 
မိုးရာသီကာလဖြစ်သော်လည်း အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သွက်၍ ဈေးနှုန်းမှာလည်း ဆက်တိုက် တိုးမြင့်နေသလို ၂၀၁၁ ခုနှစ် မိုးတွင်းကာလတွင် သိန်း(၇၀၀)ရှိ တိုက်ခန်းများသည် ယခုနှစ်မိုးတွင်းကာလ၌ သိန်း(၁၀၀၀) ၀န်းကျင်မြင့်တက်လာကြောင်း အကျိုးဆောင်များထံက သိရှိရဖြစ်သည်။
 
အိမ်ခြံမြေအရောင်းသွက်နေရခြင်းမှာ  နိုင်ငံတကာမှ ရင်နှီးမြှပ်နှံမှုများ ပြုလုပ်လာပါက ၄င်းတို့ နေထိုင်ရန် အိမ် ခြံမြေများ အား ကြိုတင်လိုက်လံဝယ်ယူစုဆောင်းနေ၍ ဖြစ်ကြောင်းကိုလည်း  သိရသည်။
 
ကားလမ်းမတစ်လျှောက်ရှိတိုက်ခန်းများသည် မြေအနေအထားအပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်လျှက်ရှိပြီး ယခင်နှစ်ကသိန်း(၄၀၀)၀န်းကျင်ရှိ မြေညီထပ်တိုက်ခန်းများသည်သိန်း(၇၀၀)အထိဈေးနှုန်းများ မြင့်တက်
 နေကြောင်း အိမ်ခြံမြေအကျိုးဆောင် ဦးကြည်တိုးက ပြောသည်။
 
  “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလာရင် ပုဂ္ဂလိကမြေတွေပါ ငှားရမ်းခွင့်ပြုတော့မယ်ဆိုတော့ တချို့ပိုက်ဆံရှိတဲ့သူ တွေက   နိုင်ငံခြား သားတွေလာရင် ဟိုတယ်ကို အကြာကြီးငှားနေတာထက် အိမ်ခန်းတွေပဲ ငှားနေကြမယ်လို့ စဉ်းစားပြီး တိုက်ခန်းတွေအိမ်တွေ လိုက်ဝယ်နေကြတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဒေါ်စန္ဒာ ထွေးက ပြောသည်။
 
ရင်းနှီးမြုပ်နှံမှုများ ခေတ်စားလာသည့်အပေါ်တွင် အိမ်ခြံမြေဈေးနှုန်းများ ရိုက်ခတ်မှုရှိလာပြီး ငွေပိုငွေလျံရှိသူ များအနေနှင့် အိမ်ခြံမြေ၀ယ်ယူ စုဆောင်းလာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြသည်။
 
“ဒီအချိန်မှာ လူတိုင်းက Foreign direct investment (FDI) ကို မျှော်လင့်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေလာရင် ဟိုတယ်ငှားနေမယ့် အစား တိုက်ခန်းတွေ ငှားနေကြမယ်ထင်ပြီး တချို့လူတွေက တိုက်ခန်းတွေ အိမ်တွေ ၀ယ်စုဆောင်း နေကြတယ်။” ဟု  ဦးကြည်ဝင်းက မြစ်မခသို့ ပြောသည်။
 
ယခင်က ငွေပိုငွေလျှံရှိသူများသည် မော်တော်ယာဉ်ဝယ်ယူပြီး ရင်းနှီးမြုပ်နှံကြသော်လည်း ယခုတွင် အိမ်ခြံမြေ ဘက်သို့ ရင်းနှီးမြုပ်ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြသည်။
 
ဒဂုံမြို့နယ်ရှိလူနေများသောနေရာများတွင် ကွန်ဒိုတိုက်ခန်းများတွင် ကျပ်သိန်း(၁၀၀၀) ၀န်းကျင်ရှိ တိုက်ခန်းများမှာ ယခုနှစ်တွင် သိန်း(၁၃၀၀)၀န်းကျင်ခန့် ရှိနေကြောင်းကိုလည်း သိရှိရသည်။
 
စမ်းချောင်းမြို့နယ် ယခင်က သိန်း(၂၀၀) ၀န်းကျင်တိုက်ခန်းများသည် ယခုအခါသိန်း(၆၀၀) ၀န်းကျင် နှင့်အရောင်းဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။
 
လူကြိုက်နည်းသော မြို့နယ်များရှိ မြေဈေးနှုန်းများမှာ ယခင်ကတစ်စတုရန်းပေလျှင် ကျပ်(၃)သိန်း ၀န်းကျင်ရှိခဲ့ရာမှ ယခု(၅)သိန်း ၀န်းကျင်ခန့်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်းနှင့်အနောက်ပိုင်း ခရိုင်တွင် မြေကွက်ထက် တိုက်ခန်းများအရောင်းဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
 
ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်တွင် အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊   ကျောက်တံတားမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့ နယ်၊ မရမ်းကုန်း မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်များ ပါဝင်သည်။
ရှုမ၀အောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1