နိုင်ငံတော်မှ နိုင်ငံသားအကျဉ်းသား (၄၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦး အား ဇူလိုင်လ(၃)ရက်နေ့မှစ၍ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ်ခွင့်ပြုပေးခဲ့ကြော
နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချ မ်းမှုဖော်ဆောင်ရေးအတွက် အမျိုးသားပြန်လည်စည်းလုံးညီညွှတ် ရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင်အားလုံးပါဝင်ခွင့်ရရှိနိုင်ရေး၊လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံ၏
စေတနာကိုနားလည်၍ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင်ပါဝင်စေရန်အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားအကျဉ်းသား(၃၇)ဦး၊ နိုင်ငံသား အကျဉ်းသူ(၉)ဦးစုစုပေါင်း(၄၆)ဦးအားဇူလိုင်လ(၃)ရက်နေ့မှစ၍ ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်း
ဖြစ်သည်။
'နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတဲ့ကိစ္စနဲ့ပတ် သက်လို့ ဘယ်လောက်လွတ်လဲ၊ဘယ်ကနေ လွတ်လဲဆိုတာ အရေအတွက် အတိ အကျမသိရသေးဘူး"ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုထွန်းကြည်ကဆိုသည်။
လွှတ်မြောက်ရန်ပါဝင်သူများတွင် ပြည်ထောင်မှ ၁၇/(၁) ပုဒ်မအမှုဖြင့်
ကျခံနေရသော ကိုပြည့်ဖြိုးအောင်၊မြင်းခြံထောင်မှ ဒေါက်တာကျော်ကျော်၊
သရက်မှ ကိုသန့်ဇော် တို့လွတ်မြောက် ရာတွင် ပါဝင်ကြောင်းကိုလည်း သိရသည်။
အဆိုပါလွတ်မြောက်မှုတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ မိတ်မပျက်ဆက်ဆံနိုင်ရေး
လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦးတို့ကိုလည်း
ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်နှင့်ြ ပည်နှင်ဒဏ်ပေးမှုများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄/ က နှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ် မ ၄၀၁(က)အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
မြစ်မခမီဒီယာ
No comments:
Post a Comment