နှလုံး ရောဂါ မဖြစ်အောင် ကာကွယ် နည်းကို ကလေး ဘဝ ကတည်း က စတင် လိုက်နာ သင့်ပါ တယ်။ နှလုံးသွေးကြောရောဂါ အများစုက အသက်ကြီးမှ ဖြစ်တတ်လေ့ရှိပေမယ့် ကလေးဘဝက တည်းက နှလုံးကျန်းမာစေမယ့် အလေ့အထတွေကို တည် ဆောက်ထားသင့်ပါတယ်။
နှလုံးကျန်းမာရေး
နှလုံးမှာ အခြမ်းနှစ်ခြမ်းရှိပြီး စုစုပေါင်း အခန်းလေးခန်းရှိပါ တယ်။
နှလုံးဟာ နံရိုးတွေရဲ့ အောက်မှာတည်ရှိပြီး သင့်ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းရှိ
အဆုတ်တွေကြားမှာ ရှိပါတယ်။ နှလုံးရော ဂါကြောင့် နှလုံးရဲ့ အရွယ်အစားနဲ့
အရောင်တို့ကို ပြောင်းလဲစေ နိုင်ပါတယ်။
နှလုံးက ဘယ်လို အလုပ်လုပ်သလဲ
- နှလုံးနံရံတွေကို သန်မာတြဲွ့ကက်သားတွေနဲ့ တည်ဆောက် ထားပြီး ခန္ဓာကိုယ်
တစ်လျှောက်လုံးကို သွေးတွေ ရောက်ဖို့ကျုံ့ဆန့် လိုက်၊ အနားယူလိုက်
လုပ်ဆောင်ပါတယ်။ ကလေးတွေမှာ ပျမ်း မျှအားဖြင့် တစ်မိနစ်မှာ အကြိမ် ၉၀ခန့်
နှလုံးခုန်ပါတယ်။
- အောက်ဆီဂျင်ပါတဲ့ သွေးတွေက အဆုတ်ကနေ နှလုံးရဲ့ ဘယ်ဘက်ခြမ်းထဲကို
ရောက်သွားပြီးသွေးလွတ်ကြေတွေနဲ့ ဆံခြည်မျှင်သွေးကြောတွေကတစ်ဆင့်
ခန္ဓာကိုယ်အနှံ့ ရောက်ရှိ သွားပါတယ်။ ခန္ဓာကိုယ်အနှံ့ ရောက်ပြီးချိန်မှာ
နှလုံးရဲ့ ညာဘက် ခြမ်းထဲကို ရောက်ရှိပြီး အောက်ဆီဂျင်ဖြည့်ပေးဖို့အတွက်
အဆုတ် ထဲကို ပြန်ရောက်လာပါတယ်။ လှည့်လည်နေတဲ့ သွေးတွေက
ခန္ဓာကိုယ်အနှံ့အာဟာရဓာတ်တွေ သယ်သွားပြီး အဆုတ်၊ ကျောက် ကပ်နဲ့
အသည်းတွေထဲမှာ စွန့်ပစ်ဖို့အတွက် စွန့်ပစ်ပစ္စည်းတွေ စုဆောင်းထားကာ
ခန္ဓာကိုယ်မှ စွန့်ပစ်ပါတယ်။
လေ့ကျင့်ခန်း
လူ့နှလုံး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ဂရုစိုက်ပေးရ ပါမယ်။ နေ့စဉ်
လေ့ကျင့်ခန်းလုပ်ပေးရင် နှလုံြးွကက်သားတွေကို သန်စွမ်းစေပြီး သွေးကို
အလုံအလောက် ညှစ်ထုတ်နိုင်စွမ်းရှိစေပါ တယ။် တစ်နေ့မှာ မိနစ် ၃၀
လောက်လေ့ကျင့်ခန်းလုပ်ပေးရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ကခုန်တာ၊ ပြေးတာ၊ ကြိုးခုန်တာနဲ့ ဘတ်စကတ်ဘော ကစားတာတွေလို လေ့ကျင့်ခန်း
တွေကို လုပ်ဆောင်ပေးပါ။ ကွန်ပျူတာသုံးချိန်၊ တီဗီကြည့်ချိန်တွေ လို
အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို လျှော့ချသင့်ပါတယ်။ အထိုင် များတဲ့
နေထိုင်မှုပုံစံကြောင့် အဝလွန်တာနဲ့ နှလုံးရောဂါတို့ကို ဖြစ်စေနိုင်လို့ပါ။
အစားအသောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံဟာ ကလေး ဘဝနဲ့
လူကြီးဘဝတွေမှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ ထပ်ပြန်ကြော်ဆီနဲ့
ပြည့်ဝဆီလျော့နည်းတဲ့အစာကို စား ပေးရင် သွေးလွှတ်ကြောတွေမှာ အဆီနဲ့
ကိုလက်စထရောစုပုံ ပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ တစ်နေ့ သစ်သီးနဲ့
ဟင်းသီးဟင်းရွက်ငါးကြိမ်နဲ့ အထက်စားပေးရင် ဗီတာမင်နဲ့ သတ္တု
ဓာတ်တို့ရရှိပြီး နှလုံးမှ သွေးညှစ်နိုင်စွမ်းအားကို ကောင်းမွန်စေပါ တယ်။
နှလုံြးွကက်သားဒဏ်ဖြစ်ခြင်း
နှလုံးကြွကက်သားတစ်ခုဖြစ်တဲ့အတွက် အလုပ်လုပ်လွန် တာနဲ့ အလွန်အမင်း
လှုံ့ဆော်ခံရတာတွေကြောင့် ဒဏ်ဖြစ်နိုင် ပါတယ်။ အယ်လ်ကိုဟော၊ မူးယစ်ဆေးဝါးနဲ့
ဆေးရွက်ကြီးတွေ ကလည်း နှလုံးကို ဒဏ်ဖြစ်စေနိုင်တာကြောင့်
နှလုံးခုန်နှုန်းရပ် တာနဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲများတာတို့
ဖြစ်စေနိုင်ပါ တယ်။ တာရှည်စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာတွေကြောင့်
နှလုံြးွကက်သားကို ဒဏ်ဖြစ်စေနိုင်သလို ရေဓာတ်ခမ်းခြောက်မှုနဲ့ တခြား
ကျန်းမာရေးအခြေအနေကြောင့်လည်း နှလုံြးွကက်သား ဒဏ်ဖြစ်တတ်ပါတယ်။
မွေးရာပါ နှလုံးချို့ယွင်းမှု
အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ တစ်နှစ်မှာ ကလေး
သုံးသောင်းခြောက်ထောင်ခန့်ဟာ နှလုံးချို့ယွင်းတဲ့ အခြေ အနေနဲ့
မွေးဖွားလာတယ်လို့ သိရပါတယ်။ မွေးရာပါ နှလုံးရောဂါ အများစုကို
ခွဲစိတ်ကုသတဲ့နည်းနဲ့ ကုသနိုင်ပါတယ်။ တချို့ကလေး တွေက မွေးလာချိန်မှာ
နှလုံးကျန်းမာနေပေမယ့် ကြီးထွားလာချိန် မှာ နှလုံးခုန်နှုန်းမမှန်တာ၊
နှလုံးက ပုံမမှန်အသံထွက်တာတို့ ဖြစ် လာတတ်ပါတယ်။ နှလုံးခုန်သံ
ပုံမှန်မဟုတ်တဲ့အခြေအနေအ များစုဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာရဲ့
လက္ခဏာမဟုတ် တတ်ပါဘူး။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Good Health Journal
No comments:
Post a Comment