Saturday, July 14, 2012

လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းအမည် အလွှဲသုံးစားပြုနေတဲ့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်ရဲ့ မတရားမှုအကြောင်း (တိုင်ကြားစာ)

Ever November | 7/14/2012 08:27:00 PM | Best Blogger Tips
ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင် လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာတိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါသည်။ ၄င်းမိသားစုမှနေစရာ မရှိသဖြင့် အသနားခံစာတင် သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ်(၈)ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည် အစားထိုးပေးခဲ့ပါသည်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာ ဖြစ်ပါသဖြင့် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင် လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်း တစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်း လက်မှတ်များ ကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်း တစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့မိသားစု (၁၈)နှစ်ကျော်ကြာနေထိုင် လာခဲ့သောယင်းမြေကွက်အား ယခုအခါတွင် စစ်တက္ကသိုလ် ကျောင်းအုပ် ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၎င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့် စွပ်စွဲကာ လုပ်ကြံတရား စွဲဆိုလာသည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါသည်။

တစ်ဖက်သက်စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုသည်မှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေး လိုက်ခြင်းကို ဆိုလိုပါသည်။ ဗိုလ်မှုးကြီးဟောင်းခင်မောင်တင့်သည် သူ့ကိုယ်သူ သူရဦးရွှေမန်း၏ ဆရာ ဟုဆိုကာ ပြောဆိုအာဏာ သုံးခဲ့သည်များလည်း ရှိခဲ့ပါသည်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်း၏ ဆရာဖြစ်နေပါသည်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ ရန်အတွက်စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်တွင် ၄င်း၏ဆရာဆိုသူက ယခုလိုအာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌကြီး အနေဖြင့်ယခုလို လျှစ်လျှူရှု မနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည်။

ကျွန်တော်၏ မိတ်ဆွေမိသားစု မှာယခုအခါ နေထိုင် ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင် ဆရာတော်မှ ခေါ်ယူ ကယ်ဆယ်ထားရပါသည်။ ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့်သည် ယခင်က လည်းအခြားသူများ ပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာ ခြံစည်း ရိုးခတ်သဖြင့် (၎င်းပိုင်ဆိုင်သည့် အနေဖြင့်ခြံစည်းရိုးခတ် ခြင်းဖြစ်သည်) မြို့နယ်မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူဖြေရှင်း ခဲ့ရဖူးပါသည်။ ဦးခင်မောင်တင့်သည် တရားပြိုင် ရှေ့နေများ အားလည်း ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတနှင့် လွှတ်တော်အကြီးကဲ များအားလုံးသည် တစ်ချိန်က ၎င်း၏ တပည့်များဖြစ်သဖြင့် အမှုအား လုံးဝမနိုင် နိုင်ကြောင်းလည်း ပြောပါသည်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ခင်ဗျား…. ယခုလို အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သနားငဲ့ညှာ သောအားဖြင့် သေချာစွာ ပြန်လည်စီစစ်ပြီး သင့်တော်သလိုကူညီစောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြ အပ်ပါသည်ခင်ဗျား…..။

အမှန်တရားအတွက် ကိုယ်ချင်းစာနာသူ တစ်ဦး
Demowaiyan

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1