Saturday, July 14, 2012

ဂီတသမားလူငယ်များ၏ တောင်းဆိုမှု ခေတ်သစ်ဂီတအလွှာအား ခွင့်ပြုပြီ

Ever November | 7/14/2012 07:51:00 PM | Best Blogger Tips

မြန်မာနိုင်ငံဂီတအစည်းအရုံး ပြန်လည် ရွေးချယ်တင်မြှောက်ပွဲအတွက် လက်ရှိ ဂီတ အစည်းအရုံးအမှုဆောင်အဖွဲ့၊ ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်နှင့် အားကစား ယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးလွှတ်တော်ကော်မတီတို့သည် ဇူလိုင် ၁၄ ရက်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ် ရန်ကုန် တွင် ဂီတအစည်းအရုံး ပြန်လည်ရွေးကောက်ရေးကိစ္စ နှင့် ပတ်သက် ၍ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အားလုံး၏ သဘောထားနောက်ဆုံး ဆုံးဖြတ်ချက်အနေဖြင့် ခေတ်သစ်အလွှာနှင့် ခေတ်ဆန်းအလွှာ တိုးပေးရေး ဆွေးနွေးကြရာ လူငယ် ဂီတအနုပညာရှင်များ ဝိုင်းဝန်းတောင်း ဆိုထားကြသော ခေတ်သစ်ဂီတအလွှာကို တိုးပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ခေတ်သစ်အလွှာအတွက် လူဦးရေ ၉ ဦး သတ်မှတ် ပေး လိုက်ပြီး ရေး၊ ဆို၊ တီး ၃ ဦးစီ ထပ်မံတိုး ချဲ့ပေးလိုက်သည်။ ထို့ကြောင့် ဝင်ခွင့်အဆိုပြုလွှာ တင်သွင်းရက်ကို ဇူလိုင်လ ၁ဝ ရက် သတ်မှတ်ပေးထား ရာမှ လူငယ်အနုပညာရှင် များလည်း ပါဝင်နိုင်ရန် ဇူလိုင် ၁၆၊ ၁၇၊ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ ဝင်ခွင့်လျှောက်လွှာ များနှင့် အဆိုပြုလွှာများ တင်သွင်းခွင့်ပြုလိုက်သည်။ ရွေး ကောက်ပွဲရက်ကိုမူ နဂိုသတ်မှတ်ထားသော ၂၄ ရက်မှ ၂၇ ရက်နေ့အထိသာ သတ်မှတ် ပြီး စတီဒီယိုအလွှာနှင့်အတူ ခေတ်သစ်လွှာပါ ရွေးချယ်မဲပေးရမည်ဖြစ်ကြောင်းသိရသည်။ ကာလပေါ်အလွှာဘက်မှ တောင်းဆိုထားသော ခေတ်ဆန်းအလွှာကိုမူ
နောက်တက်မည့် အမှုဆောင်အဖွဲ့သစ်လက်ထက်မှာ ဆုံးဖြတ်မည်ဖြစ်ပြီး လက်ရှိဆုံးဖြတ်ချက်များအရ အမှုဆောင်အဖွဲ့သစ်တွင် ခေတ်သစ်အလွှာ ထပ်တိုးသော ၉ ဦးအပါအဝင် အမှုဆောင်အဖွဲ့မှာ ၅၉ ယောက် ရှိမည်ဖြစ် သည်။
ရဲရဲ၊ တွယ်တာ၊ ဓာတ်ပုံ-သီဟ

popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1