Saturday, July 14, 2012

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ မုန်တိုင်းတိုက်ခတ်

Ever November | 7/14/2012 04:26:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် ဇူလိုင် ၁၂ ရက်က အင်းအားပြင်းထန်သော မုန်တိုင်းတိုက်ခတ်မှုကြောင့် ဓာတ်အားပြတ်တောက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူ ၁၄၀၀၀ ကျော် အမှောင်ထဲတွင် နေခဲ့ရကြောင်း ဒေသဆိုင်ရာ မီဒီယာများက သတင်းထုတ်ပြန်သည်။ အဆိုပါမုန်တိုင်းသည် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိန်ခန့်က စတင်တိုက်ခတ်ခဲ့ကြောင်း၊ စွမ်းအင်ဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် တာဝန်ရှိသူများက ပြောကြားသည်။ မုန်တိုင်း တိုက်ခတ်ပြီး မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများတွင် ရေလွှမ်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းရှိ စီရင်စုအချို့တွင်လည်း ရေကြီးမှုများ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ အဆိုပါ မုန်တိုင်းသည် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ဟူစတန်မြို့ မြောက်ပိုင်းဒေသမှ ဖြတ်သန်းပြီး ယင်းနေ့နှောင်းပိုင်းတွင် အင်အားပျော့သွားနိုင်ကြောင်း အမေရိကန် မိုးလေ၀သဌာနမှ ထုတ်ပြန်ထားသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1