Saturday, July 14, 2012

မဟာဂီတမှသည် ဟစ်ဟော့ပ်အထိ ဂီတပညာရှင် လွှတ်တော်အမတ်များ

Ever November | 7/14/2012 07:58:00 PM | Best Blogger Tips
မြန်မာနိုင်ငံ လွတ်လပ်ရေးအကြို ကာလ ကနေ ဒီကနေ့ ပါတီစုံ ဒီမိုကရေစီ လွှတ်တော်အထိ ဂီတနယ်ကအနု ပညာရှင်လွှတ်တော်အမတ်တွေ အဖြစ် အာဇာနည် ဒီးဒုတ်ဦးဘချိုကနေ ဒီ
ကနေ့ အဆိုတော် ဇေယျာသော် အထိ လတ်တလောစာရေး သူသတိပြုလိုက်မိသမျှ ကတော့
အာဇာနည် ဒီးဒုတ်ဦးဘချို ဂီတပညာရှင်၊ လွှတ်တော်အမတ် အာဇာနည် ဦးဘချိုကို ၁၈၉၃ခုနှစ်ဧပြီလ ၂၃ ရက်မှာ ဦးဖိုးစာနဲ့ ဒေါ်မြစ်တို့က မြောင်းမြမြို့ မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။
ငယ်စဉ်က မြောင်းမြမြို့မှာ ပညာသင် ကြားခဲ့ပြီး သတ္တမတန်းနဲ့ ၊၁ဝတန်း စကော လားရှစ်အောင်ပါတယ်။ ဘီအေအထက်တန်း မှာ စာသင်နေဆဲ မျက်စိရောက်ဂါကြောင့် ကျောင်းထွက်ခဲ့ရတယ်။ ၁၉၂ဝမှာ ကျောင်း သားသပိတ်မှာပါဝင်ခဲ့ပြီး ၁၉၂၅မှာ ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေပါတယ်။ ၁၉၃၅မှာ မြန်မာ့ဂီတလောကရဲ့ မှီငြမ်းပြုစာအုပ်ကြီးဖြစ် တဲ့ ဂီတဝိသော ဓနိကျမ်းကြီးကို တည်းဖြတ်ခဲ့ ပါတယ်။ ၁၉၄၃မှာ ဗမာနိုင်ငံတော် အတိုင်ပင် ခံလွှတ်တော်ဖြစ်ခဲ့ပါတယ်။
အာဇာနည်ဒီးဒုတ်ဦးဘချို၊ ပြည်လှဖေနဲ့ ဇေယျာသော်တို့ဖြစ်ပါတယ်။

"အာဇာနည်ဒီးဒုတ်ဦးဘချို"

ဂီတပညာရှင်၊ လွှတ် တော်အမတ်အာဇာနည် ဒီး ဒုတ် ဦးဘချိုကို ၁၈၉၃ခုနှစ် ဧပြီလ ၂၃ ရက်မှာ ဦးဖိုးစာနဲ့ ဒေါ်မြစ်တို့က မြောင်းမြမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း လေး ယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။
ငယ်စဉ်က မြောင်းမြမြို့မှာ ပညာသင် ကြားခဲ့ပြီး သတ္တမတန်းနဲ့၊ ဒသမတန်း စကော လားရှစ်အောင်ပါတယ်။ ဘီအေ အထက်တန်း မှာ စာသင်နေဆဲ မျက်စိရောဂါကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ် မှာပါဝင်ခဲ့ပြီး ၁၉၂၅မှာ ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေခဲ့ပါတယ်။ ၁၉၃၅မှာ မြန်မာ့ဂီတလောကရဲ့ မှီငြမ်းပြုစာအုပ်ကြီးဖြစ် တဲ့ ဂီတဝိသောဓနိကျမ်းကြီးကို တည်းဖြတ်ခဲ့ ပါတယ်။ ၁၉၄၃မှာ ဗမာနိုင်ငံတော် အတိုင်ပင်ခံ လွှတ်တော်ဖြစ် ခဲ့ပါတယ်။ ၁၉၄၇ခုနှစ်၊ ဖဆပလအစိုးရအဖွဲ့မှာ သတင်းနှင့်ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ မြန်မာစိုက်အဖွဲ့အစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲ ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

"လွှတ်တော်အမတ် အဆိုတော်ပြည်လှဖေ"

ပြည်လှဖေကို ၁၉၁၂ခုနှစ်၊ အောက်တို ဘာလ ၂၃ရက်နေ့မှာ ပြည်သား ဦးဘိုးကူနဲ့ ဗန်းမော်သူဒေါ်ကျင်စီတို့က ဗန်းမော်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ခြောက်ယောက် အနက် တတိယမြောက် သားဖြစ်ပါတယ်။
ငယ်စဉ်က ဖခင်ဖြစ်သူ အခွန်ဝန်ဦးဘိုး ကူ ဗန်းမော်မြို့မှာ တာဝန်ကျစဉ် အသက် ၅နှစ်အထိ နေထိုင်ခဲ့ပြီး ကသာမြို့ကို ပြောင်း ရွှေ့ခဲ့ပါတယ်။ကသာမြို့အထက်တန်းကျောင်း၊ ညောင်လေးပင်ခရစ်ယာန်စာသင်ကျောင်း၊ မုံ ရွာဗုဒ္ဓဘာသာကျောင်း၊ ပြည်မြို့အထက် တန်းကျောင်းတို့မှာ ပညာ သင်ကြားခဲ့ပြီး ရန် ကုန်မြို့မှာ ၁ဝတန်းအောင်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ် အသက် ၂ဝအရွယ်မှာ ဂီတကို အထူး ဝါသနာပါတဲ့အတွက် အိုလံပီယာဓာတ်ပြား ကုမ္ပဏီမှာ အသံသွင်းခဲ့ပါတယ်။
၁၉၃၃-၃၆ခုနှစ်များမှာ အိန္ဒိယကာလ ကတ္တားက အင်ဂျင်နီယာ ဒီပလိုမာ ရရှိခဲ့ပြီး မြန်မာပြည်ကိုပြန်ရောက်တော့ အေဝမ်းကုမ္ပဏီမှာ တယောဆရာ အဖြစ်အလုပ်ဝင်ခဲ့သလို သီချင်းများလည်းသီဆိုခဲ့ပါတယ်။
ပြည်လှဖေဟာ လမ်းစဉ်ပါတီ ခေတ်မှာမြောက်ဥက္ကလာပမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)ကနေ လွှတ် တော်ကိုယ်စားလှယ်အမတ်ဖြစ် ခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာပါတယ်။၁၉၉ဝပြည့်နှစ်၊မတ်လ၁၃ ရက် နေ့မှာ ဗြိတိန်နိုင်ငံနော့သ်ပတန်ဆေးရုံမှာ သွားရောက်ဆေး ကုသမှုခံယူစဉ်ကွယ်လွန်ခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်အမတ် ဇေယျာသော်"

၂ဝ၁၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒနယ် ကဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သူ က ကိုဇေယျာသော် ဖြစ်ပါတယ်။သူဟာ၂ဝဝဝပြည့်နှစ် များဆီက ဟစ် ဟော့ပ်ဂီတ အမျိုးအစား အယ်ဘမ် တစ်ခု ဖြစ် တဲ့'စတင်ခြင်း'အမည်ရှိသီချင်းအယ်ဘမ်တစ် ခု မှာ'အက်စစ်' အဖွဲ့နဲ့ အတူပါဝင်ဖြစ်ခဲ့ပါတယ်။ လွှတ်တ်ာအမတ် ဇေယျာသော်ကို ၁၉၈၁ ခုနှစ်၊ မတ်လ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ ပြီး အ.ထ.က (၆) ဗိုလ်တထောင်မှာ ပညာသင်ယူခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး ၂ဝ၁၂ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ ယခင် ဒုတိယသမ္မတ ဦးတင်အောင် မြင့်ဦးရဲ့ မဲဆန္ဒနယ်မြေကနေ ဝင်ရောက် အရွေးခံခဲ့သူ လည်းဖြစ်ပါတယ်။ သူဟာ အသက် ၃၁နှစ်သာ ရှိသေးတဲ့ အနုပညာရှင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး လည်း ဖြစ်တာမို့ ကျွန်တော်တို့စောင့်ကြည့် ရမယ့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါ တယ်။
သိန်းအေး
popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1