Saturday, July 14, 2012

ပိတ်ဆို့မှုကာလ ထပ်မတိုးစေရန် သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ထံမှ မျှော်လင့်

Ever November | 7/14/2012 08:14:00 PM | Best Blogger Tips
အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ခြင်း (၃)နှစ်သက်တမ်း ထပ်မတိုးမီ အမြန်ဆုံးညှိုနှိုင်း   ဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း အရေးကြီးအဆိုကို ဇူလိုင်လ(၁၃) ရက်နေ့ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက တင်သွင်းခဲ့သည်။
 
အမေရိကန်လွှတ်တော်အစည်းအဝေးမြန်မာနိုင်ငံအား အရေးယူပိတ်ဆို့ခြင်း သက်တမ်း(၃)နှစ်ထပ်မံတိုးခြင်း မပြုလုပ်မီ  ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးနိုင်ရန်အတွက် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သင့် ကြောင်း အကြံပြုအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
 
“နိုင်ငံတော်သမ္မတဦးသိန်းစိန်ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဖြစ်ဖြစ် မြန်မာနိုင်ငံကို ပိတ်ဆို့အရေး ယူခြင်းကို ထပ်မံမတိုးအောင် ဆွေးနွေးညှို့နှိုင်းခြင်းကို ပြုလုပ်ပေးဖို့ မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ လုပ်ပေး နိုင်မယ်လို့  လည်း မြင်တယ်” ဟု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောသည်။
 
လာမည့် ဇူလိုင်လ(၂၆)ရက်နေ့တွင် အမေရိကန်မှ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ခြင်း သက်တမ်းပြည့်   မြောက်ပြီ ဖြစ်သောကြောင့် အမေရိကန်လွှတ်တော်တွင် မြန်မာနိုင်ငံအရေးအား သုံးသပ်ရာ၌ မြန်မာနိုင်ငံ အပေါ်အရေးယူပိတ်ဆို့မှု သက်တမ်း(၃)နှစ် ထပ်တိုးနိုင်သည့်အတွက် ယင်းကဲ့သို့ မပြုလုပ်နိုင်ရန် အဆိုကို အရေးကြီးအဆိုအနေဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 “ကျွန်မမိတ်ဆွေနှစ်ဦးနဲ့တွေ့ခဲ့တယ် သူတို့ကဘာပြောလဲဆိုတော့ အမေရိကန်လွှတ်တော်မှာ စီးပွားရေး ပိတ်ဆို့ခြင်း အဆိုကို တင်သွင်းကုန်ပြီပေါ့နော် နောက်တစ်ပတ်ဆိုရင် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ဖို့ သက်တမ်း(၃)နှစ်တိုးဖို့ကို မဲခွဲဆုံးဖြတ်တော့မယ် ဆိုတာပေါ့ အဲ့ဒါနဲ့ ကျွန်မလည်း ဒီကိစ္စကို တတ်နိုင်တဲ့သူ မည်သူမဆို ဆွေးနွေးညှို့နှိုင်းခြင်းကို အမြန်ဆုံးပြုလုပ်ပေးဖို့ အရေးကြီး အဆိုအနေနဲ့ တင်သွင်းခဲ့တာပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆက်ပြောသည်။
 
အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကလည်း  စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းပေးရန် အဆိုကို သဘော တူခဲ့ကြောင်း သိရှိရသည်။
 
“ကျွန်တော်တို့အနေနဲ့လည်း ဒီအဆိုကို သဘောတူပါတယ်။ ဘာလို့လဲဆိုတော့ ဒီမတိုင်ခင်က အလုပ် သမားဥပဒေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးဖူးတယ်။ အလုပ်သမားတွေအတွက် ပြည်ပက ရင်းနှီးမြုပ်နှံခြင်း မရှိသေးတာကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေတာတွေ ဆင်းရဲမွဲတေနေတာတွေ ဖြစ်နေသေး တယ်ဆိုတာကို တင်ပြခဲ့ဖူးတယ်၊ အဲ့ဒါကြောင့် အခုလို စီးပွားရေးပိတ်ဆို့အရေးယူဒဏ်ခတ်တာတွေကို ရုပ်သိမ်းပေးဖို့ သဘောတူပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။
 
မြန်မာနိုင်ငံအပေါ်အရေး ယူပိတ်ဆို့ခြင်းကို နော်ဝေးနှင့် ဆွီဒင်နိုင်ငံတို့က ရုပ်သိမ်းပေးမှုများရှိသော်လည်း အမေရိကန်နိုင်ငံကမူ တစ်နှစ်ဆိုင်းငံ့ထားဆဲ အခြေအနေသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1