Tuesday, July 3, 2012

ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း မြန်မာ ဗမာ အသုံးအပေါ် မှတ်ချက်ပေးပြောကြား

Ever November | 7/03/2012 01:04:00 PM | Best Blogger Tips

၁၇ ရက်ကြာသွားရောက်ခဲ့သော ဥရောပ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ
တစ်ရပ်ကို ယနေ့ ဇူလိုင်လ ၃ ရက်နံနက် ၉ နာရီခွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မိမိရောက်ရှိခဲ့သော ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ်စိတ်ဝင်တစားရှိကြပြီးယင်းလမ်းကြောင်းပေါ်ရောက်ရှိရန်ကူညီ
မှုများပြုလုပ်မည်ဟုဆိုကြောင်း ၊ မြန်မာနိုင်ငံတိုးတက် ကြီးပွားစေချင်သည့် စိတ်စေတနာ အပြည့်အ၀ရှိသည်ကိုတွေ့ရှိခဲ့ရကြောင်း ပြောကြားသည်။

ယင်းနောက်သတင်းထောက်များမှ သိလိုသည်များမေးမြန်းရာတွင် ရွေးကောက်ပွဲကော်မရှင်က သတိပေးထားသော““ မြန်မာ””““ဗမာ””အသုံးအနှုန်းနှင့်ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားရာတွင် ဥရောပတွင်လည်း United Kingdom နိုင်ငံကို အင်္ဂလန်ဟု ပဲခေါ်ဆိုကြကြောင်း၊ ပြင်သစ်နိုင်ငံကိုလည်း လာမွန်တေးဟုမခေါ်ဘဲ ပြင်သစ်နိုင်ငံဟုပဲခေါ်ကြောင်း၊ယင်းကဲ့သို့ပင် မြန်မာ၊ဗမာအခေါ်အဝေါ်မှာ ပြဿနာ
တစ်ရပ်မဟုတ်ကြောင်း၊ယင်းသည်ဒီမိုကရေစီ၏အခြေခံသဘောတရားနှင့်သက်ဆိုင်ကြောင်း၊ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေဖြင့်မိမိနှစ်သက်ရာကို ခေါ်ခွင့်ရှိသည်ဟုယူဆမိကြောင်းဖြင့် ပြန်လည်ဖြေကြား
ခဲ့သည်။
Popular Myanmar News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1