Tuesday, July 3, 2012

နှင်းဆီပွင့်

Ever November | 7/03/2012 09:19:00 AM | Best Blogger Tips
နှင်းဆီပွင့်
တလောကလုံး အမှောင်ဖုံးတဲ့ ည
အသက်ရှူမဝအောင် မွန်းလှတယ်
သုံးခွင့်မရတဲ့ ငွေစက္ကူတချပ်လို
လူတယောက်ကို ဖျက်သိမ်းဖို့ ကြိုးစားကြသလား
မှားမယ်။
ထွေးပြီးသားကိုပြန်မမျို၊ ကံကိုလည်းရိုးမယ်မဖွဲ့
တိုက်ပွဲရဲ့သီးသန့်အဖြစ် စံနစ်ရဲ့အကျဉ်းသားဘဝ
ငါခံယူပါ့မယ်။
ကျေနပ်တယ်။
ဟေ့
နင်းချေမယ့်သူတွေ
ခရေပွင့်လို ငါမကြွေ၊ မြေတလက်မ ပိုင်ဆိုင်ခွင့်ရသ၍
နေ့သစ်ရဲ့ အရုဏ်ဦးမှာ၊ ယုံကြည်ချက်ဆူးတွေစွင့်
ခေါင်းထောင်လို ဝင့်လိုက်မယ်
ငါဟာ…
နီရဲတဲ့ နှင်းဆီပွင့်။
မင်းကိုနိုင်
ခက်ထဏ် ဖေ့စ်ဘွတ်မှ …
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1