Tuesday, July 3, 2012

ကမ္ဘာ့လူဦးရေ၏ (၂၂% ) ခံစားနေရသော သူဋ္ဌေးရောဂါ (သို့) ကင်ဆာ

Ever November | 7/03/2012 12:54:00 PM | Best Blogger Tips
ကင်ဆာရောဂါသည်အသက်အရွယ်မရွေး ဖြစ်ပွားတတ်သောရောဂါဖြစ်ပြီး  ရောဂါဖြစ်ပွားပါက ငွေကုန် ကြေး
ကျများကာ  ရောဂါအနုအရင့်အလိုက်(၃)လမှ(၆)လအတွင်း သေဆုံးနိုင်ချေများကြောင်းကင်ဆာ ရောဂါအ
ထူးကုဆရာဝန်ကြီးများက မှတ်ချက်ပြုခံထားရသော ရောဂါဖြစ်သည်။
 
မြန်မာနိုင်ငံတွင်အဖြစ်အများဆုံးကင်ဆာရောဂါ(၅)မျိုးရှိကြောင်း၊ အမျိုးသမီးများတွင် အဖြစ်များသည် မှာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတို့ဖြစ်ပြီး အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ခံတွင်းပိုင်းဆိုင်ရာကင်ဆာ၊ အစာအိမ် နှင့်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ ဖြစ်ပွားတတ်ကြောင်း သိရှိရသည်။    
 
“ကင်ဆာရောဂါက အသက်အရွယ်မရွေးဘူး။ အသက်ငယ်ဖြစ်လဲ အခြေအနေမကောင်းဘူး။ အသက် ကြီးဖြစ်လဲ အခြေအနေ မကောင်းဘူး။ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်သင့်ပါတယ်။ ရောဂါရင့် သွားရင် ကုသဖို့မလွယ်ပဲ (၃)လကနေ (၆)လအတွင်း သေဆုံးနိုင်ခြေရှိတယ်” ဟု မြန်မာနိုင်ငံဆရာဝန် များအသင်းမှ ကင်ဆာရောဂါအထူးကု   ဒေါက်တာဒေါ်မီမီကိုက   ပြောသည်။   
 
ကင်ဆာရောဂါဖြစ်ပွားရခြင်းမှာ အနေအထိုင်အစားအသောက်မဆင်ခြင်သောကြောင့်လည်းကောင်း၊ မျိုးရိုးဗီဇကြောင့်သော် လည်းကောင်း  ၊ ဆေး လိပ်သောက်ခြင်း၊ဆေးရွက်ကြီးငုံခြင်း၊အရက်သောက်ခြင်း၊ ကွမ်းစား၍သော်လည်းကောင်း၊ လုပ်ငန်းခွင် ဓာတုပစ္စည်းများ ၊ပတ်ဝန်းကျင်ညစ်ညမ်း၍သော်လည်း ကောင်း၊ ခရမ်းလွန်ရောင်ခြည်၊ ဓါတ်ရောင်ခြည်တို့နှင့် ထိတွေ့မှုများ၍သော် လည်းကောင်း၊ ခုခံအားကျ ဆင်းမှုရောဂါရှိ၍သော်လည်းကောင်း စသည်တို့ကြောင့် ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။
 
ထို့ပြင် ကင်ဆာရောဂါဖြစ်ပွားလျှင် ကျွမ်းကျင်သောဆရာဝန်များနှင့် ပြသ၍ ခွဲစိတ်ကုသခြင်း၊ ကင်ဆာ ဆေးများဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်များဖြင့် ကုသခြင်း(ရောဂါနုပါက ဓါတ်ကင်၍ တားဆီးနိုင်ခြင်း)၊ ဟော်မုန်းဆေးများဖြင့်ကုသခြင်းတို့ဖြင့် ကုသနိုင်ကြောင်း သိရှိရသည်။  
 
“လောလောဆယ်မှာ နေ့စဉ်လူနာ (၁၃၀)ကနေ (၁၅၀)ထိလောက်ကို ကုသပေးနေပါတယ်။ ဒီနှစ် ထဲမှာပဲ ဓါတ်ကင်စက်အသစ်တစ်လုံးကို တပ်ဆင်မှာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ထဲက ဓါတ်ရောင်ခြည် အခမဲ့ကုသပေးနေတာ နှစ်ပေါင်း(၅၀)ကျော်ပါပြီ ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓါတ်ရောင်ခြည် ကုသရေးဌာနမှ ပါမောက္ခ ဦးစိုးဦးမောင်က ပြောသည်။     
 
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓါတ်ရောင်ခြည်ဌာနအား (၁၉၅၈)ခုနှစ်ကစ၍ဖွင့်လှစ်ခဲ့ပြီး ယခု လက်ရှိအချိန်တွင် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလတွင်စတင်အသုံးပြုခဲ့သော စက်တစ်လုံး၊၂၀၀၄ ခုနှစ်တွင် တပ်ဆင်ခဲ့သောစက်တစ်လုံး စုစုပေါင်းစက်(၂)လုံးဖြင့် ကင်ဆာရောဂါဝေဒနာရှင်များအား ကုသ ပေးလျက်ရှိသည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓါတ်ရောင်ခြည် ကုသရေးဌာနမှ ပါမောက္ခက ဆိုထားသည်။
 
မြန်မာနိုင်ငံတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးပြည်သူ့ဆေးရုံကြီးများတွင် ဓါတ်ရောင်ခြည်ဌာနများ ထားရှိထားကြောင်းကိုလည်း သိရှိရသည်။  
 
“ဖြစ်နေတာတော့ (၃) လလောက်ရှိပြီ။ ပျောက်နိုးနိုးနဲ့ ဆေးခန်းတွေမှာပဲကုနေတာ၊ အခုမှ တိုက်ကြီး ဆေးရုံကဆေးစာနဲ့ လွှဲပေးလို့ ဒီဆေးရုံကြီးကို ရောက်လာခဲ့တာ။လည်ချောင်း အကြောမကြီးရောင်တာ လို့ ပြောတယ်။ ကျောဘက်နဲ့ ရင်ဘက်ကိုတော့ ဓါတ်ကင်ထားတယ်။နဲနဲတော့ သက်သာလာပါတယ် ” ဟု တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာမှ လာရောက်ပြသသူ ဦးသိန်းက  ပြောသည်။   
 
ကင်ဆာရောဂါအားကာကွယ်ရန်အတွက် အလွယ်ကူဆုံးနည်းလမ်းများမှာ ကျန်းမာရေးနှင့် ညီညွတ် သော လူနေမှုစနစ် အား ကျင့်သုံးရန်(ဥပမာ-ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများလုပ်ခြင်း)၊ အရက်၊ ဆေးလိပ်ရှောင်ခြင်း၊ ကိုယ်အလေးချိန် လွန်ကဲမှုအား ရှောင်ရှားခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားသုံးခြင်း(ဥပမာ-အသီးအရွက်များ၊ လတ်ဆတ်သောအသား၊ငါးများစားသုံးခြင်း၊ ) ဆီများဖြင့်အထပ်ထပ်ကြော်ထားသော အစားအစာများ၊ ဆိုးဆေးအရောင်တင်   ဆေးပါသော အစား အစားများအား ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ကြောင်းကိုလည်း ဆရာဝန်ကြီးများက လမ်းညွှန်ထား သည်။     
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၀၃ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဝေဒနာရှင် (၁၀) သန်းကျော်နှစ် စဉ်ဖြစ်ပေါ်နေပြီး (၆)သန်းကျော် သေဆုံးလျက်ရှိကြောင်း၊ ၄င်း (၁၀)သန်းကျော် အနက်မှ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် (၄.၇)သန်းခန့်ရှိပြီး မဖွံ့ဖြိုးသေးသောနိုင်ငံများတွင် (၅.၅)သန်းခန့် ရှိကြောင်း ၊ ကမ္ဘာ့လူဦးရေ၏ (၂၂%)သည် ကင်ဆာရောဂါဝေဒနာသည်များဖြစ်ကြပြီး စုစုပေါင်း သေဆုံးမှု၏ (၁၂%) သည် ကင်ဆာရောဂါကြောင့် ဖြစ်ဟုသိရှိရသည်။
ယမင်း(မြစ်မခ)   

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1