မြစ်ကြီးနားမြို့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဒုက္ခသည်စခန်းပေါင်း(၁၂)ခု ရှိရာ စခန်း (၁၁)ခုတွင် တီဘီရောဂါများ ကူးစက်နေခြင်းဖြစ်သည်။
“တီဘီရောဂါက
လေထဲကနေ တဆင့်ကူးစက်နိုင်တယ်၊ ကချင်ပြည်မှာဆို စကားဝိုင်းဖွဲ့ ပြောတာတို့၊
ခွက်အတူ ပေါင်းသောက်တာတို့၊ မိသားစုခြင်ထောင် ပေါင်းထောင်တာတို့ ရှိတော့
ပိုပြီး ကူးစက်မှုရှိတယ်။ ရောဂါသည်နဲ့ (၆)ပေအကွာဆို ကူးစက်နိုင်တယ်။” ဟု
တီဘီအထူးကုဆရာတစ်ဦးက ပြောသည်။ တီဘီရောဂါသည် တစ်နှစ်အတွင်း လူဦးရေ(၁၀)ဦးနှင့် အထက်အထိ ကူးစက်နိုင်ကြောင်းကိုလည်း သိရသည်။
ဒုက္ခသည်စခန်းများတွင်
ကူးစက်တီဘီရောဂါဝေဒနာရှင် (၃၃) ဦးရှိနေပြီဖြစ်ကြောင်း ဒုက္ခသည်စခန်းများမှ
ကျန်းမာ ရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုပေးနေသူများထံက သိရှိရသည်။
ကူးစက်ရောဂါရှိနေသူများအနေဖြင့်
လတ်တလောတွင် ဖုန်ကာ (Mark) ဖြင့် အုပ်၍ စကားပြောဆိုနေကြ သော်လည်း
တီဘီရောဂါကာကွယ်နိုင်သည့် အဆင့်အထိ မရောက်သေးကြောင်း ၄င်းတို့ အဖွဲ့က
ဆိုသည်။
“ဖုန်ကာအုပ်ထားပေမဲ့
အရမ်းတော့ စိတ်မချရသေးဘူး၊ ကျမ်းမာရေးက ဆေး(၆)လ ပုံမှန်စားရင် အမြစ်ပြတ်
နိုင်တယ်လို့ ဆရာဝန်တွေက ညွှန်ထားတယ်။” ဟု စခန်းမှ တီဘီဝေဒနာရှင်တစ်ဦးက
ပြောသည်။
ဒုက္ခသည်စခန်းမှ
တီဘီရောဂါဝေသနာရှင်များအား အစိုးရကျန်းမာရေးဌာနမှ အခမဲ့ ဆေးဝါးကုသ ပေးနေ
သော်လည်း ကူးစက်တီဘီရောဂါသည် အင်မတန်လွယ်ကူစွာကူးစက်နိုင်သော
ရောဂါဖြစ်သဖြင့် ဒုက္ခသည်စခန်း တာဝန်ခံများက စိုးရိမ်နေကြသည်။
”တောင်ပေါ်ဆေးတွေက
အချိန်အဆဘယ်လောက်သောက်၊ ဘယ်လိုအသုံးပြု၊ ဘယ်နှစ်က စသောက်ဆိုတာ မျိုး
ညွှန်းထားတာ မရှိဘူး၊ ဒါကြောင့် တောင်ပေါ်ဆေးနဲ့ပျောက်အောင်
မကုသနိုင်သေးဘူးလို့ထင်တယ်။” ဟု တောင်ပေါ်ဒေသမှ ရောက်ရှိလာသော ဒုက္ခသည်
တီဘီဝေဒနာရှင်တစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ နှစ်ခြင်းဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ( ၈၄၇ )ရှိ၍ စုစုပေါင်း လူဦးရေ (၃၁၈၃) ဦး လာ ရောက်ခိုလှုံနေကြသည်။
လုဆိုင်း (မြစ်ကြီးနား)
No comments:
Post a Comment