Wednesday, July 4, 2012

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ ဆောက်လုပ်ရန်အတွက် နိုင်ငံခြားမှ အထပ်မြင့် အဆောက်အအုံ ဒီဇိုင်းများကို ပညာရှင်အဖွဲ့ (CQHP)သို့ လာရောက်တင်ပြထား

Ever November | 7/04/2012 08:17:00 PM | Best Blogger Tips
ရန်ကုန်မြို့ရှိ Junction Mawtin အဆောက်အအုံကို တွေ့ရစဉ်

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ ဆောက်လုပ်ရန်အတွက် နိုင်ငံခြားမှ အထပ်မြင့် အဆောက်အအုံ ဒီဇိုင်းများကို အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့(CQHP)သို့ လာရောက် တင်ပြထားမှုများ ရှိကြောင်း၊  CQHP မှ ဥက္ကဋ္ဌဦးသန်းမြင့်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါနိုင်ငံခြားမှ လာရောက်တင်ပြကြသည့် ဒီဇိုင်းများတွင် မြန်မာနိုင်ငံမှအထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးပြီးမှ ဆောက်လုပ်ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း ဦးသန်းမြင့်က ဆက်လက်ပြောကြား ခဲ့သည်။
“ဒီမှာ ဆောက်လုပ်ချင်တယ်ဆိုပြီး အထပ်မြင့် အဆောက်အအုံဒီဇိုင်း တွေကို ကျွန်တော်တို့ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးအဖွဲ့ကို နိုင်ငံခြားက လာပြီးတင်ပြထားတာ တွေရှိပါတယ်။ အခုလောလောဆယ်တော့ ထိုင်းနဲ့ စင်ကာပူကဒီဇိုင်းတွေ လာပြထားကြတယ်။ လူနေအိမ် အတွက် ဒီဇိုင်းတွေများပါတယ်၊၊ သူတို့ကတော့ သူတို့နိုင်ငံ၊ သူတို့ ရေမြေနဲ့ ဆွဲထားတဲ့ဒီဇိုင်းပါ။ ကျွန်တော်တို့ နိုင်ငံမှာဆောက်ဖို့အတွက် ကျွန်တော်တို့ ရေမြေသဘာဝနဲ့ ကျွန်တော်တို့ရဲ့ guide lines တွေနဲ့ စစ်ဆေးပြီးမှ ဆောက်လုပ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟုလည်း CQHP ဥက္ကဌ ဦးသန်းမြင့်က ဆက်လက်ပြောကြား ခဲ့သည်၊၊
ယင်းကဲ့သို့  အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့သို့ နိုင်ငံခြားမှ ဒီဇိုင်း လာရောက်တင်ပြကြသည့် အဖွဲ့ အစည်းများတွင် national counterpart လိုအပ်လျက်ရှိကြောင်း၊ ပြည်တွင်းမှ national counterpart အဖြစ် ဆောင်ရွက်လိုသူများကို CQHP မှ ဖိတ်ခေါ်ထားကြောင်းလည်း သိရှိရပါသည်။
“ဖိတ်ခေါ်ထားတဲ့ national counterpart  ဆိုတာ အင်ဂျင်နီယာ ဒါမှမဟုတ် ဗိသုကာပညာရှင်တွေပါ။ national counterpart  တွေ က ကျွန်တော်တို့ဆီ လာတင်ထားတဲ့ အထပ်မြင့် အဆောက်အအုံတွေ ရဲ့ဒီဇိုင်းကိုစစ်ဆေးမယ်။ ပြည်ပ ကလာတဲ့ အထပ်မြင့်အဆောက်အအုံ တွေကို ဒီအတိုင်းပေးဆောက်လို့ မဖြစ်ဘူး။ ကျွန်တော်တို့ဆီမှာ ငလျင်ကြောတွေ ရှိတယ်။ မြေအရည်အသွေးကလည်း သူတို့နဲ့ မတူနိုင်ဘူးလေ။ အဲဒီအတွက် ကျွန်တော်တို့ဆီက national counterpart က အသေးစိတ်စစ်ဆေး သွားမှာပါ။ သူတို့ခွင့်ပြုချက်ရမှ ဆောက်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်” ဟုလည်း အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1