Saturday, July 14, 2012

ကွန်ပျူတာဖြင့် ဂီတကို ဖန်တီးခြင်း သို့မဟုတ် Music Maker

Ever November | 7/14/2012 08:50:00 PM | Best Blogger Tips

ဂီတဖန်တီးမှုနဲ့ ပတ်သက်တဲ့ Software တွေ အတော်များများ ထုတ်လုပ်လာကြတဲ့ အထဲမှာ Magix Music Maker ဆိုတဲ့ Software အကြောင်း အသေးစိတ် ပြုစုတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Magix Music Maker Software ဟာ ဂီတဝါသနာရှင်များ၊ ကွန်ပျူတာဖြင့် ဂီတကိုဖန်တီးသူ ဂီတပညာရှင်များအတွက် အလွန် စိတ်ဝင်စားစရာကောင်းပြီး ဒီ software ဟာ ခေတ်မီ multimedia သုံး software ဖြစ်သလို ဂီတတွေကိုလည်း အလွယ်တကူ ဖန်တီးပြုလုပ်နိုင်တဲ့ software လည်း ဖြစ်ပါတယ်။
စာဖတ်သူ ဖန်တီးချင်တဲ့ ဖန်တီးလိုတဲ့ အချစ်သီချင်းတွေ၊ အမြူးအကြွတွေ ဒါမှမဟုတ် အလွမ်းအဆွေးတွေ၊ Hip Hop ဂီတမျိုးတွေကအစ Rock သီချင်းတွေအဆုံး သီချင်းအမျိုးအစား စုံလင်စွာ ခေတ်မီဂီတသံတွေနဲ့ ဖန်တီးနိုင်ပါတယ်။ ပြီးတော့ ပိုပြီး စိတ်ဝင်စားစရာ အချက်က ဒီ software ကို ဖန်တီးသူရဲ့ ဂီတစွမ်းရည်ပေါ်မှာ မူတည်ပြီး စိတ်ကြိုက် ဖန်တီးပေးနိုင်ပါတယ်။ စာအုပ်မှာ အခန်း ၈ ခန်းပါဝင်ပြီး Magix Music Maker အား ကွန်ပျူတာမှာ ထည့်သွင်းခြင်း၊ Music Maker 15 ၏ Application windodw, Edit Menu, Effects, View Menu, Menu Bar ပေါ်ရှိ အလွယ်တကူ လုပ်ဆောင်နိုင်သည့် Command များ၊ တေးသွားတစ်ခုကို လက်တွေ့ဖန်တီးခြင်း၊ ကွန်ပျူတာ Keyboard နဲ့ တေးသီချင်းများကို တီးခတ်ခြင်း စသဖြင့် အခန်းစဉ်အလိုက် အသုံးပြုပုံ အဆင့်ဆင့်ကို ပုံများနဲ့တကွ ရှင်းလင်း တင်ပြထားပါတယ်။ MiDi Editor လို့ ခေါ်တဲ့နေရာမှာ တေးသွားတွေ သံစဉ်တွေကို အဆင့်မြင့်မြင့် ဖန်တီးနိုင်သလိုသူ အဆင်သင့် ပေးထားတဲ့ ဂီတသံစဉ်တွေပေါ်မှာလည်း အမျိုးမျိုး ပြုပြင်ပြောင်းလဲပြီး ကိုယ်ပိုင်သံစဉ်အဖြစ် ကိုယ်ပိုင်သီချင်းအဖြစ် ဖန်တီးပစ်နိုင်ပါတယ်။ ပြီးတော့ စိတ်ဝင်စားစရာ တစ်ခုက MP3 File သို့မဟုတ် wave file နဲ့ အဆင်သင့်ရှိပြီးသား မိတ်ဆွေရဲ့ ကွန်ပျူတာထဲက သီချင်းအမျိုးအစား အမျိုးမျိုးကို ဒီထဲထည့်ပြီး Remix လုပ်လို့လည်း ရပါတယ်။
ဒါ့အပြင် မိမိတို့မှာရှိတဲ့ သီချင်းတွေကို စိတ်ကြိုက် အသံပြန်ချိန်တာ (Oyrm Instument Editor) လိုဟာမျိုးနဲ့ အဆိုတော်ရဲ့အသံကို တယ်လီဖုန်းထဲက အသံမျိုး ဒါမှမဟုတ် ပဲ့တင်သံမျိုး စတာတွေ ပြောင်းလဲပစ်လိုက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ “ဒီ software လေးရဲ့ လုပ်ဆောင်နိုင်မှုဟာ file သေးသေးလေးနဲ့ အရမ်းစွမ်းဆောင်နိုင်နေတယ် ဆိုတာတော့ လေ့လာရင်းနဲ့ ပိုသိလာပါလိမ့်မယ်” လို့ စာရေးသူက စာအုပ်အမှာမှာ ရေးသား တင်ပြထားပါတယ်။ ကွန်ပျူတာဖြင့် ဂီတကို ဖန်တီးလိုသူ ဂီတဝါသနာရှင်များအတွက် မနောဖြူစာပေမှ အုပ်ရေ (၅၀၀)၊ တန်ဖိုး - ၃၅၀၀ ကျပ်နဲ့ ဖြန့်ချိပါတယ်။
Net Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1