ရီးရဲလ်သို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့သည့် မိုဒရစ်
ယင်းပြောင်းရွှေ့ကြေးမှာ မိုဒရစ်အတွက်
ပေါင် (၃၆)သန်း ၀န်းကျင်ရရှိလိုနေသည့် စပါးစ် ဥက္ကဋ္ဌ လီဗိုင်းအတွက်
ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ ၀ီလျှံ နှင့် ဒါမီယာအိုတို့ကို ခေါ်ယူရန်
ပစ်မှတ်ထားနေသည့် စပါးစ် အသင်းအတွက် မိုဒရစ်၏ ပြောင်းရွှေ့ကြေးမှာ အထောက်အကူ
ဖြစ်လာမည် ဖြစ်သည်။
စပါးစ် နည်းပြ ဘိုအာ့စ်သည် ဈေးကွက်
မပိတ်မီ ကာလအတွင်း အနည်းဆုံး ကစားသမားသစ် (၃)ဦး ထပ်မံခေါ်ယူလိုနေပြီး
ဖူးဟမ်လ် အသင်းမှ ဒမ်ဘီလီမှာ ပထမဆုံး ရောက်ရှိမည့် ကစားသမား
ဖြစ်လာနိုင်ပြီး ပြင်သစ် တိုက်စစ်မှူး ရီမီကိုလည်း
စောင့်ကြည့်လေ့လာနေကြောင်း သိရသည်။
soccer weekly


No comments:
Post a Comment