Monday, August 27, 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ ရောက်မည်

Ever November | 8/27/2012 07:47:00 PM | Best Blogger Tips

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာဟာလာမယ့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်
ရှိနေမှာ ဖြစ်ကြောင်း Pheu Thai ပါတီ လွှတ်တော်အမတ် တစ်ဦးက မနေ့က ထုတ်ဖော် ပြောဆိုပါတယ်။
အဲဒါကြောင့် Pheu Thai ပါတီ လွှတ်တော်အမတ်တွေနဲ့ ရှပ်နီထောက်ခံသူ အများအပြားဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံဖို့ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို အဖွဲ့တွေ အနေနဲ့ရော၊ တစ်ဦးချင်း အနေနဲ့ပါ သွားရောက်ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း လွှတ်တော်အမတ် မစ္စတာ ပင်ညိုက ပြောဆိုပါတယ်။
ဒါပေမဲ့ မစ္စတာ သက်ဆင် မြန်မာနိုင်ငံကို သွားရောက်မယ့် အကြောင်းရင်း ကိစ္စကိုတော့ မပြောဆိုခဲ့ပါဘူး။ မစ္စတာသက်ဆင်ဟာ၂၀၀၆ခုနှစ် ပြည်ပကို ရောက်ရှိနေစဉ်အတွင်းစစ်တပ်ကအာဏာသိမ်းလိုက်လို့ ပြည်ပြေး
အဖြစ်နဲ့ နေထိုင်နေရပြီး အခုအခါ ဒူဘိုင်းနိုင်ငံမှာ နေထိုင်နေတယ်လို့ ယုံကြည်ကြပါတယ်။
၂၀၀၈ ခုနှစ်မှာ ထိုင်း ဗဟိုတရားရုံးက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဏာ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ် (၂) နှစ် မျက်ကွယ်မှာ ချမှတ်ခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1