Monday, August 27, 2012

မက္ကဆီကိုအကျဉ်းထောင်တစ်ခုတွင် အကျဉ်းသား ၁၀၀ ကျော် စုပေါင်းမင်္ဂလာပွဲကျင်းပ

Ever November | 8/27/2012 08:20:00 PM | Best Blogger Tips

မက္ကဆီကိုနိုင်ငံ နယ်စပ်ရှိ ဆူဒက်ကွာရက်ဇ် အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများ၏ မိသားစုဝင်များ တရားဝင် လည်ပတ်ခွင့်ရရှိရန် ရည်ရွယ်၍ အကျဉ်းသား ၁၀၀ ကျော် စုပေါင်းလက်ထပ် ထိမ်းမြားခဲ့ကြကြောင်း သိရသည်။ ယင်းကဲ့သို့ အကျဉ်းသားများအား စုပေါင်းမင်္ဂလာပြုပေးသည့် အခမ်းအနားသည် အကျဉ်းသားများ ထောင်မှ လွတ်မြောက်ပြီးနောက် ပိုမိုကောင်းမွန်သော ဘဝဖြင့် ရှင်သန်နေထိုင်သွားစေရေး ရည်ရွယ်၍ ပြုလုပ်ပေးသည့် မက္ကဆီကို အစိုးရ၏ နည်းဗျူဟာတစ်ခုဖြစ်သည်ဟု ချီဟွာဟွာပြည်နယ် မှတ်ပုံတင်ရုံးမှ ညွှန်ကြားရေးမှူး ဆီဇာဖာနန်ဒိုရာမီရက်ဇ်က ပြောကြားသည်။ မက္ကဆီကိုနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် စုပေါင်းမင်္ဂလာ အခမ်းအနားများကို မကြာခဏပြုလုပ်ပေးလေ့ရှိကြောင်း သိရသည်။ သို့သော် မူးယစ်ဆေးဝါး အကြမ်းဖက်မှုများကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့ရသည့် ကူဒက်ဂျွာရက်ဇ်ဒေသတွင် ယခုပြုလုပ်သည့် မင်္ဂလာပွဲ အခမ်းအနားမှာ ကြီးကျယ်ခမ်းနားဆုံးဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1