Monday, August 27, 2012

အိုင်ဆာအက်မုန်တိုင်း ကျူးဘားနိုင်ငံသို့ ၀င်ရောက်ပြီး ဖလော်ရီဒါသို့ ဦးတည်ရွေ့လျား

Ever November | 8/27/2012 07:45:00 PM | Best Blogger Tips

အိုင်ဆာအက်အပူပိုင်း မုန်တိုင်းသည် သြဂုတ် ၂၆ ရကက် ကျူးဘားနိုင်ငံ အရှေ့ပိုင်း ကုန်းတွင်းပိုင်းဒေသသို့ ဖြတ်သန်း ၀င်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လေပြင်းများ တိုက်ခတ်ပြီး မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ၄င်းမုန်တိုင်းသည် အမရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ ဆက်လက်ဦးတည်ရွေ့လျားနေကြာင်း သိရသည်။ အဆိုပါ မုန်တိုင်းသည် ဖလော်ရီဒါပြည်နယ်တွင် ပိုမိုအားကောင်းလာပြီး သြဂုတ် ၂၆ ရက်တွင် ဟာရီကိန်း မုန်တိုင်း တစ်ခုအသွင် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ယင်း မုန်တိုင်းသည် ကျူးဘားနိုင်ငံ ကုန်းတွင်းပိုင်း ဒေသများသို့ ၀င်ရောက်တိုက်ခတ်ပြီးနောက် ကုန်းမြင့်နေ လူထောင်ပေါင်းများစွာကို ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ထိခိုက်သေကျေ ပျက်စီးမှုသတင်းကိုမူ ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။ ၄င်းမုန်တိုင်းသည် ဟေတီနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1