တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုတွင် အသေးဆုံး ဖြစ်သော China Telecom သည် ၄င်းတို့၏မိခင်ကုမ္ပဏီ ထံမှ 3G assets (ကွန်ရက် သုံးပစ္စည်း များ)ကိုဝယ်ယူရန် စီစဉ်လျက်ရှိ သည်ဟု Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
အဆို ပါဝယ်ယူမှုတန်ဖိုးမှာ တရုတ်ငွေ ယွမ် ၁၂၀ ဘီလီယံ (ဒေါ်လာ ၁၉ ဘီလီယံ) 
ကျော်ရှိသည်ဟုလည်း အမည်မဖော်သည့် သတင်းရင်းမြစ် ၂ခုအား 
ကိုးကားဖော်ပြသွားခဲ့ပြီး အဆိုပါပမာဏမှာ ၄င်းတို့ကုမ္ပဏီ ၏စုစုပေါင်း book 
value (အသား တင်တန်ဖိုး)ထက်ပင်ကျော်လွန်သွား ခဲ့သည်။ 
တရုတ်(တိုင်ပေ)အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် China Telecom သည် 
အဆိုပါလွှဲ ပြောင်းဝယ်ယူမှုကိုယခုနှစ်အကုန် ပိုင်းတွင်အပြီးသတ်နိုင်ရန်လည်း 
မျှော်လင့်ထားသည်။ လက်ရှိတွင်မူ 3G bandwith ၊spectrum နှင့် 
infrastructure တို့ကို မိခင်ကုမ္ပဏီဖြစ် သည့် China Telecom Corporation 
ထံမှအခကြေးငွေဖြင့် ငှားရမ်းအသုံး ပြုလျက်ရှိသည်။
သို့ရာတွင် အပြီး သတ်ဝယ်ယူပြီးပါက ရေရှည်တွင် 
ကုန်ကျစရိတ်များကိုလျှော့ချသွား နိုင်မည်ဖြစ်သည်။ မိုဘိုင်းနည်း ပညာသည် 
တရုတ်ပြည်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လျက် ရှိရာတွင် 
ပုံမှန်ကြေးဖြင့်အသုံးပြု နေသူများမှာလည်း လျင်မြန်စွာ တိုးပွားလျက်ရှိပြီး
 အဆိုပါသုံးစွဲသူ များပြားလာခြင်းကြောင့် ကုမ္ပဏီ အနေဖြင့်ဆက်သွယ်ရေး 
စနစ်များငှားရမ်းသုံးစွဲနေရာတွင်လည်း တန် ဖိုးတိုးမြှင့်၍ပေးချေနေရသည်။
ပြီးခဲ့ သည့်နှစ်တွင် China Telecom သည် ဝန်ဆောင်ခအတွက် တရုတ်ယွမ် ၁၉ 
ဘီလီယံ (ဒေါ်လာ ၂.၂၉သန်း) ပေးချေခဲ့ရသည်။ လက်ရှိတွင်ကုမ္ပဏီသည် 3G ငှား 
ရမ်းသုံးစွဲသူ သန်း ၅၀ အပါအဝင် မိုဘိုင်းစနစ် ကို ငှားရမ်းသုံးစွဲသူ 
အရေအတွက် မှာ စုစုပေါင်း ၁၄၄ သန်းအထိရရှိ ထားသည်။ ကုမ္ပဏီအနေဖြင့် ရှယ် 
ယာသစ်များကို ခေါ်ဆိုမှုမရှိဘဲကိုယ်ပိုင် ငွေကြေးရင်းမြစ်များကို သာအသုံးပြု၍
 ဝယ်ယူမှုပြုရန်လုပ် ဆောင်နေသလို အဆိုပါ ဝယ်ယူမှု နှင့်ပတ်သက်သည့်ကုမ္ပဏီ၏ ရည်
 ရွယ်ချက်ကိုလည်း လာမည့်လတွင် ကြေညာချက် ထုတ်ပြန်မည်ဖြစ်သည်။
Net Guide Journal 


No comments:
Post a Comment