Monday, August 27, 2012

ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ အစီအစဉ် မရှိတော့ဘူးဆိုတဲ့ မမီကျော်ကျော်

Ever November | 8/27/2012 07:49:00 PM | Best Blogger Tips

ပြိုင်ပွဲတွေက တစ်ဆင့် အနုပညာ လမ်းကြောင်းပေါ်ကို လျှောက်လှမ်း လာသူလေးက မေမီကျော်ကျော်ပဲ ဖြစ်ပါတယ်။  ခုဆိုရင် သူက ထာဝရ မန္တလေးဆိုတဲ့ ရုပ်သံဇာတ်လမ်းထဲမှာ ပါဝင် သရုပ်ဆောင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအစကို 8DAYS ပရိသတ်နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။
အနုပညာကို စလုပ်ဖြစ်တာက..
ဆယ်တန်း ဖြေပြီးသွားတော့ ဆရာဘရိုင်ယန် စီစဉ်တဲ့ Myanmar Super Look alike မှာ ဝင်ပြိုင်ဖြစ်တာပါ။ ၂၀၀၈ ခုနှစ်ကပါ။
အဲဒီပြိုင်ပွဲမှာ ဘယ်လို ရလဒ်မျိုးရခဲ့ပါလဲ။
တတိယဆုရခဲ့ပါတယ်။
ဘယ် Super Star ရဲ့ ရုပ်တူနဲ့ ပြိုင်ခဲ့တာပါလဲ။
ရေဗက္ကာဝင်း စတိုင်လ်နဲ့ပါ။
အဲဒီအတွက် ဘယ်လိုပြင်ဆင်ပြီး ဘယ်လိုခံစားရလဲ။
တတိယဆု ရပေမယ့် အရမ်းပျော်ပါတယ်။ ဒါက စပြိုင်တဲ့ ပွဲလည်းဖြစ်တော့ စိတ်လှုပ်ရှားမှုတွေတော့ ရှိခဲ့တယ်။
ပြိုင်ပွဲတွေ ပြိုင်တဲ့အတွက် ရတဲ့ကောင်းကျိုးက..
ပြိုင်ပွဲတွေ ပြိုင်ခြင်းအားဖြင့် မိတ်ဆွေတွေ အများကြီးရတယ်။ ကိုယ်မသိသေးတဲ့ ပြင်ပ ဗဟုသုတတွေလည်း ထပ်ပြီး သိခွင့်ရတယ်။ အတွေ့အကြုံသစ်တွေ ရတယ်။
ပြိုင်ပွဲမှာ အဓိကထားပြီး ပြိုင်ခဲ့ရတာက..
အဝတ်အစားနဲ့ မိတ်ကပ်ပဲ ဂရုစိုက်ပြီး ပြင်ခဲ့ရတာပါ။
ကိုယ်တိုင်ကရော ရေဗက္ကာဝင်းကို စွဲလမ်းကြိုက်နှစ်သက်သူလား။
ဟုတ်ကဲ့ အရမ်းကြိုက်ပါတယ်။ သူ့ရဲ့ဖက်ရှင်အပြင် သူ့ရဲ့ သီဆိုဖျော်ဖြေတင်ဆက်ပုံတွေကို ကြိုက်တယ်။
သူက ပညာရေးကို အလေးထားသူ။ မေမီကရော..
မေမီက ပညာရေး အားနည်းတယ်။ စာကျက်ရတာ ပျင်းတယ်။ မေမီ Miss X'mas မှာ ဆုရတဲ့အတွက် ပျော်ပါတယ်။ ပြိုင်ပွဲ အတွေ့အကြုံက သိပ်မရှိဘူးဆိုတော့ ဆုကြေညာတော့ သူငယ်ချင်းနာမည်တွေ ကြေညာတော့လည်း ပျော်ရတာပါပဲ။ Miss X'mas ကတော့ ကိုယ့်အတွက် အပျော်ဆုံးပွဲပေါ့။ အရင်နှစ်တွေက ပြိုင်ဖို့ စီစဉ်ပေမယ့် မပြိုင်ဖြစ်ဘဲ ၂၀၁၁ ကျမှ ပြိုင်ဖြစ်သွားတာ။
လမ်းလျှောက်တာတွေကအစ သေချာလေ့လာ သင်ယူခွင့် ရတဲ့ပွဲလည်းဖြစ်တော့ အမှတ်တရပဲ။ ပြိုင်ပွဲမှာ ဝင်ပြိုင်တော့မယ် ဆိုရင်တော့ စာဖတ်အား များများလိုမယ် ထင်တယ်။ စာများများ မဖတ်နိုင်ပေမယ့် ကိုယ်ဝင်ပြိုင်မယ့် ပြိုင်ပွဲနဲ့ ဆက်စပ်၊ ပတ်သက်တာလေးတွေတော့ သိအောင် လေ့လာထားသင့်ပါတယ်။
နောက်ပိုင်း ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့တော့ အစီအစဉ် မရှိတော့ပါဘူး။ ဝါသနာပါတဲ့ ဓာတ်ပုံရိုက်တာနဲ့ သရုပ်ဆောင်တာကို ပရိသတ် လက်ခံနိုင်တဲ့အထိ ကြိုးစားသွားပါမယ်။ အိမ်ကလည်း အားလုံးကို ဖြည့်ဆည်းပေးပါတယ်။
ကလောင် - Olive
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1