Monday, August 27, 2012

ဖုန်းလိုင်းများ ကောင်းမွန်ရန် Mobile Antenna များ တပ်ဆင်ခွင့် ရရှိရန်လို

Ever November | 8/27/2012 08:32:00 PM | Best Blogger Tips

မိုဘိုင်း ဖုန်းလိုင်းများ ပိုမိုကောင်းမွန် လာနိုင်ရန် အတွက် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံ များတွင် Mobile Antenna များ တပ်ဆင် သွားနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ YCDC အနေဖြင့် ဥပဒေ သတ်မှတ်ပြဌာန်းကာ Mobile Antenna များ တပ်ဆင် ခွင့်ပြုလုပ်ရန် လိုအပ်ကြောင်း ယခုလ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ဦး ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
အများပြည်သူကိုင်ဆောင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများ၏ ဖုန်းလိုင်းများ ပိုမိုကောင်းမွန်ရန်မှာ မိုဘိုင်းတာဝါတိုင်များ တည်ဆောက် ရုံဖြင့် မလုံလောက်ဘဲ လူနေတိုက်ခန်းများဖြစ်သည့် အထပ်မြင့် အဆောက် အဦများတွင်လည်းMobile Antenna များ ထပ်မံတပ်ဆင်ပါက ယခုမို ဘိုင်းလိုင်းများက ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဦးကျော်စိုးမှ ထပ်မံ ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကြေး နန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းမှ ကျောင်းအုပ် ဦး ကျော်စိုးက “ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ပိုမိုကောင်းလာဖို့က ကျွန်တော်တို့ ဆက်သွယ်ရေးအနေနဲ့အထပ်မြင့်အဆောက်အအုံတွေ မိုဘိုင်းအင်တာနာတွေ တပ်ဆင်သွားဖို့ကို YCDC ကိုပြောထားတာရှိပါ တယ်။ ခက်တာက လူတွေက မိုဘိုင်းအင်တာနာတိုင်တွေ တစ်ကယ်လို့ အထပ် အမြင့်တွေမှာ တပ်ဆင်သွားမယ်ဆိုရင် မိုဘိုင်းအင်တာနာတိုင်တွေနဲ့ နီးကပ်နေတဲ့အတွက် ရောဂါအန္တရာယ်ရမှာကို အလွန်စိုးရိမ်နေပါတယ်။ တစ်ကယ်တော့ ဒါဟာ ဘာမှဖြစ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင် မိုဘိုင်း တာဝါတိုင်တွေရဲ့ အောက်မှာနှစ်ပေါင်းများစွာ လုပ်ကိုင်နေလာခဲ့တာပဲ၊ ဘာပြဿနာမှ မရှိပါဘူး”ဟု ပြောသည်။
အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရှိ အထပ်မြင့်အဆောက်အအုံ များ၏ အမိုးပေါ်၌ ဆက်သွယ်ရေး Antenna များ တပ်ဆင်ခွင့်ပြုလုပ်ရ မည်ဖြစ် ကြောင်း ဥပဒေက ပြဌာန်းပေးထား သည်ဟုဆိုသည်။
ထို့ကြောင့် ရန်ကုန် မြို့ရှိ မိုဘိုင်းအဆောက်အအုံများ၏ အမိုးပေါ်တွင်Mobile Antenna များ တပ်ဆင်ခွင့်ပြုပါက မြို့နေလူထုများအနေဖြင့် မိုဘိုင်းဖုန်းများဖြင့် သွားလာပြောဆိုဆက်သွယ်ရာတွင် ဆက်သွယ်မှုပြတ်တောက်ခြင်းကို ကြုံတွေ့ရမည်မဟုတ်ကြောင်းနှင့် ယခုထက် ပိုမိုကောင်းမွန်စွာ ဆက်သွယ် ပြောဆိုနိုင်မည်ဖြစ်ကြောင်းဦးကျော်စိုးကပြောသည်။
စောရည်နန္ဒာ
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1