Sunday, September 2, 2012

အစိုးရကခိုင်းလို့လုပ်ရတာပါ သို့သော်လည်းပြန်ပေးပါမည်ဟု ဦးဌေးမြင့်ဆို

Ever November | 9/02/2012 10:24:00 AM | Best Blogger Tips

ကချင်ပြည်နယ် ဖားကန့် မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ ဟူးကောင်းချိုင့်ဝှမ်းရှိ လယ်မြေ  များအား လယ်သမားများထံပြန် လည်ပေးအပ်မည်ဟု(၂၉.၈. ၂၀၁၂)လွှတ်တော်၌တက်ရောက်  နေသည့် ယုဇနဦးဌေးမြင့်မှ NLD ကချင်ပြည်နယ် တာဝန်ခံ ဒေါ် ဘောက်ချာအား နေပြည်တော်  ၌ ပြောကြောင်းသိရှိရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့ နယ်အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်း  အနီးအနားရှိ ကျေးရွာ(၆)ရွာမှ လယ်ယာများအား လယ်သမား များထံ ပြန်လည်ပေးပါမည် ဆန္ဒ မပြပါနဲ့ဟုဆိုကာ နေပြည်တော် သို့ NLD ကချင်ပြည်နယ် တာဝန်ခံ   NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ ၀င်တစ်ဦးဖြစ်သည် ဒေါ်ဘောက် ချာအား ပြောကြာင်းသိရှိရပါ သည်။အဆိုပါ ကိစ္စနဲ့ပတ်သက်၍  ဒေါ်ဘောက်ချာမေးမြန်းရာ ““လယ်ယာမြေတွေကို ပြန်လည် မပေးရင်ငြိမ်းချမ်းစွာ ဆန္ဒပြဖို့  (၂၅.၈.၂၀၁၂)နေ့မှာ ဗဟန်းရဲ စခန်း စာတင်ခဲ့တယ်။(၂၅)ရက်  နေ့မှာ စခန်းမှာ ကျွန်မတို့ကို  လက်မှတ်ထိုးခိုင်းတယ်။(၂၈)ရက် နေ့ကျတော့ ယုဇန ဦးဌေးမြင့်  ပိုင်တဲ့ ကုမ္ပဏီရှေ့မှာဆန္ဒပြမယ်။  ဆန္ဒပြမဲ့နေရာက ရုံးချုပ်ရှေ့မှာလို့ ပြောတယ်။ခွင့်မပြုဘူး၊ခွင့်မပြုတဲ့ အတွက် ရဲစခန်းရှေ့မှာ ဆန္ဒပြ  မယ်လို့ပြောခဲ့သေးတယ် ခွင့်မပြု   (၃၀)ရက်နေ့ရောက်တဲ့အခါ   ယုဇနဦးဌေးမြင့် ကျွန်မနဲ့လယ်  သမားများကို နေပြည်တော်လာခဲ့ ဖို့ သူက ကမ်းလှမ်းတယ်။သူ လွှတ်တော်မှာမို့ မအားလို့လာခဲ့ ပါလို့ ဖိတ်ခေါ်တယ်။ဒါနဲ့ကျွန်မ  နဲ့လယ်သမား(၅)ယောက်သွား တယ်။OASIS ဟိုတယ် သူတည်း တဲ့ နေရာမှာညှိကြတယ်။ဒီလယ် ယာတွေဟာသူလုပ်တာမဟုတ်ဘူး အစိုးရက ခိုင်းလို့လုပ်တာ မြေ ဆိုတာက အစိုးရပိုင်တာဆိုပြီး ငြင်းပါသေးတယ်။အစိုးရပိုင်တယ် ဆိုသော်လည်း နိုင်ငံသားတွေ လည်းပိုင်တယ်လို့ကျွန်မကပြော  ပြလိုက်တယ်။
တရားရုံးက ချမှတ်ထားတဲ့  အတိုင်းလုပ်ပေးပါ့မယ်လို့ပြော တယ်။တစ်ပတ်လောက် လွှတ်တော်  မှာနေရဦးမယ်။ပြီးမှ ရန်ကုန်ဆင်း ပြီး ဒီကိစ္စလုပ်ပေးပါမယ်လို့ဆိုပါ တယ်။ညှိနှိုင်းပေးပါတယ်လို့ပြော တယ်။ဖြစ်ချင်တော့ အဲဒီနေ့မှာ  ရဲစခန်းက ဆန္ဒပြခွင့်ပေးတယ်ဆို ပြီးပြောလာတယ်။ဦးဌေးမြင့်နဲ့ ရဲစခန်းဟာ ဘယ်လိုနည်းနဲ့မဆို   အချိတ်အဆက်ရှိတယ်ဆိုတာ သိရကြောင်း”” ပြောပြသွားသည်။
စိုးဝင်းနိုင်
Hot News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1