Sunday, September 2, 2012

သွေးချင်းတို့ရဲ့ ရတနာမြေ ၊ ယမ်းနံ့တို့ဝေ

Ever November | 9/02/2012 10:05:00 AM | Best Blogger Tips

မြစ်ကြီးနားက မနက်(၈)နာရီ လောက်မှာစပြီး ထွက်လာတာ ဖားကန့် ရောက်တော့ ညနေ ၅ နာရီခွဲရှိနေပါပြီ။ မိုင် (၁၀၀ ကျော်)လောက်သာရှိတဲ့ မြစ် ကြီးနား၊ ဖားကန့်လမ်းဟာ ဒီနှစ်မိုးတွင်း မှာ ထင်တာထက်အများကြီး အခြေအ နေစိုးနေပါတယ်။ တစ်လမ်းလုံးလိုလို ချိုင့် တွေ၊ ကျင်းတွေ ပေါ်ကပဲမောင်းနေရ တော့ ခရီးကမတွင်လှပါဘူး။ တခြား အနှောင့်အယှက်တစ်စုံတစ်ရာ မတွေ့ခဲ့ ရပေမယ့် ကာမိုင်း အလွန်မှာ ကားလမ်း ပေါ် ရေကျော်နေတာတွေ့ရပါတယ်။ ဆိုင်ကယ်တွေကိုတော့ လူ(၄)ယောက် လေက်ဝါးလုံးရှိုပြီး ထမ်းပြီး ကူးကြတာ တွေ့ရပါတယ်။ စာရေးသူတို့ ခရီးသည် တင် ဗင်ကားကတော့ စက်သတ်ပြီး  ၀ိုင်း တွန်းပေးတဲ့ အဖွဲ့တွေကို ကားတစ်စီး (၆၀၀၀)ကျပ်နဲ့ ငှားပြီး တွန်းခိုင်းကြရပါ တယ်။ လူတွေက ကားပေါ်ထိုင်လိုက်ရ တော့ ရေနက်တဲ့ နေရာရောက်တော့ ကားထဲရေ၀င်ပြီး ထိုင်နေတဲ့ ထိုင်ခုံနစ် တော့ ခါးအောက်ပိုင်း တစ်ပိုင်းလုံး ရေ နစ်သွားပါတယ်။ ရေလွတ်တဲ့နေရာ ရောက်တော့ သတိရလို့ ကြည့်လိုက်မှ ခါးကဖြုတ်ပြီး ထိုင်ခုံပေါ်တင်ထားတဲ့ “ဖုံး” ရေနစ်နေတာတွေ့ရပါတော့တယ်။ ခပ် မြန်မြန်ဆယ်ပြီး အဖုံးဖွင့်ပြီး စက်ထဲထုတ် လိုက်ပေမယ့် အတွင်းပိုင်းတစ်ခုလုံး ရေ တွေစိုနေပါပြီ။ ““ဖုံးစခရင်””မှာပါ ရေ၀င်နေ ပါပြီ။ မြန်မာနိုင်ငံအတွက် တစ်ဘက် တစ်လမ်းက၀င်ငွေ အမြောက်အများရ အောင် ရှာပေးနေတဲ့ ကမ္ဘာကျော် ကျောက်စိမ်းဒေသကို သွားတဲ့လမ်းဟာ တောင်တွေသိပ်မမြင့်လို့ ခက်ခက်ခဲခဲ ဖောက်လုပ်ရမယ့်နေရာမရှိပဲ ကျောက် ခင်း ကတ္တရာလမ်းဖြစ်ပြီး ကျန်တဲ့ ကိုး ဆယ့်ငါးရာခိုင်နှုန်းလောက် ဆိုးဆိုးဝါးဝါး ဖြစ်နေတာဟာ မသင့်တော်လှပါဘူး။ နယ်မြေမအေးချမ်းလို့ဆိုတဲ့အကြောင်းပြ ချက်နဲ့တင် လမ်းမကောင်းတာ လုံလောက် ပါပြီလား။ လမ်းခရီးမှာရှိတဲ့ တံတား မှန် သျှကလည်း ကုမ္ပဏီအသီးသီးက ဆောက် လုပ်လှူဒါန်းထားတာချည်းပါပဲ။ နယ်မြေ မအေးချမ်းတဲ့အတွက် ဘာမှ လုပ်နိုင်ပုံ မရပါဘူး။ ဒီတော့ ပြည်သူတွေပဲ ဒုက္ခ ရောက်ကြရတာပါ။
ဖားကန့်ရောက်ပြီး နောက်တစ်နေ့ မှာ တည်းခိုတဲ့ အိမ်က ညီညီတို့အဖွဲ့နဲ့ အတူ သဘာဝကျောက်လှိုင်ဂူကျောင်းကို သွားကြပါတယ်။ ဘုရားဖူးယုံသက်သက် ပါပဲ။ ကျောက်တုံးတွေထိပ်ဖျားမှာ တည် ထားတဲ့ စေတီတစ်ခူရယ်၊ ကျိုက်ထီးရိုး ပုံစံတူစေတီတစ်ခူရယ်၊ နဂါးရုံ တိုင်တော် မူ ဘုရားတစ်ဆူရယ်ကို တစ်ဘက်ကား လမ်းမက လှမ်းကြည့်ပြီးကြည်ညိဖွယ် ဖြစ်တာကြောင့်သွားဖူးမျှော်ကြတာပါပဲ။ ဘုရားဖူးပြီးတော့ ကျောင်းပေါ်တက်ပြီး ဆရာတော်ကြီးကို ရှိခိုးဦးချပြီး ပြန်ဆင်း လာတော့ မေတ်္တာရှင်လူမှုကူညီရေးအ သင်း ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ရုံးခမ်းတစ်ခု ရှေ့အရောက်မှာ လူတစ်ယောက်နဲ့ မျက် နှာချင်ဆိုင်တွေ့လို့ “၀င်နားကြပါဦး””ဆို တာနဲ့ ဗဟုသုတအနေနဲ့ ၀င်ကြည့်ဦးမှပဲ စိတ်ကူးနဲ့ ရုံးခမ်းထဲဝင်ထိုင်မိကြပါတယ်။ အမြင်မှာတွေ့လို့ ဖိတ်ခေါ်တဲ့သူက မေတ္တာရှင်လူမှုကူညီရေးအသင်းက (ဦးသန်းဌေးအောင်)ပါတဲ့ ရုံးမှာရှိတဲ့ ကလေး မလေးနှစ်ယောက်က စာရေးသူတို့ ဧည့် သည်တွေကို ကော်ဖီမစ်ဖျော်တိုက်ပြီး ဧည့်ခံပါတယ်။
မေတ္တာရှင်နာရေးကူညီမှုအသင်းကို သဘာဝကျောက်လှိုင်ဂူကျောင်းဆရာ တော် ဘဒ္ဒန္တခေမာနန္ဒ ဦးစီးပြီး ၁၃၇၃ ခုနှစ်၊ ပြာသိုလဆန်း (၈)ရက်မှာ စပြီး တည်ထောင်လို့ အသင်းသက်တမ်း နု သေးကြောင်းနဲ့ အသင်းအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းခွင့်မရခဲ့တဲ့ လွန်ခဲ့တဲ့ ကာလတွေ ကတည်းက ဆရာတော်ကြီးရဲ့ ဦးဆောင် လမ်းညွှန်မှုနဲ့ လူမှုရေးကိစ္စတွေကိုဆောင် ရွက်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ကြောင်းသိရပါ တယ်။ အတွင်းရေးမှူးဦးသန်းဌေးအောင် က စာရေးသူတို့အဖွဲ့ကို အသင်းရဲ့ ပတ် သက်တာလေးတွေကို ဗဟုသုတအဖြစ် ရှင်းပြပေးနေတုန်းမှာ စာရေးသူကလည်း နံရံမှာကပ်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ ကို လိုက်ကြည့်မိပါတယ်။ စာရေးသူရဲ့ အာရုံကို ဆွဲဆောင်နေတာကတော့ စစ် ဘေးဒုက္ခသည်တွေကို သွားရောက် ထောက်ပံ့လှူဒါန်းနေတဲ့ ပုံတွေပါပဲ။
၁၁-၁-၂၀၁၂ နေ့၌ စစ်ဘေးဒုက္ခ သည်စခန်း (မှော်ဘီစာ)ဘုန်းတော်ကြီး ကျောင်းတွင် သွားရောက်ကူညီထောက် ပံ့မှုမှတ်တမ်း၊ ငှက်ပျောတော မှော်ဝမ်း နှစ်ခြင်းကျောင်း အားသွားရောက်လျူ ဒါန်းမှု၊ လုံးခင်းနှစ်ခြင်းကျောင်းအား သွား ရောက်လှူဒါန်းမှု စတဲ့ ခေါင်းစဉ်စာသား တွေနဲ့ မှတ်တမ်းဓာတ်ပုံတွေ တွေ့ရပါ တယ်။ ကျန်တဲ့ မှတ်တမ်းတင် ဓာတ်ပုံ တွေကတော့ထူးထူးခြားခြား မရှိပါဘူး။ တခြားမြို့နယ်အသီသီးက နာရေးအသင်း တွေလိုသာရေး၊ နာရေးကူညီစောင့်ရှောက် မှုတွေပါပဲ။ မှတ်တမ်းတင်ဓာတ်ပုံတွေ ကြည့်နေရင်း စာရေးသူရင်ထဲက အတွေး တစ်ခုဝင်လာပါတယ်။ တစ်ဘက်က မြန် မာ့တပ်မတော်နဲ့ အခြားတစ်ဖက်က က ချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခက်တိုက် ခိုက်မှုတွေကြောင့် တကယ်တမ်း ဘယ် သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်လို့ ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်းတွေမှာ ဗုဒ္ဓ ဘာသာဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မ မိသားစုဝင်တွေ ဒုက္ခရောက် နေတဲ့ ပုံတွေတွေ့ရသလို၊ ခရစ်ယာန် ဘုရားကျောင်းတွေမှာလည်း ခရစ်ယာန် ဘာသာဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မ မိသားစုဝင်တွေ ဒုက္ခရောက် နေကြတဲ့ပုံတွေကို မြင်နေရပါတယ်။ တကယ်တမ်း ဒီဒုက္ခကို ကျော်လွှားနိုင်ဖို့၊ အခက်အခဲပြဿနာပေါင်းစုံကို တက်နိုင် သမျှ ပြေလည်အောင် ၀ိုင်းဝန်းဖြေရှင်း ပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ လဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဖွဲ့အစည်း တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ လှု မှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီလက် တွဲ ညီညီနဲ့ သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ သူ့ ဘာသာ၊ ကိုယ့်သဘာသာဆိုတဲ့ လူမျိုးစွဲ၊ ဘာသစွဲကင်းကင်းနဲ့ ““ငါတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေအချင်းချင်း တက်စွမ်းနိုင်သမျှ ကူညီစောင့်ရှောက် မယ်”“ဆိုတဲ့  စိတ်အပြည့်နဲ့ ကူညီစောင့် ရှောက်နေကြတာပါ။ မှတ်တမ်းဓာတ်ပုံ တွေကတော့ ““တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကြားမှာ လူမျိုးရေး၊ ဘာ သာရေးခွဲခြားမှုဘာမျှ မရှိဘဲ ချစ်ချစ်ခင် ခင် စည်းစည်းလုံးလုံးနဲ့ အခက်အခဲ မှန် သမျှ လက်တွဲကျော်လွှားနေပါတယ်””လို့ ပြောပြနေတာပါ။ တကယ်တမ်း တိုင်း ပြည်ကြီး ငြိမ်းချမ်းစေချင်တယ်၊ ပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုတဲ့ စစ် ပွဲတွေကို ဖန်တီးနိုင်စွမ်းနဲ့ ရပ်တန့်နိုင်စွမ်း ရှိတဲ့ နှစ်ဖက်သောခေါင်းဆောင်ကြီးတွေ အနေနဲ့ စစ်ပွဲတွေကြောင့် ငါတို့ တိုင်းရင်း သား ညီအစ်ကိုမောင်နှစ်မတွေ ဒုက္ခ ရောက်နေကြရှာပြီဆိုတဲ့ အတွေးလေးနဲ့ ငြိမ်းချမ်းရေးအတွက် စဉ်းစားပေးဖို့ပါ။မြစ်ကြီးနားက မနက်(၈)နာရီ လောက်မှာစပြီး ထွက်လာတာ ဖားကန့် ရောက်တော့ ညနေ ၅ နာရီခွဲရှိနေပါပြီ။ မိုင် (၁၀၀ ကျော်)လောက်သာရှိတဲ့ မြစ် ကြီးနား၊ ဖားကန့်လမ်းဟာ ဒီနှစ်မိုးတွင်း မှာ ထင်တာထက်အများကြီး အခြေအ နေစိုးနေပါတယ်။ တစ်လမ်းလုံးလိုလို ချိုင့် တွေ၊ ကျင်းတွေ ပေါ်ကပဲမောင်းနေရ တော့ ခရီးကမတွင်လှပါဘူး။ တခြား အနှောင့်အယှက်တစ်စုံတစ်ရာ မတွေ့ခဲ့ ရပေမယ့် ကာမိုင်း အလွန်မှာ ကားလမ်း ပေါ် ရေကျော်နေတာတွေ့ရပါတယ်။ ဆိုင်ကယ်တွေကိုတော့ လူ(၄)ယောက် လေက်ဝါးလုံးရှိုပြီး ထမ်းပြီး ကူးကြတာ တွေ့ရပါတယ်။ စာရေးသူတို့ ခရီးသည် တင် ဗင်ကားကတော့ စက်သတ်ပြီး  ၀ိုင်း တွန်းပေးတဲ့ အဖွဲ့တွေကို ကားတစ်စီး (၆၀၀၀)ကျပ်နဲ့ ငှားပြီး တွန်းခိုင်းကြရပါ တယ်။ လူတွေက ကားပေါ်ထိုင်လိုက်ရ တော့ ရေနက်တဲ့ နေရာရောက်တော့ ကားထဲရေ၀င်ပြီး ထိုင်နေတဲ့ ထိုင်ခုံနစ် တော့ ခါးအောက်ပိုင်း တစ်ပိုင်းလုံး ရေ နစ်သွားပါတယ်။ ရေလွတ်တဲ့နေရာ ရောက်တော့ သတိရလို့ ကြည့်လိုက်မှ ခါးကဖြုတ်ပြီး ထိုင်ခုံပေါ်တင်ထားတဲ့ “ဖုံး” ရေနစ်နေတာတွေ့ရပါတော့တယ်။ ခပ် မြန်မြန်ဆယ်ပြီး အဖုံးဖွင့်ပြီး စက်ထဲထုတ် လိုက်ပေမယ့် အတွင်းပိုင်းတစ်ခုလုံး ရေ တွေစိုနေပါပြီ။ ““ဖုံးစခရင်””မှာပါ ရေ၀င်နေ ပါပြီ။ မြန်မာနိုင်ငံအတွက် တစ်ဘက် တစ်လမ်းက၀င်ငွေ အမြောက်အများရ အောင် ရှာပေးနေတဲ့ ကမ္ဘာကျော် ကျောက်စိမ်းဒေသကို သွားတဲ့လမ်းဟာ တောင်တွေသိပ်မမြင့်လို့ ခက်ခက်ခဲခဲ ဖောက်လုပ်ရမယ့်နေရာမရှိပဲ ကျောက် ခင်း ကတ္တရာလမ်းဖြစ်ပြီး ကျန်တဲ့ ကိုး ဆယ့်ငါးရာခိုင်နှုန်းလောက် ဆိုးဆိုးဝါးဝါး ဖြစ်နေတာဟာ မသင့်တော်လှပါဘူး။ နယ်မြေမအေးချမ်းလို့ဆိုတဲ့အကြောင်းပြ ချက်နဲ့တင် လမ်းမကောင်းတာ လုံလောက် ပါပြီလား။ လမ်းခရီးမှာရှိတဲ့ တံတား မှန် သျှကလည်း ကုမ္ပဏီအသီးသီးက ဆောက် လုပ်လှူဒါန်းထားတာချည်းပါပဲ။ နယ်မြေ မအေးချမ်းတဲ့အတွက် ဘာမှ လုပ်နိုင်ပုံ မရပါဘူး။ ဒီတော့ ပြည်သူတွေပဲ ဒုက္ခ ရောက်ကြရတာပါ။
ဖားကန့်ရောက်ပြီး နောက်တစ်နေ့ မှာ တည်းခိုတဲ့ အိမ်က ညီညီတို့အဖွဲ့နဲ့ အတူ သဘာဝကျောက်လှိုင်ဂူကျောင်းကို သွားကြပါတယ်။ ဘုရားဖူးယုံသက်သက် ပါပဲ။ ကျောက်တုံးတွေထိပ်ဖျားမှာ တည် ထားတဲ့ စေတီတစ်ခူရယ်၊ ကျိုက်ထီးရိုး ပုံစံတူစေတီတစ်ခူရယ်၊ နဂါးရုံ တိုင်တော် မူ ဘုရားတစ်ဆူရယ်ကို တစ်ဘက်ကား လမ်းမက လှမ်းကြည့်ပြီးကြည်ညိဖွယ် ဖြစ်တာကြောင့်သွားဖူးမျှော်ကြတာပါပဲ။ ဘုရားဖူးပြီးတော့ ကျောင်းပေါ်တက်ပြီး ဆရာတော်ကြီးကို ရှိခိုးဦးချပြီး ပြန်ဆင်း လာတော့ မေတ်္တာရှင်လူမှုကူညီရေးအ သင်း ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ရုံးခမ်းတစ်ခု ရှေ့အရောက်မှာ လူတစ်ယောက်နဲ့ မျက် နှာချင်ဆိုင်တွေ့လို့ “၀င်နားကြပါဦး””ဆို တာနဲ့ ဗဟုသုတအနေနဲ့ ၀င်ကြည့်ဦးမှပဲ စိတ်ကူးနဲ့ ရုံးခမ်းထဲဝင်ထိုင်မိကြပါတယ်။ အမြင်မှာတွေ့လို့ ဖိတ်ခေါ်တဲ့သူက မေတ္တာရှင်လူမှုကူညီရေးအသင်းက (ဦးသန်းဌေးအောင်)ပါတဲ့ ရုံးမှာရှိတဲ့ ကလေး မလေးနှစ်ယောက်က စာရေးသူတို့ ဧည့် သည်တွေကို ကော်ဖီမစ်ဖျော်တိုက်ပြီး ဧည့်ခံပါတယ်။
မေတ္တာရှင်နာရေးကူညီမှုအသင်းကို သဘာဝကျောက်လှိုင်ဂူကျောင်းဆရာ တော် ဘဒ္ဒန္တခေမာနန္ဒ ဦးစီးပြီး ၁၃၇၃ ခုနှစ်၊ ပြာသိုလဆန်း (၈)ရက်မှာ စပြီး တည်ထောင်လို့ အသင်းသက်တမ်း နု သေးကြောင်းနဲ့ အသင်းအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းခွင့်မရခဲ့တဲ့ လွန်ခဲ့တဲ့ ကာလတွေ ကတည်းက ဆရာတော်ကြီးရဲ့ ဦးဆောင် လမ်းညွှန်မှုနဲ့ လူမှုရေးကိစ္စတွေကိုဆောင် ရွက်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ကြောင်းသိရပါ တယ်။ အတွင်းရေးမှူးဦးသန်းဌေးအောင် က စာရေးသူတို့အဖွဲ့ကို အသင်းရဲ့ ပတ် သက်တာလေးတွေကို ဗဟုသုတအဖြစ် ရှင်းပြပေးနေတုန်းမှာ စာရေးသူကလည်း နံရံမှာကပ်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ ကို လိုက်ကြည့်မိပါတယ်။ စာရေးသူရဲ့ အာရုံကို ဆွဲဆောင်နေတာကတော့ စစ် ဘေးဒုက္ခသည်တွေကို သွားရောက် ထောက်ပံ့လှူဒါန်းနေတဲ့ ပုံတွေပါပဲ။
၁၁-၁-၂၀၁၂ နေ့၌ စစ်ဘေးဒုက္ခ သည်စခန်း (မှော်ဘီစာ)ဘုန်းတော်ကြီး ကျောင်းတွင် သွားရောက်ကူညီထောက် ပံ့မှုမှတ်တမ်း၊ ငှက်ပျောတော မှော်ဝမ်း နှစ်ခြင်းကျောင်း အားသွားရောက်လျူ ဒါန်းမှု၊ လုံးခင်းနှစ်ခြင်းကျောင်းအား သွား ရောက်လှူဒါန်းမှု စတဲ့ ခေါင်းစဉ်စာသား တွေနဲ့ မှတ်တမ်းဓာတ်ပုံတွေ တွေ့ရပါ တယ်။ ကျန်တဲ့ မှတ်တမ်းတင် ဓာတ်ပုံ တွေကတော့ထူးထူးခြားခြား မရှိပါဘူး။ တခြားမြို့နယ်အသီသီးက နာရေးအသင်း တွေလိုသာရေး၊ နာရေးကူညီစောင့်ရှောက် မှုတွေပါပဲ။ မှတ်တမ်းတင်ဓာတ်ပုံတွေ ကြည့်နေရင်း စာရေးသူရင်ထဲက အတွေး တစ်ခုဝင်လာပါတယ်။ တစ်ဘက်က မြန် မာ့တပ်မတော်နဲ့ အခြားတစ်ဖက်က က ချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခက်တိုက် ခိုက်မှုတွေကြောင့် တကယ်တမ်း ဘယ် သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်လို့ ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်းတွေမှာ ဗုဒ္ဓ ဘာသာဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မ မိသားစုဝင်တွေ ဒုက္ခရောက် နေတဲ့ ပုံတွေတွေ့ရသလို၊ ခရစ်ယာန် ဘုရားကျောင်းတွေမှာလည်း ခရစ်ယာန် ဘာသာဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မ မိသားစုဝင်တွေ ဒုက္ခရောက် နေကြတဲ့ပုံတွေကို မြင်နေရပါတယ်။ တကယ်တမ်း ဒီဒုက္ခကို ကျော်လွှားနိုင်ဖို့၊ အခက်အခဲပြဿနာပေါင်းစုံကို တက်နိုင် သမျှ ပြေလည်အောင် ၀ိုင်းဝန်းဖြေရှင်း ပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ လဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဖွဲ့အစည်း တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ လှု မှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီလက် တွဲ ညီညီနဲ့ သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ သူ့ ဘာသာ၊ ကိုယ့်သဘာသာဆိုတဲ့ လူမျိုးစွဲ၊ ဘာသစွဲကင်းကင်းနဲ့ ““ငါတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေအချင်းချင်း တက်စွမ်းနိုင်သမျှ ကူညီစောင့်ရှောက် မယ်”“ဆိုတဲ့  စိတ်အပြည့်နဲ့ ကူညီစောင့် ရှောက်နေကြတာပါ။ မှတ်တမ်းဓာတ်ပုံ တွေကတော့ ““တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကြားမှာ လူမျိုးရေး၊ ဘာ သာရေးခွဲခြားမှုဘာမျှ မရှိဘဲ ချစ်ချစ်ခင် ခင် စည်းစည်းလုံးလုံးနဲ့ အခက်အခဲ မှန် သမျှ လက်တွဲကျော်လွှားနေပါတယ်””လို့ ပြောပြနေတာပါ။ တကယ်တမ်း တိုင်း ပြည်ကြီး ငြိမ်းချမ်းစေချင်တယ်၊ ပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုတဲ့ စစ် ပွဲတွေကို ဖန်တီးနိုင်စွမ်းနဲ့ ရပ်တန့်နိုင်စွမ်း ရှိတဲ့ နှစ်ဖက်သောခေါင်းဆောင်ကြီးတွေ အနေနဲ့ စစ်ပွဲတွေကြောင့် ငါတို့ တိုင်းရင်း သား ညီအစ်ကိုမောင်နှစ်မတွေ ဒုက္ခ ရောက်နေကြရှာပြီဆိုတဲ့ အတွေးလေးနဲ့ ငြိမ်းချမ်းရေးအတွက် စဉ်းစားပေးဖို့ပါ။
ဓာတ်ပုံတွေကြည့်နေရင်း အတွေး လွန်နေမိတဲ့ စာရေးသူကို အတွင်းရေးမှူး  ဖြစ်တဲ့ ကိုသန်းဌေးအောင်က နောက်ထပ်  ရောက်လာတဲ့ ဒုတိယဥက္ကဋ္ဌ ကိုမင်း အောင်၊ဥက္ကဋ္ဌဦးကျော်ဝင်းတို့နဲ့မိတ်ဆက်  ပေးပါတယ်။ဒုတိယဥက္ကဋ္ဌကိုမင်းအောင် နဲ့ဥက္ကဋ္ဌကိုကျော်ဝင်းတို့ကလဲ စာရေးသူ   ကို သူတို့ မေတ္တာရှင်လူမှုကူညီရေးအ သင်းနဲ့ပတ်သက်တာလေးတွေကို စိတ် လိုလက်ရရှင်းပြကြပါတယ်။ဓာတ်ပုံတွေကို   စိတ်ဝင်စားနေတဲ့စာရေးသူကို ရုံးကအမျိုး သမီးငယ်လေးက ဓာတ်ပုံမှတ်တမ်းတွေ  အများကြီးထုတ်ပြပါတယ်။အသင်းရဲ့လှုပ် ရှားမှု၊သာရေး၊နာရေးမှတ်တမ်းတင်ပုံတွေ ပါဘဲ။
ကိုမင်းအောင်က ဒီဓာတ်ပုံကလေး တွေက(၂၉.၅.၂၀၁၂)ရက်နေ့က (မမုန်  ကျေးရွာ)မှာ တပ်မတော်နဲ့ကေအိုင်အေ   အပြန်အလှန်ပစ်ခတ်တဲ့ကြားထဲမှာ သေနတ်မှန်ပြီးသေသွားတဲ့(ကိုမောင်ဇော်)  အသက်(၂၉)နှစ်ရဲ့ ဓာတ်ပုံတွေပါဆိုလို့ ကျွန်တော်စိတ်ဝင်စားပြီး ဓာတ်ပုံတွေကြည့် မိပါတယ်။ ““သေနတ်မှန်သေသွားတဲ့သူက  အောက်ပိုင်းက တက်လာပြီး အလုပ်လုပ်  တဲ့သူပါ။ (ရှမ်းစု)ရွာမှာနေတယ်၊လင်မယား  နှစ်ယောက် ဖားကန့်ကို ဆိုင်ကယ်နဲ့ဈေး  လာဝယ်ရင်း တပ်နဲ့ကေအိုင်အေ(၂)ဖွဲ့  ဆိုင်ထားတဲ့ကြားထဲရောက်တော့ ပစ် ခတ်မှုဖြစ်တာနဲ့အမျိုးသားက သေနတ်  မှန်ပြီး ပွဲချင်းပြီးဆုံးသွားတယ်။အမျိုးသမီး  ကတော့ ဘာမှမဖြစ်ပါဘူး၊သူတို့ရွာနဲ့လဲ  အလှမ်းဝေး၊ဆွေမျိုးသားချင်းကလည်း  မရှိတော့ ကျွန်တော်တို့အဖွဲ့ကပဲ နာရေး  ကိစ်္စကိုအစစ တာဝန်ယူပြီးလုပ်ပေးခဲ့ပါ တယ်။ဘေးနားမှာ ငိုနေတာသူ့မိန်မပါတဲ့။    စာရေးသူ ရင်ထဲမှာ ဆို့နစ်သွားခဲ့ရပါ တယ်။အပြစ်မဲ့ပြည်သူတွေ စစ်ပွဲဖြစ်ပွား  နေတဲ့ဒေသခံအနှံ့အပြားမှာ ဘယ်နှစ် ယောက်တောင် သေဆုံးသွားကြပါပြီလဲ။ဘယ်သူ့ကိုမှလဲတိုက်ဖို့မရည်ရွယ်၊ဘယ်သူ့   ဘက်တော်သားမှမဟုတ်ပဲ။ကိုယ့်ထမင်း ကိုယ်ရှာစားရင်း၊ဆွမ်းခံရင်းငှက်သင့် ဆို သလို တိုက်ပွဲကြားမှာ သေဆုံးသွားတဲ့  သူတွေ အတွက်ကော ထည့်ပြီးစဉ်းစား  မပေးတော့ဘူးလား။အပြစ်မဲ့ပြည်သူတွေ  သေဆုံးနေတာ  ငါတို့မှာတာဝန်ရှိပါလား  ဆိုတဲ့ အတွေးကလေးသာတွေးတတ်ကြ  မယ်ဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲ တွေ အဆုံးသတ်သွားမှာပါ။
စာရေးသူရဲ့ညီဖြစ်တဲ့ ညီညီက လည်း လူမှုရေးကိစ်္စတွေ စိတ်ဝင်စား တတ်တဲ့ လူငယ်တစ်ဦးဖြစ်လို့ လိုအပ် လာရင် ဖုံးဆက်ပါ၊တတ်နိုင်သမျှ ကူညီ ပေးပါမယ် ဆိုပြီး သူ့ဖုံးနံပါတ်ပေးထား ခဲ့ပါတယ်။
၂၀၁၂ခုနှစ်၊သြဂုတ်လ၊(၁၉)ရက်နေ့ မနက်မှာတော့ ညီညီဆီကို မေတ္တာရှင်  လူမှုကူညီရေးအသင်းက ဖုန်းဆက်ပြီး  အကူအညီတောင်းလာပါတယ်၊ဖားကန့်  အနောက်မြောက်ဘက်မှာရှိတဲ့ (မော် မောင်းမှော်)ဘက်ကို တပ်မတော်စစ် ကြောင်းတွေ မနေ့ည(၁၈.၈.၂၀၁၂)  ရက်နေ့က ရောက်လာတဲ့အတွက် အဲဒီ  ဒေသမှာရှိတဲ့ (ကေအိုင်အေ)အဖွဲ့နဲ့ တိုက်ပွဲဖြစ်မှာစိုးရိမ်နေကြပြီး၊(မော်မောင်းမှော်)ရွာသားတွေ ညကတည်းက ထွက် ပြေးတိမ်းရှောင်လာကြောင်းနဲ့ ကျန်နေတဲ့ ရွာသားတွေကို သွားကြိုဖို့ ကားအကူ  အညီတောင်းတာဖြစ်ကြောင်းသိရပါတယ်။ညီညီလဲ အိမ်မှာရှိတဲ့(၄+၄)ကားယူပြီး  ထွက်သွားပါတယ်။
နေ့လည်ဘက် စာရေးသူ သဘာဝ ကျောက်လှိုဏ်ဂူကျောင်းရောက်သွား တော့ မော်မောင်းမှော် ဒေသဘက်က ပြေးလာတဲ့ ဒုက်္ခသည်တွေရောက်နေတာ  တွေ့ရပါတယ်။ကိုသန်းဌေးအောင်က တစ်ချို့အဖွဲ့တွေက ညကတည်းကရောက်  လာတာဖြစ်ကြောင်းနဲ့ ခရစ်ယာန်ဘာ သာဝင်တွေကတော့ ဘုရားရှိခိုးကျောင်း  တွေမှာသွားပြီး ခိုလှုံနေကြောင်းပြောပြ ပါတယ်။စစ်တပ်ကကော ကေအိုင်အေ   အဖွဲ့ကရောရွာကနေ အမြန်ဆုံးရှောင်  ကြဖို့ပြောတာနဲ့ညကတည်းကပြေးလာခဲ့ တာ၊သူတို့နှစ်ပွဲ တိုက်ပွဲဖြစ်တော့မယ် ထင်တယ်။လို့ စစ်ရှောင်လာတဲ့ရွာသား တစ်ဦးကပြောပါတယ်။မကြာခင်မှာ ဒုက္ခ သည်တွေကိုသွားပြီးကယ်နေတဲ့ ဒုဥက္ကဋ္ဌ  ကိုမင်းအောင်နဲ့အတူ ညီညီတို့လဲပြန် ရောက်လာကြပါတယ်။ဒုက္ခသည်တွေကို သွားခေါ်တော့ နှစ်ဘက်စလုံးက တပ် တွေ တွေ့ပေမယ့် ဘာမှအနှောက်အယှက်  မပေးဘူးလို့တော့ပြောပါတယ်။တစ်ချို့ ဒုက္ခသည်တွေကို ခရစ်ယာန်ဘုရား ကျောင်းတွေဆီပို့ပေခဲ့ရကြောင်းသိရပါ တယ်၊မော်မောင်းဘွမ်ရွာမှာတော့ ခရစ် ယာန်အများစုနေထိုင်ကြတာပါ။ရွာမှာ တော့ ရွာသွားတွေတစ်ယောက်မျှမရှိ တော့ဘူးလို့ပြောပါတယ။်ဆရာတော်ကြီး  ကိုယ်တိုင် ရုံးခန်းထဲဆင်းလာပြီး ဒုက္ခ သည်တွေ အရေးကို စီမံပေးနေတာတွေ့ ရပါတယ်။
(၂၄.၈.၂၀၁၂)ရက်နေ့ မနက်ပိုင်း  မှာ မေတ္တာရှင်အဖွဲ့က ညီညီဆီဖုန်းဆက် ပြီး ကားအကူအညီတောင်းပြန်ပါတယ်။  ဒီတစ်ခါ စစ်ရှောင်ဒုက္ခသည်တွေကိုသွား ကြိုရမှာကတော့ မော်ဝမ်းကြီးနဲ့ မော် ၀မ်းလေးရွာများဖြစ်ပါတယ်တဲ့။ကျွန်တော်    လဲ ညီညီနဲ့အတူဒုက္ခသည်တွေကို ကူညီ  ဖို့လိုက်ခဲ့ပါတယ်။မော်ဝမ်းလေးရွာရောက် တော့ရွာရဲ့အရှေ့ဘက်ကုန်းမှာ(KIA) အ  ဖွဲ့က တပ်စွဲထားပြီးရွာရဲ့အနောက်ဘက် တောင်ကုန်းမှာ တပ်ကအဖွဲ့တွေနေရာ  ယူထားတယ်လို့ ရွာသားတွေကပြောပါ တယ်။တောင်ကုန်းတွေပတ်လည်ဝိုင်းထား  တဲ့သဘောပါပဲ။မကြောက်တတ်တဲ့ သူတွေ  ကတော့ အေးအေးဆေးဆေးပါဘဲ“ရေ  မဆေး” သမားတွေလဲ တူရွင်းတွေကိုင် ပြီး သွားတူးနေကြတုန်းပါဘဲ။
(၂၅.၈.၂၀၁၂) ရက်နေ့ မနက် မိုး လင်းတော့ ညက မော်ဝမ်းလေးမှာ တိုက် ပွဲဖြစ်လို့ ဒုက္ခသည်တွေသွားကြိုကြရသ ပြန်ပါတယ်။ဒီတစ်ခါတော့ တကယ့်သေ နတ်သံ၊တိုက်ပွဲသံကြားရတာမို့ ပြေးတာ ကတော့ တစ်ရွာလုံးပါဘဲ၊သုံးဘီးဆိုင် ကယ်၊ရိုးရိုးဆိုင်ကယ်၊ကားမျိုးစုံ၊ခြေလျင် စတဲ့ပုံစံမျိုးစုံနိုင်တဲ့ အထုတ်သယ်ဖို့တမ်း ပြီးပြေးလွှားနေကြတာတွေ့ရတော့ ဓာတ် ပုံကော၊ဗီဒီယိုပါကြုံသလိုရိုက်ရင်း စိတ် မကောင်းလည်းဖြစ်ရပါတယ်။ ““ညက ၆  နာရီလောက်ကစပြီး ပစ်ကြတာ၊နားလိုက်၊   ပစ်လိုက်ပါဘဲ၊လက်နက်ကြီးသံလဲကြားရ တယ်၊ကျွန်မတို့ညတုန်းကလည်း ထပြေး  ကြတာ ရွာသားတွေအများကြီးလဲ သင်္ချိုင်းကုန်းလမ်းဘက်ကပြေးကာ၊ဒီကား  လမ်းဘက်ကိုဖြတ်လို့မရတော့ဘူး။အခုမှ     ပစ္စည်းတွေတစ်ခေါက်လာယူတာ ရွာက အိမ်တွေကို မီးရှို့မယ်ကြားလို့လေလို့ ကချင်အမျိုးသမီးတစ်ယောက်ကပြောပြ ပါတယ်။နောက်တစ်ယောက်ကတော့ သူတို့ဟာသူတို့ တိုက်ပွဲဖြစ်ချင်ရင် ဟိုး အဝေးကြီးမှာသွားဖြစ်ကြပါလား၊ဘာလို့   လူတွေဒုက္ခရောက်အောင်ရွာနားမှာလာ  ဖြစ်ကြတာလဲ၊ကျွန်မတို့ရွာသွားတွေနဲ့  ဘာဆိုင်လို့ဒုက္ခရောက်အောင်လုပ်နေ   ကြတာလဲ လို့ မော်ဝမ်းနှစ်ခြင်းကျောင်း  ကိုပို့ခဲ့ပြီး၊နောက်တစ်ဖွဲ့ကို(နှစ်ခြင်းအသင်း တော်)ကို ပို့ပေးခဲ့ရပါတယ်။
ည (၇) နာရီလောက်မေတ္တာရှင်အဖွဲ့ က အကူအညီလှမ်းတောင်းတာနဲ့ ကျွန်တော်  နဲ့ ညီညီရောက်သွားပါတယ်။ ဒီတစ်ခါက တော့ မော်ဝမ်းနှစ်ခြင်းကျောင်းမှာ လူတွေ  များပြီး နေရာမဆန်တော့တဲ့အတွက် လူတချို့ကိုခွဲထုတ်ပြီး မရှိကတောင်မှာရှိ တဲ့ ခရစ်ယာဉ်ဘုရားကျောင်းကို ပိုပေးရ ပါတယ်။ ဗုဒ္ဓဘာသာလူမှုရေးအဖွဲ့ကား တွေက သာသနာ့အလံလေးတွေနဲ့ ခရစ်ယာဉ်ဘာသာရေးအသင်းအဖွဲ့ကား တွေကလဲ သက်ဆိုင်ရာအလံတွေတပ်ဆင်  ပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဒုက္ခရောက်နေသူတွေကို တက်ညီလက်ညီ   ကူညီဆောင်ရွက်ပေးနေကြတာ တစ်ဘက်   က ကြည့်တော့လဲကြည်နူးစရာပါနေသူ တွေကို တက်ညီလက်ညီကူညီဆောင်ရွက်   ပေးနေကြတာတစ်ဘက်ကကြည့်တော့လဲ   ကြည်နူးစရာပဲ။ ကားပေါ်မှာပါလာတဲ့ ကချင်အမျိုးသမီးကြီးက ငှက်ပျောတောက  ခရစ်ယာဉ်ကျောင်းရှေ့မှာကားရပ်ပေးပါ  ဆိုလို့ခဏရပ်ပေးတော့ သားနှစ်ယောက်နဲ့   လူချင်းကွဲသွားလို့သားတွေကို ရှာချင်တယ် လို့ပြောပါတယ်။ ခဏရှာကြည့်ပြီး နောက်  နေ့မှရှာတော့မယ်။ မိုးချုပ်နေပြီဆိုပြီးကား ပေါ်ပြန်တက်လာလို့ မရှီကထောင် ခရစ်ယာဉ်ကျောင်းကိုလိုက်ပို့ပေးလိုက်ပါ တယ်။ မရှီကထောင်ဘုရားကျောင်းမှာ လည်း စစ်ရှောင်ဒုက္ခသည်တွေနဲ့ ပြည့်နေ ပါပြီ။ ကားပေါ်ကဆင်းတဲ့ကချင်လူငယ် လေးတစ်ယောက်ကစာရေးသူကို အခုလို   ကူညီတာအစ်ကိုကြီးတို့ကို ကျေးဇူးတင် ပါတယ်။ ဗျာလို့လာပြောလို့စာရေးသူက လည်း “ကျေးဇူးတင်ဖို့မလိုပါဘူးကွာ၊ တို အားလုံးညီအစ်ကိုတွေပဲ၊ တစ်ဦးအခက် အခဲတစ်ဦးကူညီကြရမှာပေါ့”လို့ပြောလိုက်    မိပါတယ်။
(၂၇.၈.၂၀၁၂) မနက် (၉) နာရီ  လောက်မှာ စာဖတ်နေတဲ့ စာရေးသူကို ညီညီက “အစ်ကိုရေအပြင်ထွက်နားထောင်   ပါဦး၊ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီး  သံတွေကြားနေရတယ်”လို ပြောလို့ ကျွန်တော်အပြင်ထွက်ပြီး အိမ်နားမှာရှိ တဲ့ ကုန်းလေးပေါ်တက်ပြီ နားထောင် တော့ တစ်ချက်၊ တစ်ချက် ထွက်နေတဲ့ ပေါက်ကွဲသံတွေ တိုးတိုးတစ်ခါ၊ ကျယ် ကျယ်တစ်လှည့်ကြားနေရပါတယ်။ အေးကွ ဟုတ်တယ်။ မြို့နယ် နီးနေပြီထင်တယ်၊ တောင်ကုန်းပေါ်ကသွားကြည့်ရအောင်” ဆိုပြီး မြို့ဦးစေတီတောင်ကုန်းကိုတက်ပြီး  ကြည့်ကြပါတယ်။ ကျွန်တော်တို့ရောက် သွားတော့ လူတွေအများကြီးရောက်နေ ပါပြီ၊ တိုက်ပွဲဖြစ်တာမြင်ရအောင်လို့ ဆိုင်ကယ်တွေနဲ့ တက်လာပြီးလာကြည့် ကြတဲ့သူတွေရော၊ မြို့ဦးစေတီကျောင်းမှာ  ဖွင့်ထားတဲ့ဒုက္ခသည်စခန်းမှာ ရောက်နေ    ကြတဲ့ စစ်ပြေးဒုက္ခသည်တွေရော လက်နက်ကြီးသံကြားတဲ့ မော်မောင်းကုန်း  ဘက်ကို လှမ်းကြည့်နေကြပါတယ်။ စာရေးသူတို့ရောက်သွားတော့ အသံပဲ ကြားရပြီး ဘာမှမမြင်ရတာနဲ့ ဒုက်္ခသည် တွေကို ဓာတ်ပုံနှစ်ပုံလောက်ရိုက်ပြီး ပြန် ဆင်းလာကြပါတယ်။ မေတ္တာရှင်အဖွဲ့ရုံး ကိုရောက်တော့ ဒုက္ခသည်တွေကို ထမင်း ကျွေးနေချိန်ရောက်နေပါပြီ။ ကျောင်း  မြေကွက်လပ်မှာ ထမင်းစားပွဲတွေ၊ ကုလား  ထိုင်တွေချပြီး ထမင်းကျွေးနေတာက ဒုက္ခသည်စခန်းနဲ့ တောင်မတူဘဲ အလှူ တစ်ခုလိုတောင်ဖြစ်နေပါတယ်။ ချက်ပြုတ်   ကျွေးမွေးနေတဲ့ သူတွေကအစစေတနာ  ၀န်ထမ်းတွေဖြစ်ပြီးသပ်သပ်ရပ်ရပ်ဝတ်စား   ချက်ပြုတ်နေကြတာပါ။ ရပ်ကွက်တစ်ခု လုံးက အထူးတိုက်တွန်းစရာမလိုပဲ လူငယ်ကော၊ လူကြီးပါ ကျရာတာဝန်ယူ ပြီး ကူညီနေကြတာဟာ ချစ်ခင်စည်းလုံး ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ တွေရဲ့ မြန်မာ့စိတ်ဓာတ်အစစ်အမှန်ပါဘဲ။ ဒါက ရတနာမြေဖြစ်တဲ့ ဖာကန့်မြို့ရဲ့ အခု  လက်ရှိအခြေနေပါ။ KIA နဲ့ အစိုးရတပ်  ကြားပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ (၂) နှစ် နီးပါးမှာကချင်ပြည်နယ်တစ်ခုလုံးဒုက္ခသည်    တွေအများကြီးဖြစ်နေပါပြီ။ တိုက်ပွဲကြား မှာ လင်သေသွားလိုဒုက္ခရောက်နေကြတဲ့  အမျိုးသမီးတွေ တိုက်ပွဲတွေကြောင့် ပြေး ရင်လွှားရင်းသာသမီးနဲ့ ကွဲသွားကြရတဲ့ မိခင်တွေ၊ အိုးတွေအိပ်တွေမွနဲ့ လွှတ်ထွက်  ပြေးကြရလိုနေချင်ညချင်းအိုးမဲ့၊ အိမ်မဲ့ ဖြစ်သွားကြတဲ့သူတွေ စာသင်ချိန်ရောက် လို့မှကျောင်းမတက်နိုင်တော့တဲ့၊ ကျောင်း သားလေးတွေ၊ တွေ့လို့ရသမျှရေးရင်တောင်  မဆုံးနိုင်တဲ့ဒုက္ခတွေဒီဒုက္ခတွေကိုခံနေကြ ရတာက (ကချင်၊ ဗမာ၊ ရခိုင်၊ ရှမ်း) စတဲ့  အားလုံးသော တိုင်းရင်းသားတွေပါဘဲ။ အခုတစ်ဘက်နဲ့ တစ်ဘက်လက်နက်ကြီး ငယ်တွေနဲ့ ပစ်ခတ်ပြီးတိုက်ခိုက်နေတဲ့ နှစ်ဘက်သောအဖွဲ့အစည်းတစ်စစ်သည်  တွေဟာလဲ တိုင်းရင်းသားညီအစ်ကို အချင်းချင်းပါဘဲ။ ဘာလို့များ တစ်ဖက် နဲ့ တစ်ဖက်တိုက်ခိုက်ကြပါတော့မလဲ။ ဆွေးနွေးညှိနှိုင်းအဖြေရှာရင် ငြိမ်းချမ်းရာ ဆုံမှတ်ကိုရောက်နိုင်ပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဖြူစင်စွာလက်ကမ်းကြဖို့ပဲလိုတာ ပါ။
၂၀၁၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့က စတင်ခဲ့တဲ့ စစ်ပွဲတွေဟာခုချိန်မှာတစ်နှစ်  နဲ့ (၂) လကျော်လာပါပြီ၊ ကချင်ပြည်နယ်  အနှံ့အပြားဒုက္ခသည်ပေါင်းများစွာ ဆင်းရဲ  ဒုက္ခရောက်နေရပါပြီး၊ တရုတ်ပြည်ဘက် ရောက်သွားတဲ့ ဒုက္ခသည်တွေကိုလဲ တရုတ်အစိုးရက ပြန်ခိုင်နေပြီလို့ကြားနေ ရပါတယ်။ မိုးရွာတည်းမှာ ခိုကိုးရာမဲ့နေ ကြတဲ့ တိုင်းရင်းသားညီအစ်ကိုတွေ မိခင်  တွေ အမျိုးသမီးတွေ၊ အဘိုးအို၊ အဘွား အိုတွေကို ဒီအတိုင်းလက်ပိုက်ကြည့်နေ ကြတော့ မလားလို့မေးပါရစေတော့။ စစ် ကြောင့် ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား  တွေရဲ့ နေရေးထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးအစစအရာရာကို လူမှုရေး  အဖွဲ့အစည်းတွေအနေနဲ့လည်း ရေရှည်  တာဝန်ယူနိုင်ဖို့မလွယ်ကူပါဘူး။ နှစ်ဘက်  သော တာဝန်ရှိသူတွေလေးလေးနက်နက်  စဉ်စားကြဖို့လိုအပ်နေပါပြီ။
ဘယ်တော့မှ မပြီးဆုံးနိုင်တော့တဲ့ စစ်ပွဲ  တွေတိုက်ပြီး တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်အောင်လုပ်နေကြမှာလား။
ငြိမ်းချမ်းရေးရအောင်ဆွေးနွေးပြီးနိုင်ငံတော် ကြီးဖွံ့ဖြိုးတိုးတက်အောင်အေးအတူပူအမျှ  လက်တွဲဆောင်ရွက်ကြမှာလား။
ပြည်သူတွေကိုယ်စား၊ အထူးသဖြင့်ဒုက္ခ သည်တွေကိုယ်စားရင်ဖွင့်လိုက်ချင်တာ  ကတော့ နှစ်ဖက်ခေါင်းဆောင်ကြီးများ ခင်ဗျာ။
ပြည်သူတွေကို သနားကြပါ၊ ထောက်ထား   ညှာတာကြပါခင်ဗျာ။
ခုချိန်မှတော့ သွေးချင်းတို့ရဲ့ ရတနာမြေ မှာ ယမ်းနံ့တွေဝေနေပါပြီလို့ ရတနာမြေ  ကို ခဏရောက်တဲ့ဧည့်သည်တစ်ယောက်  အနေနဲ့ ရေးသားလိုက်ရပါတယ်။
အထက်အပါအတိုင်းဆောင်းပါရဲ့  နိဂုံးချုပ်အပိုင်းရေးပြီးတဲ့အချိန် (၂၉.၈. ၂၀၁၂) ရက်နေ့ (ညနေ ၃ နာရီ) အချိန် မှာပဲ လက်နက်ကြီးပေါက်ကွဲသံတွေကြား ရပြီး တစ်ဆက်တည်းလက်နက်ငယ်ပစ်ခတ်  သံတွေလဲကြားလာရလို့စာရေးသူလည်း   တည်းခိုနေထိုင်တဲ့ ခုရုချောင်းဘေးအိမ် ကလေးနားက တောင်ကုန်းလေးပေါ် တက်ပြီး ညီညီတို့နဲ့ အတူ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေကြားရတဲ့ အနောက်ဘက် တောင်ကုန်းတွေဆီကို လှမ်းကြည့်နေရင်း  ဓာတ်ပုံရိုက်နေမိပါတယ်။ အဲဒီအချိန်မှာ ပဲ ၀ုန်း ကနဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံ နဲ့ အတူကျောက်ပျက်တူးဖော်ရေးကုမ္ပဏီ (……..)လုပ်ကွက်တစ်ခုက ဆောက်အဦးတွေ ၊ ဆီလှောင်ကန်တွေကို လက်နက် ကြီးထိမှန်ပြီး မီးလောင်နေတာ တွေ့ရပါတယ်။ ဆီလှောင်ကန်တွေ တန်းစီထားတာအလုံး(၃၀) လောက်တစ် လုံးပြီးတစ်လုံးဆက်လောင်နေလို့ မီးခိုး လုံးတွေနဲ့ မဲမှောင်နေပါတယ်။ ဒီကြားထဲ လက်နက်ကြီးသံတွေ ကြိုကြား၊ ကြိုကြား ပေါက်ကွဲနေပြီး လက်နက်ငယ်သံတွေ ကတော့ မိုးချုပ်တဲ့အထိမပြတ်ကြားနေရ ပါတယ်။ ညနေ(၅) နာရီခွဲလောက်မှာ ကြီးမားပြင်းထန်တဲ့ပေါက်ကွဲသံကြီးတစ်ခု ကြားရပြီးတစ်မြို့လုံးသိမ့်သိမ့်တုန်သွား ပါတယ်။ စာရေးသူတည်းခိုတဲ့အိမ်က မျက်နှာကျက်တစ်ချပ်လဲပေါက်ကွဲမှုတုန် အားကြောင့် ပြုတ်ကျ လာသလို မြို့ထဲက ခရစ်ယာန်ဘုရားကျောင်းတချို့က မှန်တွေ လဲပြုတ်ကျပြီးကွဲကုန်တယ်လို့ကြားရပါ တယ်။ ညဘက်(၃) နာရီလောက်မှာမိုး ရွာလို့ မီးတွေတော့ငြိမ်းလောက်ပြီးလို့ ထင်မိပေမယ့် မိုးလင်းထွက်ကြည့်လိုက် တော့ ကောင်းကင်မှာ မီးခိုးလုံးတွေ တလိပ်လိပ်တက်ပြီး လောင်နေတုန်းပါပဲ။(၂၇)ရက်နေ့ ကလဲကုမ္ပဏီတစ်ခုမီးလောင် ခဲ့ပါတယ်။
မနက်ပိုင်းဒုက္ခသည်စခန်းရောက် သွားတော့ ကိုမင်းအောင်ကမြို့ပေါ်မှာ ရှိတဲ့ သြဇာသက်ရောက်မှုရှိတဲ့ပုဂ်္ဂိုလ် ကြီးတွေနဲ့ လူမှုရေးအသင်းအဖွဲ့အစည်း အသီးသီးက ပုဂ်္ဂိုလ်တွေစုစည်းပြီး (ကချင်ပြည်နယ် ၊ ဖားကန့်ဒေသငြိမ်းချမ်း ရေးဖော်ဆောင်မှုကော်မတီ) ကိုဖွဲ့စည်း လိုက်ပြီး အဖွဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့ နောက်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရ အဖွဲ့ထံလိပ်မူပြီး (ဖားကန့်ဒေသတွင်း စစ်မက်ဖြစ်ပွားမှုရပ်တန့်ပေးပါရန် အသနားခံစာတင်ပြခြင်း ) ဆိုတဲ့ စာတစ်စောင်ပေးပို့လိုက်ကြောင်းပြောပြ ပါတယ်။ (၂၉.၈.၂၀၁၂) ရက်နေ့အထိ ဖားကန့်ဒေသမှာ ဖွင့်လှစ်ထားရတဲ့ ကယ်ရေးစခန်း (၃၁) ခုအထိရှိပြီး ၊ လူဦး ရေစုစုပေါင်း (၈၁၉၃) ယောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒုက္ခသည်ဦးရေက နေ့စဉ် တိုးနေပြီး သနားစရာကောင်းလှတဲ့ မူလတန်း၊ အလယ်တန်းကျောင်းသားလေး တွေ (၁၀၅၈) ယောက်ရှိနပါပြီး။
(စစ်ကိုဖန်တီနိုင်စွမ်းရှိသော စစ်ကို ငြိမ်းချမ်းနိုင်စွမ်းရှိသော ၊ နှစ်ဘက်ခေါင်း ဆောင်ကြီးများအနေနဲ့ ကချင်ပြည်နယ် တစ်ခုလုံး မှာရှိတဲ့ ဒုက္ခသည်တွေအတွက် လည်းစဉ်းစားပေးကြပါဦးလို့ အသနား ခံရေးသားလိုက်ရပါတယ်။
နိုင်ထက်ရှိန်(ဟင်္သာတ)
Hot News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1