Sunday, September 2, 2012

အေဗရီလာဗင်း Nickelback အဆိုတော် ချတ်ဒ်ခရိုဂါနှင့် စေ့စပ်

Ever November | 9/02/2012 10:16:00 AM | Best Blogger Tips

ကနေဒီယန် အဆိုတော်နှစ်ဦး ဖြစ်သည့် အေဗရီလာဗင်းနှင့် Nickelback အဖွဲ့၏ အဆိုရှင် ချတ်ဒ်ခရိုဂါတို့သည် သြဂုတ် ၂၂ ရက်တွင် စေ့စပ် လိုက်ကြကြောင်း သိရသည်။ People မဂ္ဂဇင်း၏ သတင်းဖော်ပြချက်အရ ၎င်းတို့နှစ်ဦးသည် မိမိတို့နှစ်ဦး၏ ချစ်ဇာတ်လမ်းကို လျှို့ဝှက်ထားခဲ့ပြီး စေ့စပ်ကြောင်း သတင်း ထုတ်ပြန် လိုက်ရာ ပရိသတ်များ အံ့သြခဲ့ရကြောင်း သိရသည်။
မဂ္ဂဇင်းက ခရိုဂါ (၃၇ နှစ်) သည် လာဗင်း (၂၇ နှစ်) အတွက် ၁၄ ကာရတ် အရည်အသွေးရှိ စိန်လက်စွပ်တစ်ကွင်း ပေးအပ်ကာ စေ့စပ်ရန် အဆိုပြုခဲ့ကြောင်း ဖော်ပြသည်။ ပလတ်တီနမ်ဖြင့် ပြုလုပ်ထားသော ယင်းစေ့စပ်လက်စွပ်မှာ တန်ကြေးဒေါ်လာ ၃၅၀,၀၀၀ ခန့် ရှိနိုင်ကြောင်း ကျောက်မျက် ကျွမ်းကျင်သူ မိုက်ကယ်အိုကွန်းနား၏ အဆိုကို ကိုးကား၍ ယူအက်စ် အပတ်စဉ်စာစောင်က ဖော်ပြသည်။ ၎င်းတို့ နှစ်ဦးသည် အေဗရီလာဗင်း၏ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ်အတွက်ပူးတွဲအလုပ်လုပ်ခဲ့ရာမှချစ်ကြိုက်ခဲ့ခြင်း ဖြစ်သည်။ ရော့ခ်အဆိုတော်မလေး အေဗရီ
လာဗင်းသည် ၂၀၀၆ မှ ၂၀၁၀ အထိ ကနေဒီယန်ပန့်ခ်ရော့ခ် ဂီတအဖွဲ့ Sum 41 ၏ အဆိုတော်ဂစ်တာသမား ဒဲရစ်ဝစ်ဘလေနှင့် လက်ထပ်ခဲ့ဖူးသည်။ ခရိုဂါနှင့် လာဗင်းတို့သည် ၎င်းတို့ လက်ထပ်မည့် ရက်ကိုမူ မကြေညာသေးဟု သိရသည်။
Ref: Starpulse
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1