Sunday, September 2, 2012

စမတ်ဖုန်း ဈေးကွက်တွင် ဆမ်ဆောင်းဂလက်စီ စီးရီးများ ထိပ်ဆုံးက နေရာယူ

Ever November | 9/02/2012 10:21:00 AM | Best Blogger Tips

နိုင်ငံတကာ Smart ဖုန်းများတွင် ဆမ်ဆောင်း အမှတ် တံဆိပ်၏ ဂလက်စီစီးရီး (Glaxy Series) များက ပြည်တွင်း ဈေးကွက် အတွင်း ထိပ်ဆုံးက ဦးဆောင် လျက် ရှိကြောင်း စုံစမ်း သိရှိရသည်။
ကျပ်တစ်သိန်းကျော် ဝန်းကျင်ဖြင့် စမတ်ဖုန်းတစ်လုံး အသုံးပြုနိုင်ခြင်းကြောင့် လည်းကောင်း၊ နည်းပညာမြင့် application များစွာ ပါဝင်ခြင်းကြောင့် လည်းကောင်း ဆမ်ဆောင်း၏ ဂလက်စီစီးရီးများက လူကြိုက်များနေရခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဈေးကွက်မှ ဈေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။ ယခုကဲ့သို့ Andorid OS ဗားရှင်းဖြစ်သည့် ဆမ်ဆောင်း မိုဘိုင်းဖုန်းများသည် ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်း များ ပေါ်ထွက် လာပြီး နောက်ပိုင်း ဈေးကွက်အတွင်း ထိပ်ဆုံးသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
“ဆမ်ဆောင်းကို လူတွေ တအားကြိုက်နေတယ်။ အဓိကက သူ့ရဲ့ဈေးနှုန်းပဲ။ တစ်သိန်းကျော်ကနေ ငါးသိန်းနီးပါးအထိရှိပြီး စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် အများကြီး ရှိတယ်။ တစ်သိန်းလောက်နဲ့ စမတ်ဖုန်းတစ်လုံး သုံးနိုင်တဲ့အချက်က အဓိကပါပဲ” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုလက်ရှိ ပြည်တွင်း မိုဘိုင်းဈေးကွက်တွင်းသို့ ဝင်ရောက်လျက်ရှိသော ဆမ်ဆောင်းဖုန်းများတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ပစ္စည်းများက တရုတ်နိုင်ငံ ဘက်မှ တင်သွင်း လာသည့် ဖုန်းများထက် ပိုမိုကောင်းမွန်ပြီး သုံးစွဲသူလည်း ပိုများကြောင်း သိရသည်။ “ဆမ်ဆောင်းရဲ့ ဂလက်စီစီးရီးက သုံးရတာ အဆင်ပြေတယ်။ ပုံရဲ့ ရုပ်ထွက်အား အရမ်းကောင်းတယ်။ အင်တာနက်သုံးရတာလည်း အဆင်ပြေတယ်။ တစ်ခါတလေ အားသွင်းထားရင် ပူလာတာတော့ ရှိတယ်” ဟု ဆမ်ဆောင်း ဂလက်စီစီးရီး ဟန်းဆက်အသုံးပြုသူ အမျိုးသားတစ်ဦးက ဆိုသည်။ ပြည်တွင်းမိုဘိုင်းဈေးကွက်၏ လက်တလော ဦးဆောင်နေသည့် ဆမ်ဆောင်းနောက်၌ Apple အမှတ်တံဆိပ် iPhone စီးရီးများနှင့် Android OS သုံး Huawei ဖုန်းများက ဒုတိယနေရာမှ လိုက်နေကြောင်း ဈေးကွက် လေ့လာသူများက ဆိုကြသည်။
ယုဇနကိုကို၊ ခိုင်ချို 
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1