Wednesday, September 5, 2012

မြောက်ကိုရီးယား နိုင်ငံတွင် ဘိုလာဗန် မုန်တိုင်း တိုက်ခတ် ၄၈ ဦး သေဆုံး

Ever November | 9/05/2012 02:29:00 PM | Best Blogger Tips
မြောက် ကိုရီးယား နိုင်ငံတွင် ဘိုလာဗန် မုန်တိုင်း တိုက်ခတ် မှုကြောင့် ၄၈ ဦး သေဆုံး ခဲ့ပြီး ၅ဝ ကျော် ပျောက်ဆုံး သို့မဟုတ် ဒဏ်ရာရလျက် ရှိကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
ထို့အပြင် အဆိုပါ မုန်တိုင်း တိုက်ခတ်မှု ဒဏ်ကြောင့် လူဦးရေ ၂၁ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အိမ်ခြေ ၆၅ဝဝ ကျော် ပျက်စီးခဲ့ ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း ဌာန၏  ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

ထို့အပြင် မုန်တိုင်း ဒဏ်ကြောင့် သစ်ပင် ၁၆၇ဝဝ ကျော် ပြိုလဲခဲ့ပြီး စက်ရုံ  နှင့် ပြည်သူပိုင် အဆောက်အအုံ ၈၈ဝ ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း၊ ၎င်းအပြင် လယ်မြေ ဟတ်တာ ၅ဝဝဝဝ နီးပါး ပျက်စီးခဲ့ပြီး ကောက်ပဲ သီးနှံများ စိုက်ပျိုး ထားသော လယ်မြေ ဟတ်တာ ၄၅၃ဝဝ ခန့်  ဆုံးရှုံးခဲ့ ကြောင်းသိရသည်။   

မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1