Wednesday, September 5, 2012

ဇာတ်ကားတွေ သိပ်မထွက်ရှိခြင်းအပေါ် မေသက်ခိုင် ရှင်းပြ

Ever November | 9/05/2012 02:55:00 PM | Best Blogger Tips

လတ်တလောမှာ မေသက်ခိုင်က ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ 'ရင်တွင်း မေတ္တာ' ဇာတ်ကားမှာ မောင်၊ စိုးမြတ်သူဇာ တို့နဲ့အတူ သ ရုပ်ဆောင်နေ ပါတယ်။ ဒီ ဇာတ်ကားလေးက မိသားစု ဒရာမာ ဇာတ် လမ်းလေးဖြစ် ပြီး မေသက်ခိုင်က KTV မှာ အလုပ်လုပ်နေတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ပြီး မောင်ရဲ့ ရည်းစားအဖြစ် သရုပ်ဆောင်ထားပါတယ်။ KTV က ကောင်မလေးနေရာက သရုပ်ဆောင်ရပေမယ့် ပရိသတ်တွေ မ ကြိုက် မှာတော့ စိုးရိမ်စိတ် မရှိကြောင်း၊ မေသက်ခိုင်က လာငှားတဲ့ သူတွေ က လည်း သူနဲ့လိုက်မယ့် ဇာတ်ကိုပဲ လာငှားကြကြောင်း လည်း ပြောပြပါ တယ်။ " ဇာတ်လမ်းကတော့ ကိုယ်နဲ့ လိုက်မယ် ဆိုတဲ့ဇာတ်ကို ပိုပြီးရွေး ချယ်ဖြစ် ပါတယ်။ ကိုယ်လည်း စိတ်ဝင်စားပြီး ပရိသတ်လည်း ကြိုက်မယ့် ဇာတ်လမ်း ကို ရိုက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မကို ငှားမယ့်ဇာတ် ကလည်း မလိုက်မယ့် ဇာတ်ဆိုရင် မငှားပါဘူး။ ကိုယ်နဲ့ အဆင်ပြေပြီး ကိုယ်လုပ်နိုင် မယ့် ဇာတ်ကိုပဲ လာငှားကြတာပါ။ ဟာသကား ကတော့ လူကို ရယ်အောင် လုပ်ရတာ ဆိုတော့ ပလော့နဲ့ ဆိုင်သွားတယ်။ ကိုယ်တွေ အခုအချိန်မှာ ရိုက် ပြီး မြန်မြန် ထုတ်နိုင်မှ။ နောက်မဟုတ်ရင် ဒီပလော့တွေကို ပရိသတ်က သိပြီး သားဆိုရင် ဘယ်လိုမှ မရယ်နိုင်ဘူး။ ဒရာမာကျတော့ ပရိသတ် ရင်ထဲ လည်း ရောက်တယ်။ အပြင်မှာ လည်း ဒီလိုဘဝမျိုးတွေ ရှိတယ်ဆိုတော့ ကိုယ် ကိုယ်တိုင်လည်း သရုပ်ဆောင်ရတာ ကောင်းတယ်။ သမီးအနေနဲ့က ဒရာမာပဲ အားသာတယ်" လို့ ပြောပါတယ်။ ဇာတ်ကားတွေတော့ ဆက်တိုက် ရိုက်ဖြစ်နေတဲ့ မေသက်ခိုင်က ပရိသတ်တွေရှေ့ကို သူ့ရဲ့ဇာတ်ကားတွေ သိပ်မရောက် တာကတော့ " ဇာတ်ကားက တော့ တောက်လျှောက် ရိုက်ဖြစ်နေ ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကား ထွက်ခြင်း၊ မထွက် ခြင်းက သူတို့နဲ့ ဆိုင်တယ်။ အဓိကကတော့ ဗီဒီယိုလောကရဲ့အခြေအနေပေါ့။ အခြေအနေ မကောင်းရင် ပရိုဂျူဆာတွေမထုတ် ကြဘူး။ အဲဒီလို ဖြစ်ရင် ဇာတ်ကား မ ထွက်ဘူး။ အခုဆိုရင်မင်းသား အသစ်တွေ က အစရိုက်ပြီးသား အခွေတွေ ကို လက်ထဲမှာပဲ ပိုက်မိနေတယ် ဘယ်လိုမှမထုတ်နိုင်ဘူး။ အဲဒီအတွက် မ ထွက်သေးတာပဲ ဖြစ်လိမ့်မယ်။ ကျွန်မအတွက်ကတော့ ကားရိုက်က အဓိက ပဲလေ။ ကားတွေတော့ ဆက်တိုက် ရိုက်ဖြစ်နေပါတယ်" လို့ မေသက်ခိုင် ပြောပြပါ တယ်။

တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1