Wednesday, September 5, 2012

ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေကြောင်း စုံစမ်းရေး အဖွဲ့က ပြောကြား

Ever November | 9/05/2012 03:03:00 PM | Best Blogger Tips

အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးသို့ အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ လာရောက်ခြင်း မရှိခြင်းမှာ ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေခြင်းသာ ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရေး အဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)မှ မေးမြန်းရာ စုံစမ်းရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းမြင့် (ပုသိမ်)က ခုံရုံး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် က “စက်တင်ဘာလ ၃ ရက်နေ့ တွင် လွှတ်တော်သို့ လာရောက် အစစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း စွပ်စွဲခံရသူ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လာရောက် စစ်ဆေးခံခြင်း မရှိခဲ့ကြောင်း၊ ယင်းနေ့တွင် လွှတ်တော် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ကန့်ကွက်ကြောင်း” တရား လွှတ်တော်ချုပ်သို့ စာချွန်တော် ပေးပို့ထားသဖြင့် စုံစမ်း စစ်ဆေးရေးကို ဆိုင်းငံ့ထားပါရန် ခုံရုံးမှ လွှတ်တော်သို့ အကြောင်းကြားစာ ပြန်လည် ပေးပို့ခဲ့ကြောင်း၊ စွပ်စွဲခံရသူများ အပေါ် သဘောထားကြီးစွာဖြင့် စစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌအား ပြောင်းလဲကာ ထပ်မံ ဆင့်ခေါ် ခဲ့သော်လည်း လာရောက်ခဲ့ခြင်း မရှိသည့်အတွက် စွပ်စွဲ ခံရသူများ၏ အပြုအမူများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်သည်ကို မခန့်လေးစား လုပ်သကဲ့သို့ ဖြစ်နေကြောင်း၊ ထို့ကြောင့် စုံစမ်း စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာကို ဆက်လက် ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ခံယူသွားမှာ ဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စုံစမ်း စစ်ဆေးရေး အဖွဲ့အား မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်းများသည် အရေးကြီးသော ဖြေကြားမှုများ ဖြစ်သဖြင့် လွှတ်တော် ကိုယ်စားလှယ်များ သာမက နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ သိရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည့် အချိန်ဖြစ်ကြောင်း လွှတ်တော်ရေးရာ ကော်မတီများ၏ မေးမြန်း ဖြေကြားမှုများကို ပြည့်စုံစွာ ဖော်ပြပေးရန် လွှတ်တော်က တိုက်တွန်းကြောင်းနှင့် လွှတ်တော်၏ တိုက်တွန်းချက်ကို မျက်ကွယ်ပြုခြင်း၊ အလေးမမူပြုခြင်းတို့ကို မဖြစ်စေရန် ထပ်လောင်း ပြောကြားသည်။ 
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1