Wednesday, September 5, 2012

ပြင်သစ်နိုင်ငံတွင် အလုပ်လက်မဲ့ သုံးသန်းကျော်ရှိ

Ever November | 9/05/2012 09:37:00 AM | Best Blogger Tips

ပြင်သစ်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေသည် ယခုအခါ သုံးသန်းကျော်အထိ မြင့်တက်လျက်ရှိကြောင်း အလုပ်သမားရေးရာဝန်ကြီး မစ်ရှဲဆာပင်က စက်တင်ဘာ၂ရက်တွင် ပြောကြားသည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဇူလိုင်လအတွင်း အလုပ်လက်မဲ့ဦးရေ ၂ ဒသမ ၉၉ သန်းခန့်ရှိခဲ့ပြီး လာမည့်နှစ်တွင် အလုပ်လက်မဲ့များ မည်မျှတိုးလာနိုင်သည်ကိုမသိရှိနိုင်ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။ ပြင်သစ်နိုင်ငံရှိ မော်တော်
ကား ကုမ္ပဏီများဖြစ်သည့် Peugeot, Citroen နှင့် အခြားကုမ္ပဏီများသည် လွန်ခဲ့သည့်လများအတွင်းက အလုပ်သမား အရေအတွက်ကို လျှော့ချခဲ့ရာ ပြည်သူထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1