Wednesday, September 5, 2012

မြန်မာ SEA Game တွင် ဗီယက်နမ်ရိုးရာဗိုဗီနမ်သိုင်းအား ထည့်သွင်းယှဉ်ပြိုင်မည်

Ever November | 9/05/2012 09:22:00 AM | Best Blogger Tips
မြန်မာ့နိုင်ငံတွင်ကျင်းပပြုလုပ်မည့်(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  နိုင်ငံကိုယ်
စားပြုအနေဖြင့်ယခင်ကတစ်ကြိမ်တစ်ခါမျှယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိသည့်ဗီယက်နမ်ရိုးရာသိုင်းအားကစားနည်း
တစ်ခုကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အားကစား သမားများက  ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
''ဗီယက်နမ်ရိုးရာ သိုင်းအားကစားနည်းကို မြန်မာအားကစားသမားတွေအနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ဒီကစားနည်းကလည်းမြန်မာ့ရိုးရာ ဗန်တိုအားကစားနည်းနဲ့ တော်တောလေးတူတယ်။''ဟု မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ဗီယက်နမ်ရိုးရာ ဗိုဗီနမ်သိုင်းအားကစားနည်းမှာ မြန်မာ့ရိုးရာ ဗန်တိုသိုင်းအားကစားနည်းနှင့်များစွာ ဆင်တူပြီး အဆိုပါကစားနည်းအား (၂ဝ၁၃)ခုနှစ် တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇ကြိမ်မြောက်)အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုဗီနမ်နှင့် ဗန်တိုသိုင်းအားကစားနည်းများတွင် လက်နက်မဲ့တိုက်ခိုက်ခြင်းနှင့် လက်နက်ဖြင့် တိုက်ခိုက်ခြင်းဟူသော ကစားနည်းများပါဝင်ကာ လက်သီး၊တံတောင်၊ဒူး၊ ခြေထောက်များ အသုံးပြုရသော သိုင်းအားကစားနည်းဖြစ်သည်။
''အောင်ဆန်းမှာကျင်းပမယ့် ဗန်တိုပွဲကနေ ထူးချွန်တဲ့သူတွေကို ဆီးဂိမ်းမှာပါမယ့် ဗိုဗီနမ်ပြိုင်ပွဲကို ဝင်ပြိုင်ခိုင်းမှာပါ။ အားကစားဝန်ကြီးဌာနနဲ့ သိုင်းအဖွဲ့ချုပ်ကလည်း ရွှေတံဆိပ်ဆုတွေရအောင် အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမှာပါ'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ စက်တင်ဘာလ (၂၂)ရက်နေ့တွင် အောင်ဆန်းအားကစားဝန်း မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပပြု လုပ်မည့် ဗန်တိုတံခွန်စိုက်ပြိုင်ပွဲမှ ထူးချွန်အားကစားသမား (၅ဝ) ခန့်အား စီစစ်ရွေးချယ်ပြီး ဗိုဗီနမ်သိုင်းအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်စေရန် စခန်းသွင်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သော (၂၆)ကြိမ်မြောက်ဆီးဂိမ်းတွင် ဗိုဗီနမ်အားကစားနည်းကို စတင် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုစဉ်အခါက မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ ဝင် ရောက်ယှဉ်ပြိုင်ခဲဘူ့းခြင်း မရှိပေ။
ဗိုဗီနမ်သိုင်းကစားနည်းသည် ၁၉၃၉ ခုနှစ်ကတည်းက ဗီယက်နမ်နိုင်ငံတွင်ခေတ်စားခဲ့သော ရိုးရာ သိုင်းကစားနည်းဖြစ်ပြီး အပြာရောင်ဝတ်စုံတွင်ကျွမ်းကျင်မှုအလိုက် ခါးပတ်အဆင့် (၁၇)ဆင့် သတ်မှတ်ထားသော ကိုယ်ခံပညာကစားနည်းဖြစ်ကာ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း (၃ဝ)ကျော်တွင် ကစားနေကြောင်းကိုလည်း သိရသည်။
စည်သူနိုင် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1