Wednesday, September 5, 2012

ဆောင်သမ်တန်အသင်းနှင့် ပွဲစဉ်မှ အသင်း၏ နောက်တန်းကစားပုံကို စိတ်ပျက်နေသည့် ဗီဒစ်

Ever November | 9/05/2012 08:56:00 AM | Best Blogger Tips
အသင်း၏ နောက်တန်း ကစားပုံပေါ် စိတ်ပျက်နေသည့် ဗီဒစ်
မန်ယူ အသင်း၏ နောက်ခံလူ ဗီဒစ်သည် ဆောက်သမ်တန် အသင်းအား အနိုင်ရခဲ့သည့် ပွဲစဉ်မှ အသင်း၏ နောက်တန်း ကစားပုံကို စိတ်ပျက်နေပြီး လာမည့် ပွဲအနည်းငယ် အတွင်း ကစားပုံ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
မန်ယူ အသင်းသည် အဓိက ဗဟိုနောက်ခံလူ အတွဲ ဖြစ်သည့် ဖာဒီနန် နှင့် ဗီဒစ်တို့ နှစ်ဦးကို ပြန်လည် ပွဲထုတ်ခွင့် ရခဲ့သော်လည်း ဂိုးမပေးရရန် အတွက် မတတ်နိုင်ခဲ့ပဲ ဆောက်သမ်တန် အသင်း၏ သွင်းဂိုး (၂)ဂိုးကို ခွင့်ပြုခဲ့ရသည်။
“ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ကျွန်တော်တို့ နှစ်ဂိုးပေးခဲ့ရပြီး အဲဒီအပေါ်မှာ လုံးဝကျေနပ်မှု မရှိပါဘူး”ဟု ဗီဒစ်မှ ယင်း၏ခံစားချက်အား ဖွင့်ဟ ပြောဆိုခဲ့သည်။
ဗီဒစ်မှ ဆက်လက်ပြီး အသင်း၏ ကစားသမားများမှာ ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့ပြီး ကြံ့ခိုင်မှု ပြန်လည် တည်ဆောင်နေရခြင်းနှင့် တွဲဖက်ညီရန် အတွက် ပြန်လည် ကြိုးစားနေရခြင်းများကြောင့် ယခုလို ဖြစ်ရခြင်း ဖြစ်ပြီး လာမည့် ပွဲအနည်းငယ် အတွင်း ယခု ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1