Wednesday, September 5, 2012

ဆယ်ကျော်သက်တွေ သောက်စားနေမယ့် အစား သီချင်းတွေကို စိတ်ဝင်စား စေချင်တယ် တေလာဆွဖ်(စ်)

Ever November | 9/05/2012 09:34:00 AM | Best Blogger Tips

ဂရမ်မီ ဆုရှင် ကန်းထရီး တေးရေး အဆိုတော် တေလာဆွဖ် (စ်)ကို အမေရိကန် ပြည်ထောင်စု ဝင်ဆာ ဗေးနီးယားပြည်နယ် ရီဒင်းမြို့တွင် ၁၉၈၉ခု ဒီဇင်ဘာလ ၁၃ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ ဘဏ်၏ ဘဏ္ဍာရေး အကြံပေး ဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ငွေကြေးဆိုင် ရာဈေးကွက်အရာရှိဖြစ်သည်။ တေ လာဆွဖ်(စ)၏ ငယ်နာမည်မှာ အဆို တော်ကြီးဂျိမ်း(စ်)တေလာ၏နာမည် ကိုယူ၍ မှည့်ထားခြင်း ဖြစ်သည်။
အ နုပညာလုပ်ငန်းတွင် ယောကျာ်း၊ မိန်းမ နှစ်မျိုးပါဝင်သောနာမည်ဖြင့် အောင်မြင်မှုရနိုင်လိမ့်မည်ဟုမိခင် ကယူဆပြီးပေးခဲ့သောနာမည်ဖြစ် သည်။ တေလာဆွဖ်(စ)သည် ၂၀၁၂၊ ၂၀၁၂တွင် ကန်းထရီးတေး ဂီတအဖွဲ့ကြီး၏ တေးရေး၊ တေးဆို ဆုများရခဲ့သည်သာမက ၂၀၁၂ တွင် " Mean "သီချင်းဖြင့် အ ကောင်းဆုံးကန်းထရီးသီချင်းဆုနှင့်အကောင်းဆုံးတစ်ကိုယ်တော်ကန်း ထရီးသီချင်းတင်ဆက်မှုဂရမ်မီဆုရ ရှိခဲ့သည်။
“တေးချစ်သူပရိသတ် ဟာကမ္ဘာပေါ်မှာ ကျွန်မရဲ့အနှစ် သက်ဆုံးလူတွေဖြစ်ကြပါတယ်။ သူ ငယ်ချင်းတွေနဲ့ တေးချစ်သူတွေရယ် လို့ သီးခြားခွဲခြားတဲ့အနုပညာရှင် တွေထဲမှာ ကျွန်မ မပါဝင်ချင်ဘူး” လို့ ပြောသည်။
“ကျွန်မရဲ့ဖျော်ဖြေ ပွဲပြီးသွားတဲ့အခါ ပရိသတ်တွေနဲ့ အတူ စကားတွေပြောတာ သူတို့ နဲ့လျှောက်သွားတာမျိုးတွေလုပ် တယ်။ ဖျော်ဖြေပွဲမစခင်မှာလည်း သူတို့နဲ့ တရင်းတနှီးဆက်ဆံပါ တယ်။ တကယ်လို့ ကုန်မျိုးစုံဆိုင် ကြီးတွေမှာ ပရိသတ်တွေနဲ့တွေ့ရင် ဆယ်မိနစ်လောက်တော့ သူတို့ကို အချိန်ပေးပြီး စကားပြောတယ်”။ ဂီတနဲ့ပတ်သက်ပြီး “ဂီတဆိုတာ ကျွန်မအတွက် အစဉ်အမြဲတောက် ပနေတဲ့အလင်းရောင်ပါ။
ကမ္ဘာပေါ်မှာ ကျွန်မအနှစ်သက်ဆုံးက ဂီတပဲ။ ဂီတကို တစ်စက္ကန့်လောက် ရပ်ပစ်လိုက်မယ်ဆိုရင် ကျွန်မအ တွက် အခက်ကြုံသွားလိမ့်မယ်”။ သီချင်းရေးတာနဲ့ပတ်သက်ပြီး “ကျွန်မသီချင်းတွေရေးတာက နေ့ စဉ်ဒိုင်ယာရီရေးမှတ်သလိုပါပဲ။ ကျွန်မရဲ့သီချင်းတွေမှာ ကျွန်မရဲ့တ ကယ့်ခံစားချက်တွေထည့်ရေးရမှာ ကို စိုးရိမ်စိတ်မရှိပါဘူး”။
အချစ်နဲ့ ပတ်သက်ပြီး “အချစ်နဲ့ပတ်သက်ရင် စည်းမျဉ်းတွေ၊ ဥပဒေတွေဆိုတာမ ရှိပါဘူး။ အချစ်ဆိုတာ အဆုံးမှာ အစနဲ့မတူဘူး။ ကွဲပြားခြားနား တယ်။ အစမှာလည်း အဆုံးနဲ့မတူ ပြန်ဘူး။ အထူးသဖြင့် ကျွန်မအ တွက်ပေါ့”။ လူငယ်တွေကိုအကြံပြု ရာမှာ “ဆယ်ကျော်သက်တွေအနေ နဲ့ မူးယစ်ဆေးဝါးတွေ အရက်သေ စာတွေလုပ်မယ့်အစား သီချင်းတွေ ကိုပိုပြီးစိတ်ဝင်စားစေချင်တယ်”။
ကလောင် - ကျော်ဌေး(ဘီအေစီ)
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1